လက်စ်ဗီးဂက်စ်မြို့မှာ
ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၅ လူသုံးကုန် အီလက်ထရွန်နစ်ပြပွဲမှာ
မိုဘိုင်းထုတ်ကုန် ကုမ္ပဏီများက ၎င်းတို့ရဲ့ စမတ်ဖုန်းသစ်တွေကို
မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီနှစ်မှာ LG, HTC တို့ရဲ့ ဟန်းဆက်သစ်များအပြင် Kodak
ရဲ့ ဟန်းဆက်သစ်ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
CES 2015 မှာ LG က G Flex 2 ကို
မိတ်ဆက်ပြသခဲ့ပါတယ်။ ကွေးညွှတ်တဲ့ ကိုယ်ထည်အပြင် Snapdragon 810 နဲ့ 1080p
display တို့လို အရည်အသွေး မြင့်မားတဲ့ spec တွေ ပါဝင်လာပါတယ်။
အာရှမှာ ရောင်းချမယ့် HTC Desire 826
မှာ “ultrapixel” front-facing ကင်မရာ ပါဝင်လာပါတယ်။ ဒါ့အပြင် အဆိုပါ ၅.၅
လက်မဖုန်းမှာ octa-core ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ ဒီဖုန်းကို
ယခုလကုန်ပိုင်းမှာ ဖြန့်ချိဖို့ရှိပါတယ်။
Lenovo P90 ဟာ Intel ရဲ့ Z3560
ပရိုဆက်ဆာ (quad-core 1.8GHz 64-bit chip) ကို အသုံးပြုထားတဲ့ ပထမဦးဆုံး
ဟန်းဆက်ဖြစ်ပါတယ်။ 4G LTE modem ပါဝင်ပြီး အရွယ်ကြီးမားတဲ့ 4,000mAh
ဘက်ထရီကို အသုံးပြုထားပါတယ်။ ဒီဟန်းဆက်ကို ယခုနှစ် ဖေဖော်ဝါရီလမှာ
စတင်ရောင်းချဖို့ စီစဉ်ထားပါတယ်။
S Pro 2 hybrid image projector/Wi-Fi
hotspot ကို မိတ်ဆက်ပြသခဲ့တဲ့ ZTE ဟာ Grand X Max+ လို့ခေါ်တဲ့
စမတ်ဖုန်းသစ်ကို ပွဲထုတ်ခဲ့ပါတယ်။ US မိုဘိုင်းဝန်ဆောင်မှု Cricket Wireless
မှတစ်ဆင့် ရောင်းချမယ့် အဆိုပါဖုန်းမှာ ၆ လက်မ HD display နဲ့ 5-megapixel
wide-angle front-facing ကင်မရာတို့ပါဝင်ပါတယ်။
Alcatel OneTouch Pixi 3 ကို 3G နဲ့
4G LTE အပြင် Android, Windows Phone, Firefox တို့ဖြင့်ပါ ရရှိနိုင်ပါတယ်။
ဒါ့အပြင် display အမျိုးမျိုးနဲ့ ရွေးချယ်စရာ ပရိုဆက်ဆာ
အမျိုးမျိုးနဲ့လည်း ရရှိနိုင်ပါတယ်။
Kodak ကလည်း CES 2015 ပြပွဲမှာ
ဟန်းဆက်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ စမတ်ဖုန်းကို
စတင်သုံးစွဲသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး ၎င်းကို Bullitt က
ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ၅ လက်မ ထုတ်ကုန်မှာ အလွယ်တကူ
သိရှိနားလည်ပြီး အသုံးပြုနိုင်မယ့် interface ပါဝင်သလို 13-megapixel
ကင်မရာနဲ့ Android 4.4 ကို အသုံးပြုထားပါတယ်။ ဒီဖုန်းကို ယခုနှစ်
ပထမသုံးလပတ်အတွင်း ဥရောပမှာ စတင်ရောင်းချပါလိမ့်မယ်။
Vibe X2 Pro မှာ 1080p display အပြင်
64-bit Snapdragon octa-core ပရိုဆက်ဆာနဲ့ 13-megapixel ကင်မရာတို့
ပါဝင်ပါတယ်။ ဒီဖုန်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက flash accessory ပါ။
Vibe Xtension Selfie Flash လို့ခေါ်တဲ့ အဆိုပါ flash accessory ကို
ဖုန်းရဲ့ ၃.၅ မီလီမီတာ နားကြပ်ပေါက်မှာ တပ်ဆင်ပြီး selfie ဓာတ်ပုံတွေကို
အလင်းကောင်းကောင်းနဲ့ ရိုက်နိုင်ပါတယ်။
လက်တင်အမေရိကမှာ ရောင်းချမယ့် Alcatel
OneTouch Hero 2C ကိုလည်း CES 2015 မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ Hero 2C ဟာ 4G
အသုံးပြုနိုင်တဲ့ phablet ဖြစ်ပြီး quad-core ပရိုဆက်ဆာနဲ့ Android 4.4
KitKat ကို အသုံးပြုထားပါတယ်။
ဇိမ်ခံစမတ်ဖုန်းကို
နှစ်သက်သူများအတွက် ဒေါ်လာ ၆,၀၀၀ တန် စမတ်ဖုန်းဖြစ်တဲ့ 88 Tauri ဖုန်းကို
CES 2015 မှာ ပြသခဲ့ပါတယ်။ စတီးလ်၊ သားရေတို့နဲ့ ပြုလုပ်ထားပြီး 1080p
display နဲ့ quad-core ပရိုဆက်ဆာတို့လို အရည်အသွေးမြင့် spec တွေ
ပါဝင်ပါတယ်။ ဒီထုတ်ကုန်ကို အရည်အသွေးမြင့် ထုတ်ကုန်တွေရောင်းချတဲ့
စတိုးများနဲ့ အွန်လိုင်းမှာ ဝယ်ယူနိုင်ပါတယ်။
V-squared လို့အသံထွက်ခေါ်ဆိုတဲံ
Saygus V2 ဟာ ရေစိုဒဏ်ခံနိုင်တဲ့ စမတ်ဖုန်းတစ်ခု ဖြစ်ပါတယ်။ Gorilla Glass 4
ကို အသုံးပြုထားပြီး microSD card slot နှစ်ခု ပါဝင်တာကြောင့် 256GB အထိ
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် 21-megapixel ကင်မရာနဲ့
13-megapixel front ကင်မရာတို့ကို optical image stabilization နဲ့
ရိုက်ကူးနိုင်ပါတယ်။ Harman Kardon အသံနည်းပညာနဲ့ IR blaster, fingerprint
scanner, 60GHz mobile transceiver စတာတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။
ဘက်ထရီနဲ့ ပတ်သက်ပြီး လူသိများတဲ့
Engergizer ကလည်း အကြမ်းခံတဲ့ စမတ်ဖုန်းတစ်မျိုးကို ပွဲထုတ်ခဲ့ပါတယ်။
Energizer Energy 500 (ဘယ်) နဲ့ 400 (ညာ) တို့မှာ Android 4.4 ကို
အသုံးပြုထားပါတယ်။ ဖုန်ဒဏ်နဲ့ ရေစိုဒဏ်ခံနိုင်ပြီး 3,000 mAh နှင့် 2,500
mAh အသီးသီး အသုံးပြုထားပါတယ်။
Yezz Andy 5S နဲ့ Billy 5S မှာ
13-megapixel ကင်မရာ၊ ၅ လက်မ 1080p display နဲ့ quad-core Snapdragon S400
ပရိုဆက်ဆာတို့ကို အသုံးပြုထားပါတယ်။ သို့သော်လည်း Yezz Andy 5S မှာ Android
5.0 Lollipop ကို အသုံးပြုထားပြီး ကျန်တစ်ခုမှာတော့ Windows Phone ကို
အသုံးပြုထားပါတယ်။
Yess 3.5 နဲ့ 4 ဟန်းဆက်တွေမှာ Firefox
mobile OS ကို အသုံးပြုထားပါတယ်။ ဈေးသက်သာတဲ့ အဆိုပါ entry-level
ဟန်းဆက်တွေမှာ 2-megapixel ကင်မရာ၊ single-core 1GB ပရိုဆက်ဆာနဲ့ HSPA+
လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။
Honor 6 Plus မှာ ၅.၅ လက်မ display
ကို အသုံးပြုထားပါတယ်။ သတ္တုကိုယ်ထည်နဲ့ ဒီဇိုင်းပြုလုပ်ထားပြီး 3,600mAh
ဘက်ထရီကို အသုံးပြုထားပါတယ်။ ကျောဘက်မှာ ကင်မရာနှစ်ခုပါဝင်ပြီး
အရှေ့ဘက်မှာတော့ 8-megapixel ကင်မရာကို တပ်ဆင်ပေးထားပါတယ်။
CES 2015 ပြပွဲမှာ Huawei က sapphire
screen ပါဝင်တဲ့ Ascend P7 စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်းဟန်းဆက်မှာ ၅
လက်မ screen နဲ့ quad-core ပရိုဆက်ဆာအပြင် 2,500mAh ဘက်ထရီကို
အသုံးပြုထားပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းကိုလည်း မပြောင်းလဲဘဲ ယခင်အတိုင်း
ပါးလွှာတဲ့ဒီဇိုင်းအသွင် ပြုလုပ်ထားပါတယ်။
Internet Journal






0 comments:
Post a Comment