Samsungသည်ကျစ်လျစ်လှပစွာတည်ဆောက်ထားပြီးလက်တွေ့ကျ၍ ခေတ်မှီလှသည့် ဒီဇိုင်းနည်းပညာများဖြင့် ပေါင်းစပ်ဖန်တီးထားသောGalaxy A5 နှင့် Galaxy A3 စမတ်ဖုန်းများကို လူအများစုလက်လှမ်း မှီစေမည့် ဈေးနှုန်း များဖြင့် ရောင်းချတော့မည်ဖြစ်ပါသည်။
Samsung Electronics က ( ဇန်နဝါရီ ၈ ရက် )တွင် ၎င်းတို့၏ ထုတ်ကုန်သစ် တစ်ခုဖြစ်သည့် Galaxy A Series စမတ်ဖုန်းများကို စတင်မိတ်ဆက်ခဲ့ပါသည်။ Galaxy A5 နှင့် Galaxy A3 စမတ်ဖုန်းများကိုဖုန်းများသည် တန်ဖိုးသင့်တင့်၍ အရည်အသွေးကောင်းမွန်ကာမိုဘိုင်းဖုန်းအတွေ့အကြုံများကိုသုံးစွဲသူများထံယူဆောင်လာမည်ဖြစ်သည်။ ပါးလွှာ၍ ကျစ်လစ်လှပသည့် သတ္တုကိုယ်ထည်၊ ကိုင်တွယ်ရလွယ်ကူ၍သက်သောင့်သက်သာရှိစေမည့်အရွယ်အစား၊ ပြည့်စုံကောင်းမွန်လှသည့်
Selfieကင်မရာ၊ရိုးရှင်းလှပသည့်ဒီဇိုင်းများနှင့်အတူပွဲထွက်လာခဲ့ပါသည်။
စွဲဆောင်မှုရှိ၍အသုံးပြုရအဆင်ပြေလွယ်ကူလှသောGalaxy A5 နှင့် Galaxy A3 စမတ်ဖုန်းများသည် ခေတ်ရှေ့ပြေးမျက်နှာပြင်နည်းပညာနှင့် စတိုင်ကျလှပမှုတို့ကိုအကောင်းဆုံးပေါင်းစပ်ဖန်တီးထားမှု တစ်ခုလည်း ဖြစ်သည်။
GalaxyA5 နှင့်GalaxyA3စမတ်ဖုန်းများသည်ထူးခြားလှပသည့်သတ္တုကိုယ်ထည်၊ မယုံကြည်နိုင်ဖွယ်ရာပါးလျမှု၊ ပေါ့ပါးသောအသွင်ပြင်တို့အပြင် စွမ်းအားမြင့် Hardwareများနှင့်အဆင့်မြင့်လုပ်ဆောင်ချက်များစွာကိုပေါင်းစပ်ပေးထားပါသည်။Galaxy A5 နှင့် Galaxy A3 စမတ်ဖုန်းများတွင် တပ်ဆင်ထားသည့် Selfie ကင်မရာသည် လှပသည့် Selfie ဓာတ်ပုံများကိုလွယ်လွယ်ကူကူနှင့် လျှင်လျှင်မြန်မြန်ရိုက်ကူးနိုင်သည့်အပြင် အခြားထူးခြား၍ အသုံးဝင်လှသည့် စွမ်းဆောင်ချက်များလည်းပါဝင်သည်။
မြင့်မားတဲ့ စွမ်းဆောင်ရည်နှင့်စိတ်ကျေနပ်ဖွယ်ဈေးနှုန်း
====================================
Samsung အနေဖြင့် Galaxy A5 အားသပ်ရပ်ကျော့ရှင်းသည့် ဒီဇိုင်းနှင့် အချိုးကျလှပသောတည်ဆောက်ပုံတို့ကိုအခြေခံ၍ စွဲမက်ဖွယ် ဖန်တီးထားသည်။ Galaxy A5 တွင် သုံးစွဲသူများစိတ်ကြိုက်တွေ့စေမည့် သတ္တုကိုယ်ထည်၊13 MP အဆင့်မြင့်ကင်မရာစနစ်၊ SIM Card ၂ ကတ်ကို လွယ်ကူ အဆင်ပြေစွာ သုံးစွဲနိုင်သည့် Dual SIM နည်းပညာနှင့် စက္ခုအာရုံကိုပိုမို ပသာဒဖြစ်စေမည့် ၅ လက်မအရွယ် HD Super AMOLED မျက်နှာပြင် စသည်အားသာချက်များ ပါဝင်သည်။ 6.9mm ထူသာရှိသည့်အတွက် Galaxy A5 ၏ပေါ့ပါးမှုက အသုံးပြုသူကိုလက်အတွင်းဆုပ်ကိုင် ထိန်းချုပ်ရာတွင် အကောင်းဆုံးဖြစ်စေ ပါသည်။Android OS Version 4.4 ပါဝင်သကဲ့သို့ ကြာရှည်ခံသည့် ဘက်ထရီနှင့် ဂိမ်းကစားခြင်းများ၊ Web အသုံးပြုမှုများတွင် လျှင်မြန်ပေါ့ပါးစွာ အသုံးပြုနိုင်သည့် 1.2 GHz Quad-core Processor တို့ကိုလည်း တပ်ဆင်ပေးထား ပါသည်။ Galaxy A5 စမတ်ဖုန်းများ ကို ပြည်တွင်ဈေးကွက် အတွင်း (or) Samsung Brand Shop များတွင် ၃၉၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်တော့မည်ဖြစ်ပါသည်။

နှစ်လိုဖွယ် Selfie ကင်မရာနှင့် ပေါ့ပါးပါးလွှာသည့် ခံစားမှုသစ်
=========================================
Galaxy A3 သည် ၄ ဒဿမ ၅ လက်မအရွယ်အစားသာရှိပြီး 6.9mm အထိပါးလွှာမှုသည့်အပြင်110.3gသာအလေးချိန်ရှိသောကြောင့် ပေါ့ပါးလွတ်လပ်မှုကိုကျေနပ်နှစ်လိုဖွယ် ခံစားရမည်ဖြစ်ပါသည်။ qHD Super AMOLED မျက်နှာပြင်တပ်ဆင်ထားခြင်းကြောင့် ကြည်လင်လှပသည့် ရုပ်ထွက် အရည်အသွေးကိုခံစားနိုင်မည်ဖြစ်ပြီး 5 MP Front Facing ကင်မရာကလည်း Selfie ရိုက်ကူးရာမှာကောင်းမွန်လှပသည့် ရုပ်ထွက်များကို ဖန်တီးပေးမည်ဖြစ်သည်။ ထို့အပြင် သတ္တုကိုယ်ထည်၊ Android OS Version 4.4 နှင့် လျှင်မြန်လှသည့် 1.2 GHz Quad-core Processor တို့ကိုလည်း ပါဝင်လာမည်ဖြစ်သည်။ ဈေးနှုန်းပိုင်းကိုလည်း အံ့အားသင့်ဖွယ် ၂၉၉၉၀၀ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Galaxy A5 နှင့် A3 စမတ်ဖုန်းများကိုဇန်နဝါရီလ ၁၂ ရက်နေ့တွင် Samsung Brand shop များတွင် စတင်ရောင်းချသွားမည်ဖြစ်ပါသည်။ တန်ဖိုးနှုန်းချို သာ၍ ဈေးနှုန်းပိုင်းသင့်တင့်မှုများကြောင့် အဆင့်ဖြင့် စမတ်ဖုန်းများကိုလူငယ်များ၊ အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားပါ လွယ်ကူအဆင်ပြေစွာဝယ် ယူနိုင်တော့မည်ဖြစ်ပါသည်။ စတင်ရောင်းချချိန်တွင် အမည်း၊အဖြူနှင့်ရွှေရောင် စသည့်အရောင်တို့ကိုဝယ်ယူရရှိနိုင်ပြီးဈေးကွက်အနေထားအလိုက် ရရှိနိုင်သည့် အရောင်များကွဲပြားနိုင်ကြောင်းလည်း သိရသည်။
Samsung Myanmar မှ Galaxy A3 စမတ်ဖုန်းဝယ်ယူသူများကို Flip Cover နှင့် Galaxy A5 ဝယ်ယူသူတိုင်းကို View Cover များလက်ဆောင်ပေး အပ်သွား မည်ဖြစ်သည်။ ထို့အပြင် မည်သည့် Galaxy A Series စမတ်ဖုန်းကို မဆိုဝယ်ယူသူတိုင်းအား Beauty Queen Clinic အထူးကုဆေးခန်းမှ ၃၀၀၀၀ ကျပ်တန် Gift Voucher တစ်ခုစီကိုလည်းလက်ဆောင်အဖြစ် ထပ်မံပေးအပ် သွားမည်ဖြစ်သည်။
“ပြည်တွင်းကမိုဘိုင်းဆက်သွယ်ရေးဈေးကွက် ဖွံ့ဖြိုးလာတဲ့ အတွက်လည်း မိုဘိုင်းဖုန်းလိုအပ်ချက်မြင့်မားလာပါတယ်။ ဒီ့အတွက် တန်ဖိုးသင့်တင့်ပြီး အရည်အသွေးမြင့်မားတဲ့ ဖုန်းတွေကိုလူတွေက ပိုမိုလိုအပ်လာပါတယ်။ Galaxy A စမတ်ဖုန်းတွေက စွမ်းဆောင်ရည်ကောင်း ပြီးဈေးနှုန်း သင့်တင့်မျှတတဲ့ အတွက် ပြည်သူတွေအတွက် စိတ်ကြိုက်ရွေးချယ် စရာ တစ်ခုဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ Galaxy A Series တွေကို စရောင်းမယ့် ဇန်နဝါရီလ၁၂ ရက်နေ့ ကနေ စပြီးဝယ်ယူသူတိုင်းအတွက် Flip Cover၊ View Cover နဲ့ Gift Voucher တွေလည်း လက်ဆောင်အဖြစ် ကျေးဇူးတုန့်ပြန်သွားမှာပါ” ဟု Samsung Myanmar မှ ဦးဇာနည်ဝင်းထက် ကပြောကြားသည်။

0 comments:
Post a Comment