
Apple
သည် stylus တစ်ခုဖြင့် အသုံးပြုနိုင်သည့် iPad အကြီးစားတစ်မျိုးကို
ထုတ်လုပ်ရန် စီစဉ်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ကောလာဟလ သတင်းများအရ Apple သည် iPad Pro ဟုခေါ်သည့် ၁၂.၉ လက်မ display ပါဝင်သော tablet ထုတ်ကုန်တစ်မျိုးကို ထုတ်လုပ်ဖွယ်ရှိကြောင်းနှင့်  ၎င်းသည် laptop များနှင့် tablet များရှိ ကွာဟမှုကို ကျဉ်းမြောင်းစေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကောလာဟလ သတင်းများမှာ KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူ၏ ခန့်မှန်းပြောကြားချက်ကြောင့်
ပိုမိုအားကောင်းလာခဲ့သည်။ ၎င်းက Apple သည် stylus ပါဝင်သည့် tablet
တစ်မျိုးကို ယခုနှစ် ဒုတိယနှစ်ဝက်တွင် ထုတ်လုပ်ရန် စီစဉ်ဖွယ်ရှိကြောင်း
AppleInsider မှ ဖော်ပြခဲ့သည်။ သို့သော်လည်း ထုတ်လုပ်ရောင်းချမည့်
အချိန်ကို ကူက ပြောကြားခဲ့ခြင်း မရှိပေ။
ကောလာဟလ သတင်းများအရ Apple သည် iPad Pro ဟုခေါ်သည့် ၁၂.၉ လက်မ display ပါဝင်သော tablet ထုတ်ကုန်တစ်မျိုးကို ထုတ်လုပ်ဖွယ်ရှိကြောင်းနှင်
အဆိုပါ ကောလာဟလ သတင်းများမှာ KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူ၏ ခန့်မှန်းပြောကြားချက်ကြောင
သုံးစွဲသူအများစုမှာ stylus ကို မလိုအပ်ကြသော်လည်း Apple အနေဖြင့် optional add-on တစ်ခုပါဝင်သည့် အရွယ်ကြီးမားသော iPad ကို ရောင်းချဖွယ်ရှိကြောင်း ကူက ဆိုခဲ့သည်။
ကနဦးတွင် stylus သည် အလွန်ရိုးရှင်းဖွယ်ရှိပြီး နောက်ပိုင်းမှသာ feature သစ်များ ပါဝင်လာဖွယ်ရှိကြောင်း ကူ၏ ပြောကြားချက်ကို ကိုးကားက AppleInsider မှ ဖော်ပြခဲ့သည်။
ထို့အပြင် Apple သည် display တွင်သာမက မာကျောသည့် မျက်နှာပြင်များနှင့် လေထဲတွင် ရေးသားနိုင်သည့် gyroscope accelerometer ကိုလည်း ထည့်သွင်းဖွယ်ရှိကြောင်း ကူက ပြောကြားခဲ့သည်။
Ref: Independent
http://






0 comments:
Post a Comment