Apple TV သစ်ကို iOS 9 နှင့်အတူ အသုံးပြုနိုင်ဖွယ်ရှိ




စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် Apple ပွဲတွင် Apple TV ဗားရှင်းသစ်ကို တွေ့မြင်ရဖွယ်ရှိသည်။
9to5Mac ၏ အဆိုရ နောက်ဆုံးပေါ် Apple TV အမျိုးအစားတွင် iPhone နှင့် iPad တို့၏ operating system ဖြစ်သော iOS 9 ကို အသုံးပြုနိုင်ဖွယ်ရှိကြောင်း၊ set-top box ရှိ interface သည် iPhone, iPad များရှိ interface နှင့် အလွန်တူညီကြောင်း သိရသည်။

ထို့အပြင် အစောပိုင်းက ထွက်ပေါ်လာခဲ့သော လျင်မြန်သည့် ပရိုဆက်ဆာ၊ အဆင့်မြှင့်ထားသည့် touch အခြေခံ interface ပါဝင်သော remote နှင့် Siri မှတစ်ဆင့် အသံဖြင့် ထိန်းချုပ်မှု အထောက်အပံ့ စသော Apple TV feature သစ်များလည်း ပါဝင်လာဖွယ်ရှိသည်။
 
Ref: USAToday
Credit internetjournal

Thiha Htike(THT)
 My Facebook Account Click



0 comments:

Post a Comment