i Phone နှင့် iPad တွင် လူကြိုက်များသည့် feature များအနက် တစ်ခုဖြစ်သော
Siri virtual assistant ကို Macintosh OS X တွင် အသုံးပြုနိုင်ခြင်း
မရှိသေးသော်လည်း Microsoft Windows 10 ကို Parallels Desktop ဖြင့်
အသုံးပြုသူများ အနေဖြင့် Siri ကဲ့သို့သော အတွေ့အကြုံကို ရရှိနိုင်မည်ဟု
သိရသည်။
Parallels Desktop သည် Mac ပေါ်တွင် Windows ကို Mac OS X နှင့် တစ်ပြိုင်နက် အသုံးပြုနိုင်စေမည့် software package တစ်ခု ဖြစ်သည်။
ထိုကဲ့သို့ အသုံးပြုရန်အတွက် Windows ကို install လုပ်ရမည်ဖြစ်ပြီး
ထို့နောက်တွင် Windows နှင့် Mac application များအကြား အလျင်အမြန်
ပြောင်းလဲကာ အသုံးပြုနိုင်သလို အချက်အလက်ကို copy/paste လုပ်ရာတွင်လည်း
operating system နှစ်ခုအကြား ပြုလုပ်နိုင်မည် ဖြစ်သည်။ Apple ၏ Boot Camp
နှင့် မတူညီသည်မှာ Paralles က operating system နှစ်ခုစလုံးကို
တစ်ပြိုင်နက် အသုံးပြုနိုင်စေခြင်း ဖြစ်သည်။
ယခုအခါတွင် Windows 10 ကို Parallels 11 ဖြင့် အသုံးပြုသည့်အခါ
Microsoft ၏ Cortana ဖြင့် Mac တွင် Siri ကဲ့သို့သော လုပ်ဆောင်မှုများကို
ပြုလုပ်နိုင်ပြီ ဖြစ်သည်။
Cortana ကို Microsoft က Windows Phone တွင် စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် ယခုအခါတွင် Windows 10 အတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
Ref: Forbes
Credit internetjournal
Thiha Htike(THT)
My Facebook Account Click






0 comments:
Post a Comment