MPT ဆင်းမ်ကတ် ပြင်ပပေါက်ဈေး နှစ်ဆတက်



ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး နှစ်ဆကျော်ခန့်မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ မေးမြန်း
သိရှိရသည်။


"ဆင်းမ်ကတ်တွေကို ပုံမှန်အတိုင်းပဲ ဖြန့်ချိပေးနေတာပါ၊ ကန့်သတ်ပြီးတော့ မဖြန့်ပါဘူး၊ စာတိုက်ကြီးမှာလည်း ပုံမှန်နှုန်းထားနဲ့ ရောင်းချပေးနေပါတယ်" ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်လုပ်ငန်း၏ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချသတ်မှတ်မည့် သတင်းကြောင့် ဆင်းမ် ကတ် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည် ဟု လှည်းတန်းအနီးတစ်ဝိုက် MPT ဆင်းမ်ကတ်ရောင်းချသည့် ဆိုင်များကခန့်မှန်းကြသည်။ MPT အနေဖြင့် ဖုန်းခေါ်ဆို ခနှုန်းထားများကို စတင်လျှော့ချပေးသွားတော့မည်ဖြစ်သည်။


ဇန်န၀ါရီလပထမအပတ်မှစတင်၍ မြင့်တက်သွားခြင်းဖြစ်ကြောင်း၊ ယခင်က ကျပ်လေးထောင်ဝန်းကျင်သာ ရှိတော့ရာမှ ယခုအခါတစ်သောင်း အထိ မြင့်တက် သွားခြင်း ဖြစ်ကြောင်း သိရသည်။
"အရင်ကလမ်း ဘေးမှာအော်ရောင်းတာတွေ တော်တော်များများတွေ့ရတယ်၊ အခု အဲလိုအော်ရောင်းတဲ့သူတွေမရှိ တော့ဘူး၊ ကတ်တွေက ဆိုင်ပေါ်တွေကို ရောက်ကုန် ပြီ၊ ဈေးကလည်း အော်ရောင်းတုန်းကလို လေးထောင့်ငါးရာ၊ လေးထောင်မဟုတ်တော့ဘူး၊ တစ်သောင်းဝန်းကျင်ဖြစ် ကုန်ပြီ" ဟု ဇန်န၀ါရီလ ၇ ရက်နေ့က MPT ဆင်းမ် ကတ် တစ်ကတ်အား တစ်သောင်းကျပ်ဖြင့် ဝယ်ယူခဲ့သူ ကိုပြည့်ဖြိုးက ပြောသည်။


MPT ဆင်းမ်ကတ်များကို မူရင်းဈေး ၁၅၀၀ ကျပ်ဖြင့်ရန်ကုန်စာတိုက်ကြီးတွင် နေ့စဉ်ရောင်း ချပေးနေကြောင်း သိရသည်။ MPT အနေဖြင့် မှောင်ခိုဈေးကွက် ပပျောက်ရေးကို ဆောင်ရွက်လျက် ရှိသည်ဟု ဆိုထားသည်။


http://internetjournal.media/new/1043

1 comments:


Factory ROM Backup for MT65xx via MTK Droid Root & Tools For BackUp & Unbrick


http://forum.gsmhosting.com/vbb/f606/factory-rom-backup-mt65xx-via-mtk-droid-root-tools-backup-unbrick-1666984/

Post a Comment