Sony Walkman သစ် (သို့မဟုတ်) Walkman ZX2



Sony ၏ နာမည်ကျော် Walkman ဖြစ်သော ZX1 ၏ မျိုးဆက်သစ် ထုတ်ကုန်သစ်ကို CES 2015 ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည်။


၎င်းတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မိတ်ဆက်ခဲ့သည့် Android 4.2 Jelly Bean ကို အသုံးပြုထားသောကြောင့် Google Play မှ app များကို download လုပ်ကာ အသုံးပြုနိုင်သည်။ အဆိုပါ Walkman သစ်တွင် DSD, WAV, AIFF, FLAC, Apple Lossless စသည်တို့ကို အထောက်အပံ့ပေးနိုင်ပြီး wireless streaming အတွက် Bluetooth ဖြင့် အသုံးပြုနိုင်သည်။ ထို့အပြင် စပီကာများနှင့် နားကြပ်များကို တစ်ချက်နှိပ်ရုံနှင့် ချိတ်ဆက်နိုင်ရန်အတွက် NFC ကိုလည်း ထောက်ပံ့ပေးထားသည်။ သိုလှောင်မှုပမာဏက 128GB ဖြစ်သည်။


ZX2 Walkman ကို ယခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၁,၁၉၉.၉၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

Ref: TheVerge

http://internetjournal.media/new/1003

0 comments:

Post a Comment