ဟိုရှေးရှေးတုန်းက နေ ပြည်တော်အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာလူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာတခုရှိသတဲ့။ အဲ့ဒီနေရာမှာဘုရင်မရှိတဲ့အခါကျေ
တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတရှာဖို့ ထွက် လာတဲ့ တက္ကသီလက ဆရာနဲ့သုရဲ့ အထူးချွန်ဆုံးတပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံရောက်လာကြတာပေါ့။
တရက်မှာအဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်ဘာ လို့ လည်း ဆို တော့အမတ်ချူပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်း အပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ၀င်တာအုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားတယ်။သူခိုးမိန်းမက မကျေနပ်ဘူး ဘုရင် ကြီးကို သွားတိုင်တယ်
"အိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင် အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရားအကျွန် မျိုး ချစ်လင် မတော်မတရားသေဆုံးခြင်းကို ကို တရားမျှတမှု ရှိစေတော်မူပါ သခိုးများမယားကျွေးရန် စီးပွားရှာ ခြင်းသာဖြစ် ပေသည်.မရှိသောကြောင့် ခိုး မိခြင်းကို အ ပြစ် ဟု မဆို သင့်ပါအရှင်မင်းကြီးဘုရား" ဆိုပြီး လျှောက်ထားတယ်
ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီးကို မြတ်နိုးတတ်သလို လို ဖြစ် လာတယ်။အဲ့ဒါနဲ့  အမတ်ချူပ် ကြီးကို သေဒဏ် ပေးလိုက်တယ် သေဒဏ်ဆိုတာက ကြိုးပေးသတ်စေ ပေါ့
အမတ်ချုပ်ကြီးကအယူခံဝင်တယ် "အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်"
ဒါနဲ့ ပန်းရံဆရာ ကြိုးပေးခံလိုက်ရရောပန်းရံ ကလည်းလျှောက်ပြန်တယ် "မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်"
ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍ တရားမျှတမှုကို တည်ဆောက်အံ့ မောင်အလုပ်သမားကလည်းလျှောက်တင်ြ
ရေထမ်းသမားအားသေဒဏ် သူလည်းမခေပါဘူး လျှောက်လိုက်တာကတော့ "အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာပုံမှန်သာ
အိုးထိန်းသည်အားသေဒဏ်ပေးစေ သူကထပ်လျှောက်တင်ပြန်တယ် "အကျွန်လက်က ပုံမှန်လက်ပါခင်ညား ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီးအကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ် လာလုပ်ပါတယ် ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရခြင်းဖြစ်ပါသည်"
လာထားဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်အမျိုးသမီးက ထပ်လျှောက် ပြန်တယ် "မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီးအစွန်းရောက်မို
ဒီလို နဲ့ ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ် ဘုရင်ကြီး မိန့်တော်မုပုံ က "မောင်မင်းအသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရလေသည် ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာတော့သည် ရေ ဖြည့်သောလုလင်က ရေ ပို ဖြည့်မိလေရာ ဘိလပ်မြေရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်ထို့ ကြောင့် ပင် ပန်းရံဆရာ တည်ဆောင်သော အမတ်ချူပ်ကြီးနေအိမ် အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်"
"ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့် အသင်တရားခံပြေးမလွှတ်တော့ချေ အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ်"
ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး အလျှော့အတင်းလုပ်လို့ မရ ဘူးဒိုဘီက အရမ်းပိန်လွန်းတဲ့အခါ ကြတော့ ဘယ်လို မှ စွပ်လို့ မရဘူး
ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့် တော်မူတယ် "ဒီကောင့်ခေါင်းက မတော်ဘူးတော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့"
ဒီလို နဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေး ကို သွားတွေ့ တယ်သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေ တာကိုးသူ့ကို သေဒဏ် ချလိုက်ရော။
တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ် ဆရာ တပည့် နှယောက်က တယောက် ကို တယောက် အချက် ပြပြီးကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ် လို့  လုနေလိုက်ကြတာမှ မသတ်ရုံ တမယ် ပဲ လို့ ကို ထင် ရတယ်
ဘုရင်ကြီးအံ့သြော်တာပေါ့ ဘယ့်နှယ် "သူများတွေ က သေဖို့ ကြောက်နေတဲ့ အ ချိန်မှာ ဒီနှကောင်ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း" လို့ဘုရင်ကြီးက မေးလိုက်တာပေါ့ ဘာ လို့ လည်းပေါ့နော်
ဆရာက ဖြေတယ် "မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအား
ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ် "သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စကြ၀တေးမင်း ဆုကို ယူစရာအကြောင်းမရှိ နင်တို့ ဖယ်ကြကွယ်" လို့ မိန့်တော်မူလိုက်ပါတော့တယ်။






2 comments:
ပြီးရော့လဟယ်..... :P
ပြီးရော့လဟယ်..... :P
Post a Comment