မလေးရှားလေယာဉ် MH 370 နဲ့ ပတ်သက်လို့ နောက်ဆုံးရ သတင်း


 ပျက်ကျသွားပြီလို့ ကောက်ချက်ချခဲ့တဲ့ မလေးရှား လေယာဉ်နဲ့ ပတ်သက်ပြီး အခု နောက်ဆုံးအသစ်ရရှိထား တဲ့ အချက်အလက် တွေမှာ ဂြိုဟ်တုက ရရှိထားသော ပုံရိပ်အသစ်တွေအရ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း မှာ တွေ့ရတဲ့ အပိုင်းအစ ၁၂၀ လောက်ဟာ MH 370 လေယာဉ်က ဖြစ်နိုင်တယ်လို့ မလေးရှားနိုင်ငံ က ပြောပါတယ်။ 

 လေယာဉ်အပိုင်းအစ ရှာဖွေနေတဲ့ နေရာ


ပြင်သစ်က ထုတ်ပြန်တဲ့ ဂြိုလ်တု ပုံရိပ်တွေအရ တချို့ အစိပ်အပိုင်းတွေဟာ ၂၄ မီတာကျော် ရှည်လျား တာတွေ့ရပြီး အခု ပင်လယ်ထဲမှာ မျောနေတဲ့ ပစ္စည်းတွေဟာ တော်တော် ကျယ်ကျယ်ဝန်းဝန်း 
မျောနေကြတာလို့ ဘီဘီစီသတင်းတပုဒ်က ဆိုပါတယ်။  

ပြီးခဲ့တဲ့ တရက် ၂ ရက်က လေယာဉ်အပိုင်းအစတွေ ရှိတယ်လို့ ဂြိုလ်တုက ညွှန်ပြတဲ့နေရာတွေမှာ ရှာဖွေရေး လုပ်ဖို့ ရာသီဥတု မကောင်းလို့ ရှာဖွေရေး ခန ရပ်ထားခဲ့တာကိုတော့ အခု ရာသီဥတု 
ကောင်းလာပြီဖြစ်လို့ ရှာဖွေရေးတွေပြန် လုပ်နေပါပြီ။ 

မလေးရှားလေယာဉ် ပျက်ကျခဲ့တယ်လို့ အတည်ပြုပြီးကတည်းက နိုင်ငံတကာ ခေါင်းဆောင်တွေ၊ 
လေကြောင်းလိုင်း အကြီးအကဲတွေနဲ့ အဖွဲ့အစည်းအသီးသီးကလည်း ဝမ်းနည်းခြင်း စကားတွေ အသီးသီး ပြောကြားနေကြပါတယ်။
အိမ့်သံစဉ်
 
 ဧရာဝတီ
 xxxxxxxxxxxxxxxxxxxxxxxxxxxxx
 အရိပ်မြင် အကောင်ပြရမယ့် MH370 ပျောက်ဆုံးလေယာဉ်
မလေးရှားအစိုးရရဲ့ မကြာသေးမီက ထုတ်ပြန် လိုက်တဲ့ ပျောက်ဆုံးလေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာထဲ ပျက်ကျသွားတယ် ဆိုတဲ့ အသံက လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ 
ဆွေမျိုးရောင်းရင်းတွေအတွက် လုံလောက်တဲ့ အဖြေတော့ မဟုတ်သေးဘူးလို့ သုံးသပ်နေသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ 

လေယာဉ်ပေါ် ပါသွားတဲ့ ၃ ပုံ ၂ ပုံရဲ့ သက်ဆိုင်ရာ ဆွေမျိုးတွေကတော့ ယူကြုံးမရ ဝမ်းနည်းပူဆွေးနေရ တာတွေကို အဆုံးသတ်ရတော့မယ်လို့ ရာနူန်းပြည့် ယူဆလိုက်ပါတယ်။ 

ကျန်တဲ့ ၁ ပုံကတော့ မလေးရှားအစိုးရရဲ့ ပြောဆိုချက်ပေါ် လက်တွေ့ကျကျ ပြနိုင်မှ တန်ပြန်သက်ရောက် မှုရှိမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ မခံမရပ်နိုင် ဖြစ်နေ ကြပါတယ်။ 

အဲဒီထဲမှာတော့ တရုတ်လူမျိုးတွေက ပိုပြီး လွန်ကဲတာပါ။ 

လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာလည်း တရုတ်လူမျိုးတွေက အများဆုံးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ ပစ္စည်းတချို့ တွေ့ရှိခဲ့တာကြောင့် သြစတြေးလျှ နယူးဇီလန်၊ အမေရိကန်၊ နော်ဝေ နဲ့ တရုတ်​ တို့ရဲ့ ကမ်းခြေစောင့် လေယာဉ်တွေနဲ့ သဘောင်္ တွေဟာ လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေကို တဆက်ထိုး လုပ်ဆောင်ခဲ့ ပါတယ်။ 

ဒါပေမယ့် သူတို့သွားမဲ့နေရာမှာ ရာသီဥတု ဆိုးရွားပြီး မိုးကြီးလေကြီးနေတာကြောင့် ရှာဖွေရေးခရီးစဉ်ကို ရုပ်သိမ်းလိုက်ပါတယ်။ 

ဒီအချိန်မှာဘဲ မလေးရှားအစိုးရက MH370 ဟာ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျသွားတယ်လို့ ကြေညာလိုက် တာပါ။ 

တကယ်ဘဲ အိန္ဒိယသမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ သလား ဆိုတာကတော့ အဲဒီသမုဒ္ဒရာထဲက အပိုင်းအစတွေကို ကုန်းပေါ်သယ်ဆောင်လာ နိုင်မယ့် တနေ့ကျမှ တမ္ဘာလုံးက လက်ခံနိုင်တဲ့ အနေအထား လို ဖြစ်နေပါတယ်။ 

လက်ရှိအချိန်မှာ မလေးရှားအစိုးရအတွက်တော့ အရိပ်မြင် အကောင်ပြရမယ့် အနေအထား ဖြစ်နေပါပြီ။ 

ငြိမ်းဇော် ~

ဧရာဝတီ
xxxxxxxxxxxxxxxxxxxxxxxxxxx

MH370 ကို ထိုင်း ဂြိုဟ်တုက အပိုင်းအစ ၃၀၀ လောက် ထပ်တွေ့ရှိ





အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ နေရာတဝိုက်မှာ ထိုင်း ဂြိုဟ်တုက အပိုင်းအစ ၃၀၀ လောက် ထပ်တွေ့ရတယ်လို့ ထိုင်းနိုင်ငံရဲ့ အာကာသ အေဂျင်စီက ပြောလိုက်ပါတယ်။

အဲဒီ မျောနေတဲ့ အပိုင်းအစတွေဟာ ၂ မီတာကနေ ၁၅ မီတာ (၆ ပေခွဲကနေ ပေ ၅၀) အထိ အရွယ်အသီးသီး ရှိကြတယ်လို့ ဆိုပါတယ်။

အစောပိုင်းကလည်း ပြင်သစ် ဂြိုဟ်တုတစ်လုံးက လေယာဉ် အပိုင်းအစတွေလို့ ယူဆရမယ့် အစိတ်အပိုင်း ၁၂၀ လောက်ကို တွေ့ရှိခဲ့ပါသေးတယ်။

လောလောဆယ်မှာ ရာသီဥတု ဆိုးရွားနေလို့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ဝေဟင်က တဆင့် ရှာဖွေမှုတွေကို ခေတ္တ ရပ်ဆိုင်းထားပါတယ်။

ရှာဖွေရေး လေယာဉ်တွေ ပါ့သ်မြို့ကို ပြန်ရောက်လာကြပေမယ့် ရေယာဉ် သင်္ဘောတွေကတော့ ဆက်လက် ရှာဖွေသွားမှာ ဖြစ်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

BBC

0 comments:

Post a Comment