ဖုန်းအချက်ပေးစနစ်

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း's photo.
Android ဖုန်းနဲ့ Tablet အတွက်မြန်မာမှူပြုထာတဲ့ဖုန်းအချက်ပေးစနစ် APK ကို ကိုကျော်မျိုးဝင်းမှ မြန်မာမှူပြုထားပါတယ်။ဒီ APK လေးမှာ ဘာတွေအသုံးဝင်လဲဆိုတော့ ရွေလျားခြင်း (ဖုန်းရွေသွားတာနဲ့အသံထမြည်ခြင်း) ၊ ထိကိုင်ခြင်း (ဖုန်းကိုကိုင်လိုက်တာနဲ့အသံထမြည်ခြင်း)၊ ဖုန်းလော့ဖွင့်ခြင်း (ဖုန်းရဲ့ Home Screen ကိုဖွင့်လိုက်တာနဲ့အသံထမြည်ခြင်း)၊ ဆူညံသံ (အသံတွေကြားတာနဲ့အသံထမြည်ခြင်း)၊ ကင်မရာ (ကင်မရာ ဆော့ဝဲကိုဖွင့်လိုက်တာနဲ့အသံထမြည်ခြင်း) ၊ တို့ကို တစ်ခုခြင်း (သို) အကုန်လုံးကို Alarm ပေးထားလို့ရပါတယ်။
ဥပမာ မိမိဖုန်းကို မိမိကအားသွင်းတယ်ဆိုပါစို့  တစ်စုံတစ်ယောက်က ကြိုးကိုဖြုတ်လိုက်ရင် အလိုအလျှောက် အသံထမြည်မှာဖြစ်ပါတယ်။ အဲဒီတော့ ဖုန်းကိုစိတ်ချလက်ချ အားသွင်းထားလို့ရပြီပေါ့။အသံထမြည်နေတဲ့အချိန်မှာ အသံကိုအတိုးလျော့လုပ်လဲ အသံကတော့မြည်မြဲအတိုင်းမြည်နေမှာပါ မိမိက ဆောဝဲလေးကိုသွားပိတ်မှ အသံကပိတ်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုက ဆူညံသံ ဆိုပြီး Alarm ပေးထားပြီး ဖုန်းက အောက်ကိုကျသားတာတို့ တစ်နေရာရာမှာအထားမှားတာတို့ဆိုရင် လေလေးချွန်လိုက်တာနဲ့ ဖုန်းရှိနေတဲ့နေရာကိုသိရမှာဖြစ်ပါတယ်။အသုံးတည့်တဲ့ Apk ဖြစ်တဲ့အတွက် Andrid  ဖုန်းကိုင်ဆောင်ထားသူတိုင်း ရှိထားသင့်တဲ့ Apk လေးပဲဖြစ်ပါတယ်။ Android version 2.2 နဲ့အထက်မှာအသုံးပြုလို့ရပါတယ်။ ဒီကောင်လေးကိုအသုံးပြုဖို့အတွက် မိမိတို့ဖုန်းမှာ မြန်မာဖောင့်ထည့်ထားဖို့လိုပါတယ်။

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း's photo.

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း's photo.

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း's photo.
သုံးကြည့်ချင်တယ်ဆိုရင် အောက်မှာယူလိုက်ပါ။
cerdit to -- http://mobilehouse.blogspot.com

1 comments:

ဒေါင်းသွားပြီနော် အကို ကျေးဇူးအများကြီးတင်တယ်အကို အရမ်းလန်းတယ်

Post a Comment