ကျွန်တော်တို့ရွာမှာ ဘဖိုးကြည်ဆိုတဲ့ လူကြီးတစ်ယောက်ရှိတယ်။ အဲဒီလူ ကြီးက
လူတွေကို ဘယ်တော့မှ အကောင်းမမြင်ဘူး။ သူ့အကို ဘဖိုးနီနဲ့ ကတော့
လုံးဝဆန့်ကျင်ဘက် တစ်မိတည်းပေါက်ခဲ့ပေမယ့် အကျင့်စရိုက် က တစ်ခြားစီ။
ဘဖိုးနီ အကောင်းမြင်သလောက် သူကအဆိုးမြင်တယ်။ အရေးထဲမှ အဲဒီလူကြီးက
ရွာလူကြီးတက်ဖြစ်လိုက်သေး။ အကောင်းမမြင်
ပုံများတော့အစ်ကိုရင်းတောင်မရှေ
ာင်ဘူး။
ဘဖိုးနီ သင်္ကန်းဝတ်သွားတော့
ဘာပြောတယ်မှတ်သလဲ။“ဒီကောင် သင်္ကန်းဝတ်တာ တရားရလို့များမှတ် မနေနဲ့ဟေ့။
ကပ်စရာမိန်းမ မရှိတော့လို့ ၀တ်တာ” တဲ့။
အဲဒီရွာလူကြီးဆိုပေမယ့်
ကိုယ်တိုင်ဦးစီးဦးဆောင်ဘာတစ်
ခုမှ မလုပ်ပဲ လုပ်တဲ့သူတွေကျတော့လည်း
ဘယ်တော့မှ အကောင်းမပြောဘူး။ ရွာ
မြောက်ပိုင်းချောင်းကူးတံတားဆော
က်တုန်းကပေါ့။ ရွာသူ ရွာသားတွေ
တက်ညီလက်ညီနဲ့ ၀ိုင်းပြီးဆောက်လိုက်ကြလို့ တံတားကြီးအပြီးမှာ ဘဖိုး
ကြည်ကိုခေါ်ပြီး ပြတော့ တံတားနည်းနည်းစောင်းနေတာလဲမြင်ေ
ရာ။ “မင်းတို့တံတားက
မျက်စိစွေတဲ့သူတွေကြည့်ရင် ကွက်တိပဲ”တဲ့။
အုပ်စုတစ်စုထဲမှာ
ရှိတဲ့ ရွာတွေ စုပေါင်းပြီး ဘုရားပွဲအကြို ဘောလုံးပွဲ ကျင်းပလေ့ရှိတယ်။
ဖြစ်ချင်တော့ ဘဖိုးကြည်လာကြည့်တဲ့ပွဲတိုင်းရွ
ာသား တွေရှုံးတော့
လူကြီးပီပီအားပေးစကားလေးမျာြးေ
ပာကြားပေးမလားမှတ် တယ်။ ဘယ်ဟုတ်လိမ့်မလဲ
မဲ့ပြုံးပြုံးပြီး မချိုမချဉ်မျက်နှာကြီးနဲ့ပြောလိ
ုက် တာက။ “ရှုံးမှာပေါ့
မင်းတို့ပြေးနေတာ လိပ်ခြေထောက်ချိုးထားတဲ့အတိုင်း
ပဲ။ ဒီ အတိုင်းဆို
သိကြားမင်းဆင်းပြီးမင်းတို့ဘက်
ကကူကန်ပေးတောင် နိုင်မှာ မဟုတ်ဘူး”တဲ့။
ဘဖိုးကြည် လာမကြည့်တဲ့ နှစ်ကျမှပဲရွာသားတွေခြေစွမ်းထက် ဖိုင်နယ်ပွဲ
တက်ခဲ့ပြီး နောက်ဆုံး ဒိုင်းဆုကြီးကို အရယူနိုင်ခဲ့တယ်။ ဒီတစ်ခါတော့
ဘဖိုးကြည်ရဲ့ချီးကျူးစကားသံ သေချာကြားရပြီဆိုပြီး ထော်လာဂျီသုံးစီး
အပြည့်အသိပ်ပါလာတဲ့ ရွာသူရွာသားတွေ ဘောလုံးကွင်းကနေ တောက် လျောက်
ဘဖိုးကြည်အိမ်ရှေ့အရောက်မောင်း
လာပြီး “ဒိုင်းဆုရခဲ့ပြီ ဘဖိုးကြည်၊
ဒိုင်းဆုရခဲ့ပြီ ဘဖိုးကြည်လို့ သံပြိုင် အော်ဟစ် လိုက်ကြတယ်။
ဒီတင် ဘဖိုးကြည်အိမ်ထဲက ထွက်လာပြီး ပြန်ပြောလိုက် ပုံက “အော်
မင်းတို့နိုင်ခဲ့တာလားဒါဆိုရင်ေ
သချာပြီ။ ဟိုဘက်အသင်းကကောင် တွေ
ခြေထောက်တစ်ချောင်းစီပဲပါလို့ေ
နမှာပါကွာ”တဲ့ ကဲကောင်းကြသေး ရဲ့လားဗျာ
ဒီတစ်သက်တော့ကျုပ်တို့ရွာသားတွေ ဘဖိုးကြည်ရဲ့ ချီးကျူး
သံကြားရမယ်မထင်တော့ပါဘူး။
0 comments:
Post a Comment