အရေးတယူဆက်ဆံသူ မရှိလို့ အားငယ်လာတတ်တာဟာ အနီးမှာရှိသူတွေကို မမြင်ဘဲ၊ အဝေးမှာရှိသူများကို မှန်းမျှော်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ လူ့ သဘောသဘာဝအရ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးလွန်းတာကြောင့်ပါ။
အားငယ်တတ်သူတွေဟာ အထီးကျန်တာကနေ စတာပဲ။ အထီးကျန်တတ်သူ တော်တော်များများဟာ ကိုယ့်ခံယူချက်က ပတ်ဝန်းကျင်ဆိုတာနဲ့  သဟဇာတ မဖြစ်တဲ့အတွက် တစ်ယောက်တည်းနေရင်း က ဖြစ်သွားတာပါ။
အမှန်တကယ်က သူတစ်ပါး ခံစားချက်ကို လစ်လျူရှုတာကြောင့်လည်း ပါတာပေါ့။ ကိုယ်က ဖြစ်ချင်တာတွေ ရှိပေမယ့်၊ အခြားသူအတွက့် ဖြစ်သင့်တာလေးတစ်ခုတော့ လုပ်ပေးသင့်ပါတယ်။ မေတ္တာဟာ အသွားအပြန်ရှိတာတော့ ယုံတယ်မလား။
မေတ္တာ မထားနိုင်ကြလို့ အထီးကျန်တာတွေ၊ အားငယ်တာတွေ ဖြစ်လာတာပါ။ လောကမှာ အပေါဆုံးအရာက မေတ္တာတရားပါ။နေရာတိုင်းမှာ မေတ္တာတရားကို ရှာလို့ ရနိုင်တယ်။ သို့ သော် ကိုယ့်မေတ္တာတော့ အရင်းပြုရပါမယ်။
လောကကြီးက ကိုယ်ပေးသလောက် ကိုယ့်ကို ပြန်ပေးတယ်ဆိုတာ ကြားဖူးမှာပါ။ ကိုယ့်မပေးလို့ ကိုယ်မရတာဘဲ ဖြစ်မှာပါ။ ဒါကြောင့် ဘ၀မှာ အထီးကျန်ခြင်း၊ အားငယ်ခြင်း မဖြစ်ရအောင် သူများရဲ့ အထီးကျန်ခြင်း၊ အားငယ်ခြင်းကို မိမိက ဖြည့်ဆီးပါဝင်ပေးလိုက်ပေါ့။
0 comments:
Post a Comment