Kitkat ပြီးတော့ Lollipop (လောလီပေါ့) လာတော့မည်လား?


၂၀၁၃ ခုနှစ် စက်တင်ဘာ လ လောက်ကတည်းက လူသိများလာခဲ့တဲ့ သတင်းတပုဒ် အဖြစ် Google ဟာ Android Lollipop မထုတ်ခင် Android Version Kitkat ကို အဆင်မြှင့်တင်သွားမဲ့သတင်းဟာ မိုဘိုင်းဖုန်းချစ်သူတွေရဲ့ အကြားမှာ တကြော့ပြန် ရေပန်းစားလာခဲ့ပါတယ်။
Android Lollipop ဟာ အခုချိန်မှာ ခန့်မှန်းသတင်း အနေနဲ့ပဲ ရှိနေသေးပေမဲ့ ပြီးခဲ့တဲ့ အပတ်ကတော့ Google Nexus 8 ကို 64 bit ပရိုဆက်ဆာ၊ Android Lollipop ဗားရှင်း 4.5 နဲ့ ထုတ်လုပ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းမှာ ဖြန့်ချိမယ် လို့ ဆိုလိုက်တဲ့အတွက် သိတ်မကြာခင်မှာ KitKat ဗားရှင်းအသစ်တွေကို မြင်တွေ့လာနိုင်စရာ လမ်းစတွေ ရှိနေပါတော့တယ်။
ဒါဟာ အတည်ပြုချက်မရသေးတဲ့ သတင်းသက်သက် သာ ဖြစ်နေပေမဲ့ လူမေးများလှပြီး၊ လူကြိုက်များတဲ့ အဆင့်တွေထဲမှာလဲ ပါဝင်ခဲ့တဲ့ Nexus စမတ်ဖုန်း နဲ့ တက်ဘလက် စီးရီးတွေကြောင့် Google ဟာ အနာဂတ်လှလှလေး ကို အိပ်မက်မိသွားပြီး Samsaung လမ်းစဉ်နဲ့အတူ Tablets/SmartPhone စီးရီးတွဲတွေကို ဆက်တိုက် ထုတ်လုပ်သွားမဲ့ ပုံစံရှိနေတယ် လို့ သိရပါတယ်။ အဲဒီအတွက် Android Team အဖို့ တွန်းအား တွေ ဖြစ်စေခဲ့ပြီး လက်ရှိမှာ လူများစွား သုံးစွဲနေတဲ့ Android Kitkat ကို အဆင့်မြှင့်တင်ဖို့ ဖြစ်လာပါတော့တယ်။

လောလီပေါ့ (Lollipop) ဆိုတဲ့ အမည်နာမ ကို ဗားရှင်း 4.5 သို့မဟုတ် 5.0 တွေမှာ ထည့်သွင်းသွားဖွယ်ရာ ရှိနေတယ် လို့ လဲ သိရပါတယ်။ Android Lollipop မှာ Bluetooth လုပ်ဆောင်ချက်၊ Clouding ကွန်ပျူတာစနစ်၊ FM နဲ့ TV အပိုင်း ၊ ပရိုဂရမ်တွေကို စီမံခန့်ခွဲတာတွေ၊ အခုအချိန်ထိ အနည်းငယ် အားနည်းနေဆဲ ဖြစ်တဲ့ ဘက်ထရီသက်တမ်း …စတဲ့ လုပ်ငန်းဆောင်တာ အပိုင်းတွေ အလွန်တိုးတက်လာပါမယ်.။ အထူးသဖြင့် iOS နဲ့ Android ကြား ဖိုင်များ အပြန်အလှန် ကူးပြောင်းတာတွေ၊ ဂိမ်းတွေ အပြင် တခြား ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လွှဲပြောင်း ရယူတာတွေ ပိုကောင်းမွန်လာမယ် လို့ သိရပါတယ်။
-
(ဇေယျာစံ)Myanmar Consumer Guide

0 comments:

Post a Comment