ကာင်းကင်က အင်တာနက်ကြီး ကျလာတော့မည်


ကမ္ဘာ့ ဝေးလံ ခေါင်သီ ဒေသ များဆီ က ပြည်သူ များ အင်တာနက် ကမ္ဘာကြီး ဆီ အရောက် လှမ်းဖို့ အတိုဆုံးလမ်းကား ကောင်းကင် ခရီးလမ်း ဖြစ်သည်။ အမေရိကန် နိုင်ငံ က နည်းပညာ အင် အားကြီး ကုမ္ပဏီ ကြီး များသည် ထို အတိုဆုံး လမ်းကို အသုံးပြု ရန် စိုင်းပြင်း နေပြီ။

နည်း ပညာ အရောက်အပေါက်နည်းသော ကမ္ဘာ့  ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် ဟူ သော အဆက်အသွယ် ရောက်ရှိရေး အတွက် ကောင်းကင်ခရီး က အရောက်သွားကြ ဖို့ နည်း ပညာ လုပ်ငန်းကြီးများ ပြင်ဆင်နေကြပြီ။ ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် အရောက်ပို့နိုင်ရေး ပြိုင်ပွဲတွင် ပြိုင်ဘက်များ ထက် တစ်လှမ်းကျောသည့်အနေဖြင့် ဂူဂဲ သည် ယခုအပတ် အတွင်းမှာပင် Titan Aerospace ကုမ္ပဏီ ကို ၀ယ်ယူ လိုက် ပြီဖြစ် သည်။ ထိုကုမ္ပဏီသည် နေစွမ်းအင်ဖြင့် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ ယာဉ် ပျံငယ် များ စမ်းသပ် ထုတ်လုပ်လျက်ရှိသည်။ ထိုယာဉ် ပျံငယ်များကို ဝေးလံခေါင်သီသော ဒေသ များ၏ ကောင်းကင်ယံများတွင် ပျံ သန်းစေ ကာ ယာဉ်ပျံငယ်များမှတစ်ဆင့် အင်တာနက် စနစ်ကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ထို နည်းဖြင့် ဝေး လံ ခေါင်သီ ဒေသနေများ အင် တာနက်ကမ္ဘာကြီးထဲ အတိုဆုံးလမ်းဖြင့် ရောက်လာ အောင် ဆောင်ကြဉ်း မည် ဖြစ် သည်။

တစ်ခုခုကို သေသေချာချာပြောရ လောက်အောင် အချိန် အားဖြင့်တော့ အရမ်းကို စောပါသေးတယ်။ လေထုထဲမှာပဲ လှည့်ပတ်ပျံသန်းနေမယ့် မောင်းသူမဲ့ ယာဉ်ပျံ တွေဟာ ဂြိုဟ်တု အငယ်စားလေးတွေလို တာဝန် ထမ်းဆောင်ကြပါလိမ့်မယ်။ ဝေးလံ ခေါင်သီ ဒေသများဆီက လူ သန်းပေါင်း များစွာ အတွက် အင်တာနက် ဖြန့် ကျက် ပေးပါလိမ့် မယ်။ အင်တာနက် လိုအပ်ချက် ဖြည့်ဆည်းရုံ သာမက သဘာဝ ဘေး ကယ်ဆယ်ရေး လုပ် ငန်း တွေအတွက်လည်း သတင်းအချက် အလက် ထောက်ပံ့ပေးနိုင်မယ်၊ တောပြုန်း ခြင်းလိုမျိုး ပတ်ဝန်းကျင် ထိခိုက်မှုတွေကို လည်း စောင့်ကြည့် နိုင်မှာ ဖြစ်ပါတယ် ဟု ဂူဂဲ ပြောရေး ဆိုခွင့်ရှိ သူက ထုတ်ပြန်ပြော ကြား သည်။

Titan ကုမ္ပဏီက စမ်းသပ်နေသော မောင်းသူမဲ့ ယာဉ်ပျံငယ် များသည် မြေပြင် အထက်ပေ (၆၅၀၀၀) နေရာတွင် နေစွမ်းအင် ဖြင့် ငါးနှစ် တိတိ ပျံသန်း နေနိုင် စွမ်းရှိသည်။ ကမ္ဘာ့ အပြင်ဘက် လွှတ်တင်ထားသော ဂြိုဟ် တုငယ်များ နည်းတူလည်း အလုပ်လုပ် နိုင်သည်။ ဂြိုဟ်တု များ လွှတ်တင် ရသည့် ကုန်ကျ စရိတ် ထက် လည်း များစွာသက်သာသည်။ ကောင်းကင်ယံမှတစ်ဆင့် အင်တာနက် ပေးခြင်း လုပ်ငန်း ကို ဂူဂဲအပြင် ဆိုရှယ် မီဒီယာ အင်အားကြီး ဖေ့စ်ဘွတ်ခ် လည်း စမ်းသပ်နေ သလို အခြား နည်းပညာ အင်အားကြီး လုပ် ငန်းကြီး အများအပြားလည်း ယှဉ်ပြိုင်စမ်း သပ်လျက်ရှိသည်။ကမ္ဘာ ပတ်လမ်းကြောင်း ထဲ လွှတ်တင် ထားသော ဂြိုဟ်တု များ မှ အင်တာနက်စနစ် ဖြန့်ကျက်ပေးခြင်း၊ ကမ္ဘာ့  အမြင့်ပိုင်း လေထုထဲ လွှတ်တင် ထားသော မိုးပျံပူဖောင်း များ ဖြင့် လည်းကောင်း၊ အခြား သော ယာဉ်ပျံအမျိုးမျိုးဖြင့်လည်းကောင်း စမ်းသပ်နေကြသည်။

ဂူဂဲသည် Project Loon စီမံကိန်းကို စတင်စမ်းသပ်နေပြီဖြစ်သည်။ ဝေးလံခေါင်သီ သော ဒေသများ ၏ ကောင်းကင်ယံတွင် မိုးပျံပူဖောင်းများ လွှတ်တင် ထားကာ ထိုပူ ဖောင်းများတွင် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားပြီး အင်တာနက် ထုတ်လွှတ် ပေးမည့် စီမံကိန်းဖြစ်သည်။ ထို စီမံကိန်း လက်တွေ့ အကောင် အ ထည် ပေါ်လာပါက ကမ္ဘာ တစ်ဝန်း အင်တာနက်နှင့် မထိ တွေ့ဖူး သေးသော နေရာများစွာသည် အင်တာနက် ကွန်ရက်ထဲ ရောက်လာတော့မည်။ ဂူဂဲ၏ အင်တာနက် ပူဖောင်း ကို နယူးဇီလန် နိုင်ငံတွင် လက်တွေ့ စမ်းသပ် လျက် ရှိသည်။ ဂူဂဲ၏ အင် တာနက် မိုးပျံပူဖောင်း သည် (၂၂) ရက် အတွင်း ကမ္ဘာကို တစ်ပတ် လှည့်ပတ် နိုင် စွမ်း ရှိသည်။ မိုးပျံ ပူဖောင်းသည် လေထုထဲတွင် ရက် (၁၀၀) ထိ နေနိုင် အောင် စီစဉ်ထားသည်။ ပူဖောင်း၏ တည်နေရာကို ကွန်ပျူတာစနစ် ဖြင့် ထိန်းချုပ်ထားမည်ဖြစ်သည်။

ဂူဂဲ၏ ပြိုင်ဖက်ကြီးကား ဖေ့စ်ဘွတ်ခ် ဖြစ်သည်။ ပြီးခဲ့သည် လက ဖေ့စ်ဘွတ်ခ်သည် ၎င်း တို့ အကောင် အ ထည် ဖော်လျက်ရှိသော ဆက်သွယ်ရေး ဓာတ်ခွဲခန်းကြီး ကို အများ ပြည်သူ သို့ အသိပေး ပြသခဲ့သည်။ ကမ္ဘာ တစ်ဝန်း အင်တာနက် မရှိသေးသည့် နေရာ များကို မောင်းသူမဲ့ ယာဉ်ပျံ များ၊ ဂြိုဟ်တုများ၊ နေစွမ်း အင် သုံး လေယာဉ်ပျံ များ စသည့် အ မျိုးမျိုးသော နည်းလမ်းများဖြင့် အင်တာနက် ၀န်ဆောင်မှု ပေးနိုင်ရန် စမ်းသပ် နေ မှုများကို တစ်စိတ်တစ်ဒေသ လှစ်ဟပြသွားသည်။ ကောင်းကင်မှ အင်တာနက် ဖြန့်ကျက် ပေး ရာတွင် မိုးပျံ ပူဖောင်းများ သုံးခြင်း ထက် မောင်းသူမဲ့ ယာဉ်ပျံ များ သုံးခြင်း ကို ပိုသဘော ကျကြောင်း ဖေ့စ်ဘွတ်ခ် တည် ထောင် သူ မာ့ခ် ဇက်ကာဘက်ဂ်ျကလည်း ပြောကြား လိုက်သည်။ မောင်းသူမဲ့ ယာဉ်ပျံများသည် 
 
မိုးပျံ ပူဖောင်း များ ထက် အကြမ်းပတမ်း ခံနိုင်သလို၊ တည်နေရာ ထိန်းချုပ် ရန်လည်း ပို လွယ်ကူကြောင်း ဇက်ကာဘက်ဂ်ျက သုံး သပ်သည်။ ဂြိုဟ်တု လွှတ်တင်ခြင်း ထက် လည်း ကုန်ကျ စရိတ်များစွာ သက်သာ သဖြင့် ပိုသဘောကျမိ ကြောင်း ဖြည့်စွက်ပြောသည်။ ဖေ့စ်ဘွတ်ခ် သည် နိုင်ငံတကာ နည်းပညာ လုပ်ငန်းကြီး များ ဖြစ်သော ဆမ် ဆောင်း၊ နိုကီယာ၊ အဲရစ်ဆင်၊ ကွာကွမ်း စသည် တို့နှင့် ပူးပေါင်းပြီး Internet.org အဖွဲ့ကို ထူထောင် ထား သည်။ ကမ္ဘာ့  ဖွံ့ဖြိုးမှု နောက်ကျ ဒေသ များကို အင်တာနက် ချိတ်ဆက် ပေးနိုင်ရန် ထိုအဖွဲ့က နည်းလမ်းရှာ ကြိုး ပမ်းသွားမည် ဖြစ်သည်။ နည်းပညာ လုပ်ငန်းကြီးများ၏ ကြိုးပမ်းချက်များအပေါ် သံသယ၀င်မှုများ လည်း ရှိနေသည်။

အကြောင်းအရာကတော့ စိတ်ဝင်စား စရာ အရမ်းကောင်းပါတယ်။ နည်းပညာက ခုမှ အသစ်ဆိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်””ဟု Endpoint Technologies နည်း ပညာလုပ်ငန်းမှ ရော်ဂျာကေးဆိုသူ ကပြော သည်။ ဂူဂဲသည် Titan ကုမ္ပဏီကို ၀ယ်ယူ လိုက်ခြင်း မှာ ဖေ့စ်ဘွတ်ခ်၏ လက်ဦး မှုကို ကာကွယ်ရန် အလို့ငှာ ၀ယ်ယူ လိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း၊ Titan ကို ၀ယ်ယူလိုက် ခြင်းမှ ထူးခြားသော ရလဒ်များ ထွက် လာရန် သိပ်မမျှော်လင့်နိုင်ကြောင်းဖြင့် ကေးက သုံး သပ်ပြောကြားသည်။

J. Gold Associates နည်းပညာ လုပ်ငန်းစု မှ ဂျက် ဂိုးလ်ဒ် ဆိုသူ က ပို၍ပင် သံသယ၀င်လျက် ရှိနေ သည်။ ကောင်းကင်ကနေ အင်တာနက် ဖြန့် ကျက်ပေး ဖို့ကိစ္စကို လူတွေ စမ်းသပ် နေကြ တာ ကြာပါပြီ။ ခုထိ ချေချေမြစ်မြစ် လုပ်ပြ နိုင်တာမျိုး မရှိသေးပါဘူး၊ ဂူဂဲအပြင် အခြား နည်းပညာ လုပ်ငန်းတွေအနေနဲ့ ဝေးလံခေါင် သီ ဒေသ များဆီ ကောင်းကင်ယံ ကနေ အင် တာနက် ဖြန့်ကျက် ပေးဖို့ေ မာင်းသူမဲ့ ယာဉ်ပျံ ထောင်ချီပြီး အ သုံး ပြု ရ မှာဖြစ်တဲ့အတွက် ကုန်ကျစရိတ် ကာမိမယ်လို့ မထင်ပါဘူး ဟု မစ္စတာ ဂိုးလ်ဒ်က သုံးသပ် ပြောကြား သည်။ ဂူဂဲအနေနဲ့ စမ်းသပ်မှုတွေ ဆက်လုပ် သွားမှာကတော့ သေချာ ပါတယ်။ သူတို့ မှာ လုပ်နိုင်တဲ့ ငွေကြေး လည်း ရှိတယ်။ စွမ်းအင် ရင်းမြစ်တွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသ တွေက ပြည်သူတွေ အတွက် အင်တာနက် ဖြန့်ကျက် ပေးဖို့ရာမှာ ဒီ နည်း လမ်း တစ်ခုတည်း သာ ရှိတယ်လို့တော့ ကျွန်တော် မထင် ပါဘူး။ ပိုထိရောက်မယ့် နည်းလမ်းတွေ ထွက်ပေါ်လာဦးမယ်လို့ ယုံကြည်ပါတယ်”” ဟု မစ္စတာ ကေးက သုံး သပ်သည်။ ဂူဂဲသည် အင်တာနက် ဖြန့်ကျက်ရေး တွင် ဝေဟင် စစ်ပွဲ သာမက မြေပြင် စစ်ပွဲကို လည်း ဆင်နွှဲနေ သူဖြစ်သည်။ ကယ်လီဖိုးနီး ယားအခြေစိုက် အင်တာနက် အင်အားကြီး ဂူဂဲသည် Google Fiber စီမံကိန်းကို ဆောင် ရွက်လျက်ရှိပြီး မြန်နှုန်းမြင့် အင်တာနက် စနစ်ကို အမေရိကန်မြို့ကြီး အများအပြား တွင် စမ်းသပ်လျက် ရှိသည်။

ဂူဂဲ၏ အင်တာနက်စီမံကိန်းနှင့် နီးစပ် သူများ၏ ပြောကြားချက် များ အရလည်း ဂူဂဲ စီမံကိန်းများသည် စိတ်ကူးပေါက်လို့ စမ်းသပ် နေခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ သုံးဖို့ စမ်း သပ်နေခြင်းဖြစ်ကြောင်း သိရသည်။ Loon မိုးပျံပူဖောင်းစနစ်၊ Titan မောင်းသူမဲ့ ယာဉ်ပျံ စနစ်များမှ စုဆောင်းရရှိသော သတင်း အချက် အလက် များ ကို အင်တာနက် ဖြန့်ကျက်ပေး ရန်သာမက အခြားသော ဂူဂဲဝန် ဆောင်မှုများ ဖြစ်သည့် Google Maps ကဲ့ သို့ စနစ်မျိုးကို ပိုအားကောင်း တိကျလာအောင် အားဖြည့်နိုင် မည့် ကောင်းကျိုး များလည်း ရနိုင်သည်ဟု သုံးသပ်မှုများ ရှိသည်။

Ref: Tech giants look to skies to spread Internet

The Messenger



0 comments:

Post a Comment