iPhone, iPad နဲ့ iPod touch တွေအတွက် iOS 7.1.1 Update အသစ်တခု ထွက်ရှိ.... (how to install it)


iPhone, iPad နဲ့ iPod touch တွေအတွက် iOS 7.1.1 update တခုကို Apple က release လုပ်လိုက်ပါ တယ်... ဒီ update မှာတော့ အောက်ပါ အပြောင်းအလဲတွေကို ပြုလုပ်ထားပါတယ်...

  • Further improvements to Touch ID fingerprint recognition
  • Fixes a bug that could impact keyboard responsiveness
  • Fixes an issue when using Bluetooth keyboards with VoiceOver enabled 
  • Security updates (ဒါနဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာချင်တယ်ဆိုရင် Apple ရဲ့ မူရင်းဆိုဒ်ဖြစ်တဲ့ ဒီနေရာမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်...

ဒီ update ဟာ Jailbreakers တွေအတွက်တော့ အလားအလာ မကောင်းသေးပါဘူး... ကျနော်တို့ သိတဲ့အတိုင်းပါပဲ evasi0n7 jailbreak ကနေ iOS 7 မှာ အသုံးပြုထားတဲ့ vulnerabilities အတော်များများ ကို  Apple က Patch လုပ်ထားပါတယ်... iOS 7.1.1 ကို update လုပ်လိုက်ခြင်းအားဖြင့် jailbreak အခွင့်အလမ်းတွေ ဆုံးရှုံးမှာဖြစ်တဲ့အတွက် ရှောင်နေသင့်ပါတယ်..


iOS 7.1.1 update ကို  install လုပ်ချင်တဲ့ iPhone, iPad နဲ့ iPod touch အသုံးပြုတဲ့ မိတ်ဆွေများ အနေနဲ့ အောက်ပါအတိုင်း တဆင့်ချင်း install လုပ်နိုင်ပါတယ်.....

Over the Air (OTA) အနေဖြင့် install လုပ်ခြင်း...

Update process အတောအတွင်း ဘက်ထရီ အားကုန်တာ မဖြစ်ရလေအောင် device ကို plug in ကြိုတင် လုပ်ထားပါ... update လုပ်တဲ့အချိန်ဟာ internet connection အနှေးအမြန် ပေါ်မူတည်ပြီး မိနစ်အနည်းငယ်ကနေ ၁ နာရီအထိ ကြာကောင်းကြာနိုင်ပါတယ်... WiFi network ရှိရင်လည်း အဆင်ပြေပါတယ်...




 
အင်တာနက် connection အသင့်ဖြစ်ပြီဆိုရင်... Setting> General > Software Update တဆင့်ခြင်း သွားပါ... device က အလိုအလျောက် updates check လုပ်ပါမယ်... ပြီးရင် iOS 7.1.1 တွေ့ပါမယ်... Download and Install ကို နှိပ်ပြီးပါ... စတင် download လုပ်ပါမယ်... ဒေါင်းလုပ်လုပ်တာ ပြီးရင် notification တခုပေါ်လာပါမယ်... Install ကို နှိပ်ပြီး update လုပ်နိုင်ပါပြီ...

Evasi0n ကို အသုံးပြုပြီး Jailbreak လုပ်ထားတဲ့ မိတ်ဆွေများအနေနဲ့ jailbreak အခွင့်အလမ်းတွေ ဆုံးရှုံ့းမှာကို မစိုးရိမ်ဘူးဆိုရင် ဒီ iOS 7.1.1 ကို update လုပ်နိုင်ပါတယ်... ဒါပေမဲ့ OTA ကနေ update လုပ်လို့ မရပါဘူး... OTA updates ကို Disable လုပ်ထားလို့ပါ...  အခြားနည်းလမ်း တခုအနေနဲ့ အောက် မှာ ဖော်ပြထားတဲ့ iTunes ကနေတဆင့် လုပ်ရပါလိမ့်မယ်...

iTunes ပေါ်မှာ download လုပ်ရယူပြီး install လုပ်ခြင်း...

Users အတော်များများဟာ (ကျနော်အပါအ၀င်) idevice ကို USB cable သုံးပြီး ကွန်ပြူတာနဲ့ ချိတ်ဆက် ကာ iTunes နဲ့ update လုပ်ရတာကို ပိုပြီးသဘောတွေ့ပါတယ်... Wi-FI signal နဲ့ ထိတွေဆက်ဆံရတာ မလုပ်ရတဲ့အတွက်ကြောင့် Update ကို ဒေါင်းလုပ်ပြီး install လုပ်တဲ့နေရာမှာ error တက်နိုင်တဲ့ အလားအလာ အလွန်နည်းပါတယ်... ဒီနည်းသုံးရင် တခုရှိတာက iTunes ကို အမြဲတမ်း update ဖြစ်နေအောင် လုပ်ထားဖို့ပါပဲ... iTunes menu bar ပေါ်က “Check for updates”  ကိုနှိပ်ပြီး နောက်ဆုံး update ကို စစ်ဆေးကြည့်နိုင်ပါတယ်... ဒါမှမဟုတ်ရင်လည်း Apple’s iTunes download page မှာ တိုက်ရိုက်သွားပြီး update လုပ်ယူလို့ရပါတယ်...

iTunes ဟာ နောက်ဆုံး update ဖြစ်တယ်ဆိုရင်တော့ USB cable သုံးပြီး idevice ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ... iTunes နဲ့ device ဆက်သွယ်နေတာကို စောင့်ပါ... iTunes ထဲမှာ idevice ကို တွေ့ပြီဆိုရင် “Check for Update” ဒါမှမဟုတ် “Update” button ကို နှိပ်ပါ... update အသစ် ရှိတယ်ဆိုရင်တော့ prompt လုပ်ပါလိမ့်မယ်... download ပြီး install လုပ်ပါ... update process ပြီးတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ပါ... idevice ကို disconnect မလုပ်ပါနဲ့...

Firmware file ကို အသုံးပြုပြီး iTunes ကနေတဆင့် install လုပ်ခြင်း...

ဒါကတော့ နောက်ဆုံး option ပါ... iOS 7.1.1 update ကို အထက်မှာ ဖော်ပြခဲ့တဲ့ OTA update ဒါမဟုတ် iTunes ပေါ်ကနေ ဒေါင်းလုပ်ပြီး install လုပ်မရဘူးဆိုရင်တော့ ဒီနည်းကို အသုံးပြုရမှာ ပါ..  အောက်မှာ မိမိ idevice နဲ့ ကိုက်ညီတဲ့ firmware file ကို ယူပြီး iTunes ကနေဆင့် install လုပ်ရပါမယ်...

ဒါကြောင့် မိမိ idevice နဲ့ ကိုက်ညီတဲ့ file ကို download ပြီး အလွယ်တကူ ပြန်ရှာနိုင်တဲ့နေရာမှာ save လုပ်ထားပါ...

iPhone:
iPhone 5S (GSM)
iPhone 5S (CDMA)
iPhone 5 (GSM)
iPhone 5 (CDMA)
iPhone 5C (CDMA)
iPhone 5C (GSM)
iPhone 4S (GSM & CDMA dualband)
iPhone 4 (GSM Rev A)
iPhone 4 (GSM)
iPhone 4 (CDMA)

iPad:
iPad Air (Wi-Fi + Cellular)
iPad Air (Wi-Fi)
iPad 4 CDMA)
iPad 4 GSM)
iPad 4 Wi-Fi)
iPad 3 Wi-Fi (3rd gen)
iPad 3 Wi-Fi + Cellular (GSM)
iPad 3 Wi-Fi + Cellular (CDMA)
iPad 2 Wi-Fi (Rev A)
iPad 2 Wi-Fi
iPad 2 Wi-Fi + 3G (GSM)
iPad 2 Wi-Fi + 3G (CDMA)
iPad Mini (CDMA)
iPad Mini (GSM)
iPad Mini (Wi-Fi)
iPad Mini Retina (Wi-Fi + Cellular)
iPad Mini Retina (Wi-Fi)

iPod Touch:
iPod Touch (5th gen)

Update လုပ်ငန်း စတင်ဖို့အတွက် USB cable ကို သုံးပြီးတော့ idevice ကို computer နဲ့ ချိတ်ဆက်ပါ... iTunes နဲ့ device ဆက်သွယ်နေတာကို စောင့်ပါ... iTunes ထဲမှာ idevice ကို တွေ့ပြီဆိုရင် iTunes ရဲ့ ညာဘက်အထက် ဒေါင့်နားက iTunes Store button ဘယ်ဘက်ရှိ device button ကို click ပါ... ပြီးရင် Shift key ကို ဖိထားပြီး (Mac မှာဆိုရင် Option key ကို ဖိထားပြီး) “Check for Update” button ကို click လုပ်ပါ... ဒီနေရာမှာ အပေါ်က မိမိ idevice အတွက် ဒေါင်းလုပ်ပြီး save ထားတဲ့ .ipsw file ကို select လုပ်ပြီး ရွေးပေးလိုက်ပါ... install process စတင်ပါမယ်... စောင့်ပါ...

idevice ကို ကွန်ပြူတာကနေ disconnect မလုပ်ပါနဲ့... လိုအပ်ရင် အရင်က backup လုပ်ထားတဲ့ file တွေကို restore လုပ်ပါ... synchronize လုပ်ပါ...

Ref:apple/ iphonehacks/ idownloadblog/

အဆင်ပြေပါစေ... By ကိုမျိုး
http://lwanmapyay.blogspot.com


2 comments:

iphone 5 မှာ မော်ဒယ် နံပါတ် က နှစ်မျိုးရှိတော့ ဘယ်ဟာကို ဒေါင်းရမလဲ... အကိုတင်ထားတာ မော်ဒယ် နံပါတ်မပါတော့ သိပ်မဒေါင်းရဲဘူးဖြစ်နေတယ်...ဗျ..။

ှုiphone 5 GSM တင်ကို မော်ဒယ် နှစ်မျိုးရှိတာဗျ...။ဖြစ်နိုင်ရင် ပြန်တင်စေချင်ပါတယ်.။

Post a Comment