လေယာဉ်ရှာဖွေရေး လုပ်ငန်း သုံးပုံနှစ်ပုံ ပြီးမြောက် ပျောက်ဆုံး လေယာဉ်၏ မည်သည့် သဲလွန်စမျှ မတွေ့ရ



မတ်လ ၈ ရက်က ပျောက်ဆုံးသွားသော မလေးရှား လေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီးသည်တင် လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများ ပြုလုပ်လျက်ရှိရာ ရှာဖွေရေး ဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီး သည့်တိုင် ပျောက်ဆုံး နေသည့် လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သြစတြေးလျ အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင် ပြောကြားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး တင်ဆောင်၍ ပျောက်ဆုံးသွားသော ခရီးစဉ်အမှတ် အမ်အိတ် ခ်ျ ၃၇၀ ဘိုရင်း ၇၇၇ လေယာဉ်ကို ဝေဟင်၊ ရေပြင် ရှာဖွေမှုများ အပြင်းအထန်လုပ်ဆောင်နေ
သည့်တိုင် ရှာဖွေရေးဇုန်အတွင်း မည်သည့်အပျက်အစီးမှ မတွေ့ရခြင်းကြောင့် ရှာဖွေရေး လုပ်ငန်းမျှော်လင့်ချက်မှာ အမေရိကန်ရေတပ်၏ ဘလူးဖင်း-၂၁ ရေအောက်ရှာဖွေရေးယာဉ်အပေါ်တွင် မူတည်နေပြီဖြစ်
သည်။

သို့ရာတွင် ဘလူးဖင်း ရေအောက်ဆင်းယာဉ်သည် ယနေ့အချိန်အထိ သတ်မှတ်ရှာဖွေရေး ဇုန်အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံကိုရှာဖွေပြီး သည့်တိုင် ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍ မည်သည့်သဲလွန်စ မျှမရ သေးကြောင်း ရှာဖွေရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသည်။

ရေအောက်ရှာဖွေဇုန်သည် ပျောက်ဆုံး လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ၏ ဒုတိယမြောက်အချက်ပြလှိုင်းထွက်ပေါ်ရာနေရာအား ဗဟိုပြု၍ အချင်းဝက် ၁၀ ကီလိုမီတာ အ၀န်းအ၀ိုင်းရှိကြောင်း သိရသည်။

ဘလူးဖင်း ၂၁ ရေအောက်ဆင်းယာဉ်၏ ပင်လယ်ကြမ်းပြင် ရှာဖွေရေး ဇုန်အကျယ်အ၀န်းမှာ ဧပြီ ၂၁ ရက်တွင် စတုရန်းကီလို မီတာ ၄၉၄၉၁ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သြစတြေးလျ တာဝန်ရှိသူများက ပြောကြားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment