Samsung မှ ၇ လက်မ အရွယ်ရှိတဲ့ Smartphone ကိုထုတ်လုပ်မည်



Aung Ko Htet (MM IT Knowledge)

Samsung ကတော့ screens size ကြီးသထက်ကြီးတဲ့ Smartphone တွေထုတ်လုပ်ဖို့ ကြံရွယ်နေပါတယ်။ Samsung SM-T2558 ဟာအခုဆိုရင် ကြီင်္းမားတဲ့ screen size ကို အသုံးပြုပြီးထွက်ရှိလာတော့မှာဖြစ် တယ်လို့ တရုတ်အခြေစိုက် website တစ်ခုဖြစ်တဲ့ TENAA မှာ ဖော်ပြထားပါတယ်။ ၄င်း Website မှာ နည်းပညာ ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်တွေအကို နည်းပညာ ထုတ်ကုန် တွေကိုဝယ်ယူကြမဲ့ customer များအတွက်  အသေးစိတ်ဖော်ပြပေးနေတဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။

Samsung မှ အခုထုတ်လုပ်မဲ့ ၇လက်မ screen size ရှိတဲ့ Smart phone ဟာလည်း Galaxy မျိုးစက်ဝင်တစ်ခုအဖြစ် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ smart phone ရဲ့နာမည်ကိုတော့ Galaxy Mega 7.0 အဖြစ်နာမည်ပေးမယ်လို့လည်း ရည်ရွယ်ထားကြပါတယ်။

၇ လက်မအရွယ်ရှိတဲ့ smartphone ရဲ့ အသေးစိတ်အချက်အလုက်တွေကတော့ 1.2 GHz quad-core processor သုံးထားခြင်း၊ RAM ကိုလည်း 1.5 GB အသုံးပြုထားခြင်း ၊ Camera ကတော့ အရှေ့ဘက်  ပိုင်းကတော့ 8 MP ကိုအသုံးပြုထားပြီး အတွင်း ဘက်ပိုင်းကိုတော့ 2 MP အသုံးပြုထားပါတယ်။ Android version က 4.3 Jelly Bean အသုံးပြုမယ်လို့ ဆိုပါတယ်။ Internal storage ကတော့ 8 GB ပါဝင်ပြီး Micro SD card ထည့်ဖို့အတွက် slot လည်း ပါဝင်ပါတယ်။ Network ပိုင်းကိုတော့  3G/ 4G နှစ်မျိုးအတွက်အသုံးပြုနိုင်ပြီ။ TD-SCDMA နဲ့ TD- LTE အမျိုးအစားတွေကို အသုံးပြုနိုင်ပါတယ်။ 

Translate by Aung Ko Htet

Ref: Arena

0 comments:

Post a Comment