အမှောင်ကျကျ အရိပ် မဲမဲ ပုံရိပ် ရိုက်ကူးခြင်း (Silhouette Photography)



By ဆရာဦးစိုးလှိုင် (Country Road)


Main Subject အား အမဲ ရောင် ဆန်ဆန် အမှောင် ရိပ် ကျ အောင် ရိုက်သည့် နည်း ဖြစ်သော  Silhouette Photography သည် ဓါတ်ပုံ နည်းပညာ တွင် အနုပညာ ခံစား မှု တစ်ရပ် ပေးသည့် နည်း တစ် နည်း ဖြစ်ပါသည်။ အထူးသဖြင့် ရုပ်ပုံကြွ Three Dimension ဘဲ ၀ပ်နေသည့် Two Dimension ပုံရိပ် ဖြစ်ပါသည်။

အောက်ပါ မှတ်စုကို Shannon Heimsoth ၏ Capturing Silhouette Photo နှင့် Josh Johnson ၏ Simple Steps for Amazing Silhoutte   ဆောင်းပါး များကို ပင်မထား မှီငြမ်း ကာ ရေး သား ထားခြင်း ဖြစ်ပါသည် ပုံ များသည် Shannon Joy နှင့် Josh Johnson တို့ ၏ ပုံ များ ဖြစ်ကြပါသည်။



Silhouette Photography.


Silhouette Photography သည် အလင်း နှင့်အမှောင် များစွာ ကွာခြားသည့် High Contrast ပုံ ဖြစ်သဖြင့် အာရုံကို ဖမ်းစားရန် လွယ်ကူသည့် ပုံ ရိပ် ဖြစ်သည်။ ကြည့်သူ အနေနှင့် သာမန် ကြည့်ရုံ မျှ တင်မက စိတ် အစဉ် ကိုအကန့် အသတ် မရှိ  ဖြန့်၍ ခံစား နိုင် စွမ်း ရှိသည့်  ရဿ တစ်ခု ကို ပေးနိုင်စွမ်း ရှိသော ပုံ ရိပ်မျိုး ဖြစ်သည်ဟု ဆိုရပါမည်။


ဓါတ်ပုံ ဆရာ အနေ နှင့် ၄င်းပြ လိုသော ရဿတစ်ခု ကို ပြစေကာမူ ကြည့်သူ အနေနှင့် သူ၏ စိတ် ခံစားအတိုင်း သူ ၏ စိတ် အစဉ် အတိုင်း လို သလို စိတ် ကြိုက် အဓိပ္မါယ် ဖွင့် ဆိုခံစား နိုင် သည့် ပုံ ရိပ် မျိုး ဖြစ်ပါသည်။


ယျေဘူယျ အားဖြင့် ဓါတ်ပုံ ရိုက်ရာ ၌ နေပူ ထဲ တွင် ဖြစ်စေကာ မူ Subject ၏ အသေးစိတ်များ ပေါ် စေရန် Fill in Flash ဖြင့် ဖြည့် ပေးရစေကာမူ Silhouette Photography တွင်မူ ၀ိုး တ၀ါး ခံ စားမှု မျိုး ပေးနိုင် စေရန် Out Line ဖြစ်သည့် အနားသတ် ကောက်ြော့င်း လေးကိုသာ အသားပေး ဖေါ်ပြသည့်ရိုက်နည်း ဖြစ်သော ကြောင့်  Flash လုံးဝ မသုံးရသည့် ရိုက်နည်း ဖြစ်ပါသည်။


Silhouette Photography ကို ကြည့် လျှင် အတန်ငယ် ရှုပ်ထွေးကာ ပြသ လိုသည့်ကို ထိရောက်စွာ ပြသရန် ခက်သည့် ရိုက် နည်းဟု ထင်မှတ်ရန် ရှိပါသည်။ သို့ ရာတွင် ထင်သလောက် မခက်သည့် ရိုက်နည်း ဖြစ်ပါသည်။ အမြင့် တန်း ဓါတ်ပုံ ဆရာ များ မဟုတ်စေကာမူ ရိုက် နိုင်သည့် နည်း တစ်ခု လည်း ဖြစ်ပါသည်။



Silhouette Photography ရိုက်ကူး ရန် နှင့် ပတ်သက်၍ အောက်ပါ အတိုင်း စီစဉ် ဆောင်ရွက် ရန် အကြံပြု လိုပါသည်။



၁။     နောက်ခံ Background သည် မိမိ ရိုက်ကူးသည့် Subject ထက် ပို၍ တောက် ပရန် လိုပါသည်။ သို့ မှသာ လျှင် Subject သည် ပေါ်လွင် လာမည် ဖြစ်ပါသည်။ ဓါတ်ပုံ ဆရာများသည် Silhouette Photography ကို ညနေ စောင်း တွင် ရောင်စုံဖြာ တောက်ပနေသည့် ကောင်းကင် အလင်းရောင် ကို နောက်ခံ ထားကာ ရိုက် လေ့ ရှိကြပါသည်။ Subject သည် နောက်ခံ အလင်းရောင် ပေါ်တွင် Out Line ထင်ရှား သဲကွဲ စွာ ပေါ်သည့် Subject ဖြစ်ရန် လိုပါသည်။



၂။     Subject ကို ရွေးရာ တွင် အနားသတ် ကောက်ကြောင်း မျဉ်း ( Out Line ) ထင်ရှားကာ ပေါ်လွင်သည့် ပုံ ဖြစ်ရန် လိုပါသည်။ ကြည့်သည်နှင့် မည်သည့် ပုံ ဆိုသည် ကို ကွက်ကွက် ကွင်းကွင်း သိနိုင်သည့် အနားသတ် ကောက်ကြောင်း မျဉ်း ( Out Line ) ရှိနေစေရန်  လိုပါသည်။ Subject ကို ကြည့် သည်နှင့် မည်သည့် ပုံ၏ Out Line ဖြစ်သည် ဆိုသည်ကို သိနိုင် သော Strong and Recognizable Out Line ဖြစ်ရန် လိုပါသည်။



ဤ သို့ ဖြစ်စေရန် Subject ကို နောက်ခံ ၏ အ တောက်ပဆုံး ( Brightest Light Source ) ၏ ရှေ့ တွင် ထားရန် လိုမည်ဖြစ် ပါသည်။




၃။     မိမိ ပြ လိုသည့်  Subject သည် အခြားသော အရာ များ နှင့် မရော ယှက် ဘဲ သီး ခြား ဖြစ်နေရန် လိုပါသည်။ အခြားသော အရာ များလည်း ရော နှော နေပါလျှင် အဆိုပါ အရာများ နှင့် မိမိ ပြလိုသည့် Subject တို့ အတန် အသင့်သော နေရာ ကွာ နေရန် လိုပါသည်။ အကယ်၍ နောက်ခံ Background သည် Subject ကို အာရုံ လျှော့ပါး စေနိုင်သည့် အလင်း ပိတ် နေသကဲ့ သို့ ဖြစ်နေပါက Subject ကို ကြည့်သူ ၏ အာရုံ တိုက်ရိုက်ရောက်စေမည့် အလင်း ရောင် ကောင်းစွာရှိသော နေ ရာ သို့ ရွေ့ ပေးရပါမည်။



၎။     နောက်ခံ အနှောက် အယှက် များကို ရှောင်လွှဲ ရန် ထိုင်ချ လိုက်ပါ။ လိုအပ် ပါက ၀မ်းလျှားထိုးမှောက်ကာ ရိုက်ပါ။ ဤ သို့ ဖြင့် Subject ကို နောက်ခံ အနှောက် အယှက် အတော် ကင်းသည့် အနေ အထားသို့ ရောက်လာစေ နိုင်ပါမည်။



၅။     ရိုက်သည့် အချိန်တွင် Spot Metering ကိုသုံးသင့် ပါသည်။ လွန်စွာ တောက်ပ နေသည့် နေရောင် ၏ Metering ကို မယူပါနှင့်။ နေရောင်ကို Exposure ယူ လိုက်ပါက နေရောင်၏  Harsh Light က ပုံ ကို ဖျက်ဆီးပါလိမ့် မည်။ ကင်မရာ က အလွန် အမင်း လင်းနေသည်ဟု မှတ်ယူ ကာ Silhouette ကို လိုသည့်ထက် ပို၍ မှောင် သွား ပါစေလိမ့် မည်။



ပထမ ကောင်းကင် ၏ Exposure ကို သာ Metering ယူပါ။ Sky Exposur မှန်ပြီ ဆိုပါမှ မိမိ၏ Subject ကို Focus လုပ်ကာ ရိုက်ပါ။ ထိုအချိန်တွင် ကောင်ကင် က လင်းနေသည့် အတွက် ကင်မရာသည် လင်းနေသည်ဟု ယူဆကာ Subject ကို Exposure လျှော့ လိုက်မည် ဖြစ်သည့် အတွက် SubJect သည် Under Expose ဖြစ်ကာ မှောင် မဲ သွားပါ လိမ့် မည်။ အဆိုပါ Silhouette သည် လိုအပ်သည့် အမှောင် ဖြစ်လာပါလိမ့် မည်။



၆။     ပုံ တွင် Light Sources များ ကျယ်ပွင့် ( Star) ပေါ် လာစေရန်အတွက် Aperture ကို f-8 သို့မဟုတ် ထိုထက်သေးသည့် Aperture သို့ လျှော့ ချ လိုက် သင့်ပါသည်။ သို့ မဟုတ် အလင်း နှင့် အရောင် ကို မထိခိုက် စေသည့် Star Filter ကိုသုံးနိုင် ပါသည်။



၇။     Subject ကို နောက်ခံ Background အနှောက် အယှက်များ ကင်းစေရန် အတွက် နောက် သို့ နည်းနည်း ဆုတ်ကာ ရိုက်ပါ။



၈။     Silhouettes ကို အလင်းရောင် မှုန် မှိုင်းနေသည့် နေ့ခင်း လည်း ရိုက်နိုင်ပါသည်။ အောက်ပါ ပုံ ကဲ့ သို့ ပြူတင်းပေါက် မှ ၀င်လာသည့် တောက်ပသော အလင်းရောင် ကို Against the Light လုပ်ကာ ရိုက်နိုင်ပါသည်။



၉။     Silhouette photos အားလုံးသည်  Subject ၏နေရာ အားလုံ မဲ မှောင် နေသည် ချည်း မဟုတ်ပါ။ တစ်စိတ် တစ်ပိုင်း မဲနေသည့် ပုံသည် Three Dimension အဖြစ် ရုပ်လုံး ကြွ လာပါလိမ့် မည်။ အဆိုပါ ပုံ ကို Partial Silhouette ဟု ခေါ်ပါသည်။ အောက်ပါ ပုံ ကဲ့ သို့ Three Dimension ရုပ်လုံးကြွ Silhouette ဖြစ်ပါသည်။



၁၀။   ပုံ သည် နောက်ခံ Backgroung နှင့် ပို၍ ကွဲလာစေရန်  Editing လုပ်ရာ တွင် Ssaturation  နှင့် Contrast  ကို နည်းနည်း စီ တင်ပေးရန်လိုပါသည်။




အထက်ပါ နည်း များ ကို မှီငြမ်း ကာ ရိုက်ခြင်းဖြင့်   Silhouette Photo ရိုက်ခြင်း ကို အတော် အသင့် အထောက် အပံ့ ဖြစ် နိုင် မည်ဟု မျှော်လင့်ပါသည်။




Silhouette Photo  ရိုက်ကူး ခြင်း နှင့်ပတ်သက်၍ ပုံ အလိုက် ရှင်းလင်း ချက်များ -


Choose Your Subject Carefully



ကင်မရာ Setting နှင့် Technical Details များ မစဉ်းစားမှီ မိမိ ရိုက်မည့် Subject ကို နေရာ ချရန် လိုပါမည်။ ဤ ကိစ္စ သည် အနည်းအကျဉ်း လက်ဝင်သည့် ကိစ္စ ဖြစ်ပါသည်။



မိမိ Subject ကို Two Dimensional ပေါ်လာစေရန် လုပ်ရမည့် ကိစ္စ ဖြစ်ပါသည်။ Silhoutte Photography သည် Subject ၏ Detail များကို လျှော့ ချသည့် ရိုက်ကူးသည့် နည်းဖြစ်သည်ကို သတိပြုရပါမည်။ Subject သည့် တစ်ခု ထက်များ နေပါက တစ်ခု နှင့် တစ်ခု ထပ် မနေ စေရန် စီစဉ် ရပါမည်။ အောက်ပါပုံ တွင် Subject (၃) ခု သည် တစ်ခု နှင့် တစ်ခု မထပ်ဘဲ သီးခြားစီ ရှိနေစေရန် စီစဉ် ထားသည်ကို မြင်နိုင်ပါသည်။



အောက်ပါ  “kissing silhouette” ပုံ တွင် မျက်နှာ နှစ်ခု ထပ်နေသည်ကို တွေ့ ရပါမည်။ မျက် နှာ နှစ်ခု အနည်း ငယ်စီ ကွာနေပါက ပိုကောင်း ပါမည်။



Silhouette  Photography သည် အနု စိတ်များကို ဖျောက် ထားသည့် ရိုက် နည်း ဖြစ်သောကြောင့်  မည်သည့် Silhouette ပုံ ရိုက်သည် ဖြစ်စေ နှစ်ခု ထပ်မနေစေရန် သတိပြုရပါမည်။

 Lighting



 

ilhouette သည် နောက်ခံ အလင်း ရောင် Backlighting ဖြင့်ရိုက်သည့် နည်း ဖြစ်ပါသည်။ ထို့ ကြောင့် နောက်ခံ အလင်းရောင် တောက်ပ နေရန် လိုပါသည်။ တစ်ခါ တစ်ရံ မိမိ မျက်စေ့ က နောက်ခံ အလင်းသည် တောက် နေသည် ဟု ထင်စေကာ မူ ကင်မရာ အနေနှင့် လိုအပ် သည့် တောက်ပမှု မရှိ ဟု မှတ်ယူသည့် အခြေအနေမျိုး နှင့် လည်း ကြုံ တွေ့ တတ် ပါသည်။ ထို့ကြောင့် စမ်း ရိုက်ကြည့် ရန် လိုပါသည်။ လိုအပ် သည်ကို ထပ်မံ ပြင် ဆင်ရပါမည်။


Lighting Part 1: In the Studio


Silhouette ကို Studio ထဲ ရိုက်လျှင်မူ Background နှင့် Lighting ကို မိမိစိတ် ကြိုက် ဖန်တည်း နိုင်ပါသည်။ Subject, Lighting, Colour နှင့် နောက်ခံ တို့ ၏ အလင်းရောင် ကွာခြားမှု ကို စိတ်ကြိုက် စီစဉ် နိုင်ပါသည်။ အကယ်၍ ပုံ၏ Shape အပြင် Tone နှင့် Impression တို့ကိုပါ ဖေါ်ဆောင် လိုပါလျှင်မူ တောက်ပနေသည့်  အရောင်များကို မှုန်မှိုင်း ( Infuse) စေကာ Frame ၏ဘေးနေ ရာများ မှောင် နေစေမည့် Vignettes ကို စမ်းလုပ် ကြည့် ရန် လိုပါမည်။



အခြား စဉ်းစား ရမည့် အချက် တစ်ရပ်မှာ Subject ကို မည်မျှ အထိ Silhouette  လုပ်မည်လဲ ဆိုသည့် အချက်ပင် ဖြစ်ပါသည်။ Subject ၏ တစ်စိတ် တစ်ပိုင်း ကိုသာ မဲစေလိုသည့် Partial Silhouettes လုပ်လိုလျှင် မိမိလုပ် လိုသည့် နေရာ ကိုသာ ရွေးကာ Partial Silhouettes လုပ် နိုင်ပါသည်။ ဤ နည်းသည် အချို့ သော အနု စိတ် ကို ဖေါ်ပေးသည့် အတွက် ထူးခြားသည့် ရူပ်လုံးကြွ Three Dimensional Ssilhouettes ပုံ မျိုး ဖြစ်လာနိုင်ပါ သည်။



Lighting Part 2: In the Wild



Silhouette ကို ပြင်ပတွင် ရိုက်ပါက အခြေအနေကို ထိန်း၍ မရပါ။ ကောင်း လျှင် လည်း ကောင်း နိုင်သကဲ့ သို့ ဆိုးလျှင်လည်း ဆိုး နိုင်ပါသည်။ နေ့ ခင်း နေရောင်၏ အပြင်း အပျော့  ကို အစိုး မရ သည့် အတွက် ၉၀% သော Silhouette ကို နံ နက်ခင်း နှင့် ညနေ နေစောင်းချိန် တို့ တွင်သာ ရိုက်လေ့ ရှိကြသည်။



နံနက် ခင်း နှင့် ညနေခင်း အချိန် နေသည် မိုးကုတ် စက်ဝိုင်း (Horizon Line ) နှင့် ကပ် နေသည်အတွက် နောက်ခံအရောင် လှပကာ Backlighting ကို Atmospheric Interference ကင်းစွာဖြင့် ရနိုင်သည်။

သို့ ရာ တွင် ပြင်ပ ရိုက်ခြင်း သည့် Studio ထဲ တွင် ရိုက် သကဲ့ သို့ မဟုတ်ဘဲ စီစဉ် ရ မလွယ် ကူ သည့် ကိစ္စ ဖြစ်ပါသည်။ နေ ၏နေရာ ပြောင်းသွားသည်နှင့် ရိုက် ကွင်း၏ Lighting အနေအထားသည်လည်း ပြောင်း လဲ သွားနိုင်ပါသည်။



အကယ်၍ မိမိ သည် Manual နှင့် ရိုက် မည် ဆိုပါက စမ်းရိုက်ကြည့်ပါ။ ယင်းနောက် လိုအပ် သိညများကို ပြန် Setting လုပ်ပါ။ ဤ ကဲ့ သို့ ကင်မရာ Setting ကို ပြန် လည် ချိန် ညှိ ရာတွင် လည်း နေရောင် ပြောင်းသွားသည့် အတွက်  Setting အကြိမ်ကြိမ် ပြန် ၍ ပြင် နေရသည့် အခြေအနေမျိုး မဖြစ်ရန် လိုပါ မည်။ ပြင်ပတွင် ရိုက်ရသည်မှာ ရန် ဖန် ရန်ခါ မိမိအတွက် အခွင့်အရေး မသာ သည့် အချိန် များ ကြုံ ရနိုင်ပါသည်။



အကယ်၍ နေ ရောင် ကို Backlight အဖြစ် နောက်ခံ ထားကာ ရိုက်မည် ဆိုပါက Clouds, Building, Subject ၏ အနိမ့် အမြင့် စသည်တို့ ကို ထည့် သွင်း စဉ်း စား ရန် လိုလာပါသည်။ စမ်းရိုက်ကြည့် ရန်လိုပါသည်။ ယင်းနောက် လိုတိုး  ပိုလျှော့ သဘော မျိုး ဖြင့် အနေအထားကို ပြန် လည် စီစဉ် ရပါမည်။



အထက်ပါ ပုံ တွင် ဓါတ်ပုံ ဆရာ သည် Lens Flare ကို တမင် စီစဉ် ကာ ထည့် ထားခြင်း ဖြစ်ပါသည်။ ယင်း Lens Flare ကိုလည်း Rule of Thirds အရ ပုံ၏ ညာဘက် အောက် ထောင့် ရှိ Center of Interest ( COI) နေရာ တွင် နေရာ ချထားပေးပါသည်။



Camera Settings



ကင်မရာ အားလုံး နီးပါး တွင် Focusing Mode တွင် Auto AF  ရှိပါသည်။ Auto ထား ကာ ရိုက် လျှင် Frame အတွင်း ရှိ အတောက်ပ ဆုံး နေရာ ကို Shutter Release Button အား တစ်ဝက် နှိပ်ကာ Focus ယူ ကာ Focus Lock လုပ်လိုက်ရပါမည်။

 ပြီးလျှင် Frame အတွင်း  လို အပ်သည့် Composition အလိုက် ပြန် ၍ Compose လုပ် ရပါမည်။ Metering ယူ ရာ တွင် အတောက်ပ ဆုံးနေရာ ကို Spot သို့ မဟုတ် Center Weight ယူ လိုက်လျှင် ကင်မရာ ကို အလင်းရောင် တောက်ပ လွန်းသည်ဟု မှတ်ယူ စေလိုက်သဖြင့် ကင်မရာ သည် အလင်းကို လျှော့ ချ လိုက်သဖြင့်  Subject ကို မှောင် မဲ လာစေပြီး Silhouetted subject ဖြစ်လာပါသည်။ ဤ နည်းသည် ကင်မရာကို  Trick လုပ် သည့် နည်း ဟု ဆိုကြပါသည်။



DSLR များ အတွက် စိတ်ကြိုက် Setting ဖြင့် ရိုက်ပါက Silhouette  ပုံ ကောင်း ရစေရန် မည်ကဲ့ သို့ ကင်မရာ Setting လုပ်ရမည်မှာ ပုံသေ မဟုတ်ပါ။ Lighting အခြေအနေ အရ ဆောင်ရွက် ရသည့် အနေ အထားဖြစ်ပါသည်။ ထို့ ကြောင့် ပုံ အမျိုးမျိုး အလိုက် Setting များကို အောက် တွင်ပြထားပါသည်။

အကြမ်း အားဖြင့် Exposure အနည်း၊ အများ၊ အလော တော်စသည့် Brackting (3) ပုံ ရိုက်သင့်ပါသည်။ အထူးသဖြင့် Shutter Speed ကို 2 to 3 Stop ချ ကာ ရိုက်ကြည့် သင့်ပါသည်။ အကြိမ် ကြိမ် ရေးခဲ့သည့် အတိုင်း ဓါတ်ပုံ သည် အနုပညာ ဖြစ်သဖြင့် မည်သည့် နည်းစနစ်ကိုမျှ ပုံသေ မှတ်ယူ၍ မရဘဲ မိမိ၏ စိတ်တိုင်း ကျဖန် တည်း ကာ တင်ပြ နိုင်ကြပါသည်။



Focusing

 Silhouette ပုံ ပြတ်သား နေစေရန် မှာ အထက်တွင် ဖေါ်ပြ ခဲ့သည့် Focus Lock လုပ်ကာ ပြန်၍ Recompose လုပ်သည့် နည်းသည် အဆိုပါ Function နှင့် စိမ်းနေသူများအတွက် အနည်းငယ် လက်ဝင်နိုင်ပါသည်။



ထို့ ကြောင့် Subject ကို Manual Pre Focus လုပ် လျှင် ပို ကြိမ်းသေ ပါသည်။ အခြားနည်း မှာ Aperture ကို ကျဉ်း လိုက် သည့် နည်း ဖြစ်ပါသည်။ ဤ သို့ ဖြင့် Depth of Field ရှည် လာ ပါ Frame ၏ ရှေ့ နောက် Foreground and Background အားလုံး ပြတ်သားလာပါ လိမ့် မည်။



 Silhouette Shooter



အထက်ပုံ Background မှာ ရှုပ်ထွေး နေပါသည်။ သို့ ရာ တွင် အဆိုပါ ရှုပ်ထွေးနေသည့် Distraction သည်လည်း ပုံ ကို အထောက်အပံ့ ဖြစ်စေပါသည် ကို အထက်ပါ ပုံ တွင် တွေ့ နိုင်ပါသည်။ ပုံ တွင် မည်သည့် Light source အားသုံးထား သည်ကို ရုတ်တရက် မြင်ရန် ခက်ပါသည်။ ပြုတင်းပေါက် အလင်းရောင်တွင် သော်လည်းကောင်း၊ ရောင်စုံ မှန်စလေးများကို အရောင်တောက် နေသည့် အခန်း အတွင်း၌် တန်ဆာ ဆင် ထားခြင်းသော်လည်း ကောင်း ဖြစ်နိုင်ပါသည်။



ဤ ပုံကို Shutter Speed 1/200, f-2.2, ISO 1600 ဖြင့် ရိုက်ထားပါသည်။ shutter speed 1/200 သည် အလင်းရောင် နည်းသည့် အခန်း အတွင်း အတော် မြန် သည် speed ဖြစ်ပါသည်။ ထိုထက် ပို၍ အနု စိတ် များ ပေါ်စေလိုလျှင် Speed ကို 1/100 အထိ သို့ မဟုတ် ထိုထက်လျှော့၍ ချရိုက်ရ ပါလိမ့်မည်။ အဆိုပါအနေ အထားတွင် Hand Held ဖြင့် ရိုက် ရန် ခက်လာပါမည်။ သို့  သော် Silhouette ကို အသားပေး ရိုက်သည့် အတွက် Shutter Speed မြန်ခြင်းက Silhouette ပုံ ပိုဖြစ် လာပြီး ပုံ Blur  ဖြစ်ခြင်းအတွက်လည်း စိတ်ပူရန် မလိုတော့ပါ။



Aperture f-2.2 သည် အလင်းကို အတော် များများဖွင့် ပေးသည့် Aperture ဖြစ်ပါသည်။ သို့  နှင့် Shutter Speed ကို မြန်မြန် ရိုက် နိုင်ကာ Background Distraction ဖြောက် နိုင်သော  Depth of Field ပါးပါး ရ နိုင်သည့် နည်း ဖြစ် ပါသည်။ သို့ ရာ တွင် Aperture ကျယ် လာလေလေ Silhouette Focusing Area သည် ပို၍ အသေးစိတ် တိကျ ရန် လိုလာသည့် အတွက် ပုံ၏ ပြတ်သားသည့် ဧရိယာ ငယ်လာလေလေ ဖြစ်သည် ကိုလည်း သတိပြုရပါမည်။



အလင်းနည်းသည့် အခန်း အတွင်း Shutter Speed အမြန် ဖြင့် ရိုက် ရသည့် အတွက် ISO 1600 ဖြင့် ရိုက်ခြင်း ဖြစ်ပါသည် အပြင် အလင်း ရောင်တွင်မူ ISO 100 သို့မဟုတ် 200 လောက် နှင့် ရိုက်နိုင်ပါသည်။ ကင်မရာသည် ISO ကို ထိန်းနိုင်သည့်အတွက် ဤမျှ ISO တင်ရိုက်စေကာမူ ပြဿနာမရှိသော်လည်း ISO မထိန်း နိုင်သည့် ကင်မရာ များ အတွက်မူ Noise ထနိုင်ပါသည်။

 Luis and the Balloons




 
အထက်ပါ ပုံကို နောက်ခံ အရောင်စုံ ဖြစ်စေရန် မိုးပျံ ဘောလုံး ရောင်စုံဖြင့် အရောင် ( Colour) ပေးထားပါသည်။ Shutter speed ကို 1/250 ဖြင့် အလင်း ၀င် ချိန် ကို လျှော့ ကာ အမြန် ရိုက် ထားပါသည်။ ဤသို့ ဖြင့် Main Subject အား အလင်း ရိုက်ခတ်ချိန်သည့် နည်းကာ မဲ သွားစေပါသည်။ Aperture f - 3.2 ကြောင့် Shallow Depth of Field ဖြစ်လာကာ ကင်မရာ နှင့် လှမ်း သည့် ဘော်လုံး၏ နေရာ ရှိ အချို့သော နေရာ များ ၀ါး လာစေပါသည်။ ဤ သည်မှာ လည်း အလှ တစ်မျိုး ပင်ဖြစ်ပါသည်။

ISO 1600 တင်ထား သဖြင့် ဘော်လုံး ၏ အချိုးသော နေရာများ တွင် Colour Noise များရှိနေပါသည်။ သို့ ရာ တွင် ဤ ကဲ့ သို့ အလင်း များစွာ နည်းသည့် Low Light အခြေအနေမျိုး ၌ မိမိ လိုအပ်သည့် Subject ကို အမိ အရ ဖမ်းကာ ရိုက်ရာတွင် မလွှဲ သာ မရှောင်သာ ISO တင်ကာ ရိုက်ရ လေ့ ရှိပါသည်။



More Examples

အောက်တွင် နမူနာပြ ထားသည့်ပုံ များ ၏ ကင်မရာ Setting များ နှင့် အထက်တွင် ဖေါ်ပြထားသည့် ပုံများ၏ ကင်မရာ Setting များ၏ရှင်းလင်း ချက် များကို တွဲကာ ဖတ်ရှု ခြင်းဖြင့် မိမိ လိုသည့် ကို ဖန်တည်း နိုင်ကြလိမ့် မည်ဟု မျှော်လင့်ပါသည်။






အထက်ပါ မှတ်စု နှင့် ပုံ များသည် နည်းသေ များအဟုတ်ပါ။ အဆိုပါ အချက်များကို မှီငြမ်းကာ မိမိစိတ်ကူး ရှိသကဲ့ သို့ စိတ်ကူး ဥာဏ် ကွန့်မြူး ကာ ရိုက်ကူးကြပါရန် တိုက်တွန်း အပ် ပါသည်။

======================

PDF File Download Link = > https://www.mediafire.com/?ra64kk4m7oewre5

 
Credit : Nanda Htoon

0 comments:

Post a Comment