မြ၀တီ - မဲဆောက်ရှိ မြန်မာများ ကွန်ပျူတာ 5 May 2014 အထိ (hardware + Software) ပိုင်းဆိုင်ရာ အကူအညီများရယူပြီး အခမဲ့ ကွန်ပျူတာ ပြုပြင်နိုင်ပါတယ်.

အခု မဲဆောက်မှာ ရောက်နေပါတယ်. မြ၀တီနဲ့ မဲဆောက်က ကွန်ပျူတာ ၀ါသနာပါသော မြန်မာလူမျိုး(ခရစ်ယာာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ၊ ဗုဒ္ဓဘာသာ)များ အားလုံး . အောက်ပါ အခက်အခဲများရှိပါက ဆက်သွယ်မေးမြန်းပြီး အခမဲ့အကူအညီ ရယူနိုင်ပါတယ်။ နောက်လ ၅ ရက်နေ့အထိပဲ ရှိမှာဖြစ်ပါတယ်။ အကူအညီလိုသူသည် မည်သူမဆို ရယူနိုင်ပါတယ်။ လူမျိုးလည်း မရွေးသလို ဘာသာလည်း မရွေးပါဘူး။ မြန်မာလူမျိုး မည်သူမဆို လာရောက် ပြုပြင်နိုင်ပါတယ်။ မဲဆောက်က ဒုက္ခသည်စခန်းက မြန်မာလူမျိုးများကိုလည်း သင်တန်းပေးဖို့ ကြိုးစားနေပါတယ်။ မဲဆောက် ဒုက္ခသည်စခန်းက သူများရှိပါက ကျနော့်ကို ဖုန်းဆက်ပြီး ဆက်သွယ်ပေးကြစေလိုပါတယ် (၀၉၁၀၉၅၀၆၇၈)။ သူများနိုင်ငံကို မသွားခင် ပညာရပ်တစ်ခုခု တတ်သွားစေချင်ပါတယ်။

  1. ကွန်ပျူတာ hardware ပိုင်း ပျက်ဆီးခြင်းကြောင့် ပြန်သုံးမရသောကြောင့် အသုံးပြုရန်ခက်ခဲနေသူများ
  2. software ပိုင်းဆိုင်ရာ အကူအညီများ
  3. blog နဲ့ ပတ်သက်ပြီး မေးမြန်းချင်သူများ
  4. ကွန်ပျူတာ အရမ်းနှေးပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသူများ
  5. laptop အရမ်းပူပြီး စက်ခဏခဏ ဟမ်းခြင်းကြောင့် အခက်အခဲရှိနေသူများ
  6. ကွန်ပျူတာကို မည်သည့်အမျိုးအစား ၀ယ်ယူရန် မရွေးချယ်တတ်သူများ
  7. Desktop computer ကို မိမိစိတ်ကြိုက် ၀ယ်ယူပြီး စီးပွားရေးလုပ်ရန်အတွက် တတ်ဆင်လိုသူများအား လိုက်လံကူညီပြီး ၀ယ်ယူပေးပါ့မယ်။ အကြံဥာဏ်များပေးသွားပါ့မယ်။

စသည့်အခက်အခဲရှိနေသူများ လူကိုင်တိုင်လာရောက် မေးမြန်းပြီး အကူအညီရယူနိုင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘာဘာသာပဲ ကိုးကွယ်ကိုးကွယ် အခမဲ့လာရောက် အကူအညီတောင်းခံနိုင်ပါတယ်။ အကူအညီ လိုနေသူများ ၀၉၁၀၉၅၀၆၇၈ ကို ဖုန်းဆက်ပြီး လိုအပ်သည့်အကူအညီကိုရယူနိုင်ပါတယ် .. ရောက်တုန်း ရောက်ခိုက် တတ်နိုင်သည့်ဖက်မှ ကူညီပေးခြင်းသာ ဖြစ်ပါတယ်။

ခင်မင်လေးစားလျှက်
ညီနေမင်း

1 comments:

လေးစားပါတယ် ကိုညီနေမင်းရေ..အဆင်ပြေအောင်မြင်ပါစေဗျာ
ဒါနဲ့ ကော့ဟာရင်း မှာမနေတော့ဘူးလားဗျ

Post a Comment