Nokia ရဲ့ ပထမဆုံး android version နဲ့ ထွက်လာတဲ့ Nokia X model number RM 980 ကို root လုပ်မယ် မြန်မာစာထည့်ကြည့်မယ်ဗျာ လုပ်ပုံလုပ်နည်းကလွယ်ပါတယ်။ 2010 လောက်ကတည်းက Android တွေနဲ့ရင်နီးပြီးသားဆိုတော့ 2014 ကျမှ android လောကထဲဝင်လာတဲ့ nokia လောက်ကတော့ သိပ်တော့အခက်ကြီးမဟုတ်ပါဘူးနော် nokia x အကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် ဒီနေရာ လေးမှာသွားပြီးလေ့လာနိုင်ပါတယ်။
Nokia ကိုချစ်တဲ့ user တွေအတွက်နောက်ထက်လဲ Nokia X plus နဲ့ Nokia XL ဆိုပြီး ဒီ 2014 ခုနှစ် ထဲမှာပဲ Android version 4.1.2 နဲ့ထွက်လာဖို့ရှိပါတယ်။ Nokia X plus အကြောင်းကို ဒီနေရာ လေးမှာလေ့လာနိုင်ပြီး Nokia XL ကိုတော့ ဒီနေရာ လေးမှာသွာရောက်လေ့လာနိုင်ပါတယ်။
ကဲ ကျွန်တော်တို့အခု Nokia X လေးကို root မယ် မြန်မာစာထည့်မယ်။
ပထမဆုံး ဖုန်းကို PC မှာ USB ကြိုးနဲ့အရင်ဆုံး ချိတ်လိုက်ပါ။ PC မှာ driver
install လုပ်နေတာမြင်ရပါလိမ့်မယ် ပြီးတဲ့ထိစောင့်ပါ။ ပြီးသွားပြီဆိုရင်
ဖုန်းရဲ့ setting / developer option / usb debugging ကို
အမှန်ခြစ်ပေးထားပါ။ဒါဆိုရင် PC မှာ USB driver install လုပ်ပြီးသွားပါပြီ။
root လုပ်ဖို့အတွက် root tool ကို ဒီနေရာ လေးမှာသွားယူလိုက်ပါ။တစ်ခြားတော့ မဟုတ်ပါဘူး Vroot v 1.7.6 ပါ။
မြန်မာစာထည့်ဖို့အတွက် myanmarmobilesoftwaredeveloper မှ ကိုဖြိုးချမ်းရဲ့ Smart Zawgyi installer ကို ဒီနေရာ မှာယူလိုက်ပါ။
ဖုန်းရဲ့ setting / security /unknown soueces မှားအမှန်ခြစ်ပေးပြီး Smart Zawgyi installer ကို ဖုန်းထဲမှာ install လုပ်ပါ။ Smart Zawgyi installer ကိုဖွင့်ပါ။superuser permission တောင်းရင် Allow လုပ်ပေးလိုက်ပါ။အောက်ကပုံလေးတိုင်းပေါ်လာပြီဆိုရင်( sony ဖုန်းများအတွက်) ဆိုတဲ့နေရာကိုနှိပ်ပါ။ ဖုန်း reboot ကျပြီးပြန်တက်လာရင် မြန်မာစာမြင်ရပါပြီ
မြန်မာစာရိုက်ဖို့အတွက် Bagan Keyboard pro v 1.6.0 ကို ဒီနေရာ လေးမှာယူလိုက်ပါ။ ကဲဒါဆိုရင်တော့ သူငယ်ချင်းရဲ့ Nokia X လေးမှာ မြန်မာစာမြင်ရပြီး စာပါရိုက်လို့ရသွားပါပြီ
အားလုံးပဲအဆင်ပြေကြပါစေ
0 comments:
Post a Comment