ရထားလမ်းတစ်လျှောက် ဖိုင်ဘာဆက်ကြောင်းများတည်ဆောက်ပြီး ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများကို ငှားရမ်းမည်

Photo: ရထားလမ်းတစ်လျှောက် ဖိုင်ဘာဆက်ကြောင်းများတည်ဆောက်ပြီး ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများကို ငှားရမ်းမည်

မြန်မာ့မီးရထား လုပ်ငန်းမှ ဖော်ဆောင်လျက်ရှိနေသော စီစဉ် ဆောင်ရွက်မှုများ မှာ နိုင်ငံတော်မှ စိုက်ထုတ်ကုန်ကျငွေ (Supsidise)ကို လျော့ကျစေရေး၊ ရထားစီး ခရီးသွားအများပြည်သူများ၊ ရထား တွဲဆိုင်းများနှင့် ရထားလမ်းများ အတွက် အဆင်ပြေချောမွေ့လွယ်ကူ စေရေးတို့အတွက် ရည်ရွယ် ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

မြန်မာ့မီးရထားလုပ်ငန်းအနေ ဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ကုန်ကျ ငွေ (Supsidise)ကို လျော့ကျစေ နိုင်ရန်အတွက် ယခုအခါ အဓိက လုပ်ငန်းကြီးနှစ်ရပ် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အဓိကလုပ်ငန်းကြီးနှစ်ရပ် အနက်တစ်ခုမှာ ရန်ကုန်ဘူတာကြီး အနီးတစ်ဝိုက်ရှိ စီးပွားရေးအဓိက အချက်အချာကျ မြေနေရာများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက် ရှိခြင်းနှင့် ကျန်အခြားတစ်ခုမှာ မီးရထားလမ်းတစ်လျှောက်ရှိ မီး ရထားပိုင်မြေနေရာများကို အသုံးပြု၍ Optical Fiber Cable ဆက် ကြောင်းများ တည်ဆောက်ခြင်းကို ပြုလုပ်ကာ လက်ရှိအားဖြင့် မိုဘိုင်း အော်ပရေတာ ကုမ္ပဏီလေးခုကို ငှားရမ်းဆောင်ရွက်သွားရန် စီစဉ် လျက်ရှိခြင်းပင်ဖြစ်သည်။

မြန်မာ့ မီးရထားလမ်း တစ်လျှောက်Optical Fiber Cable သွယ်တန်းငှားရမ်း ရန်နှင့် ဆက်စပ်လုပ်ငန်းများအတွက် လိုင်စင် ရရှိထားသော Mobile Operator များနှင့် နိုင်ငံတကာ Developer ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သွားမည့် လုပ်ငန်းများအတွက် ရထားပိုင်မြေများ ငှားရမ်းဆောင်ရွက် ရေး စီမံကိန်းများကိုလည်းအဆင့် နှစ်ခု သတ်မှတ်ထားရှိသေးကြောင်း လည်း သိရသည်။ 

အဆိုပါ စီမံကိန်းများထဲမှ ပထမအဆင့်ဖြစ်သော ရန်ကုန်-မန္တလေး လမ်းပိုင်းတစ်လျှောက် လက်ရှိ OFC Cable ကို ကျခံ ပြုပြင်၍ ငှားရမ်းဆောင်ရွက်မည့် အဖွဲ့အစည်းအား လေးလတာကာလ အတွင်း ငှားရမ်းရန် ဆောင်ရွက်ချက် ကို တင်ဒါခေါ်ယူသွားရန်နှင့် ဒုတိယအဆင့်ဖြစ်သော ရထားလမ်း တစ်လျှောက် Antenna နှင့် စက်ခန်း များကို အမြန်ဆုံး ငှားရန်အတွက်Expression of Interest (EOI) ကို မေလအတွင်း စတင်တင်ဒါ ခေါ်ယူဆောင်ရွက်သွားရန်နှင့် ယင်း လမှပင်စတင်ကာ ခြောက်လအတွင်း ဆောင်ရွက်မည့် လုပ်ငန်းရှင်များ အားတင်ဒါခေါ်ယူရွေးချယ် ဆောင် ရွက်တော့မည်လည်း ဖြစ်သည်။

ထို့ကြောင့် စီမံကိန်းများထဲမှOFC Cable သွယ်တန်းငှားရမ်း ရန်နှင့် ဆက်စပ်လုပ်ငန်းများ အတွက် ရထားပိုင်မြေများငှားရမ်း ဆောင်ရွက်ရေး ပထမအဆင့် ဖြစ်သော စီမံကိန်းအဆင့်(၁)အရ ရန်ကုန်-မန္တလေး လမ်းပိုင်း တစ်လျှောက်လက်ရှိOFC Cable ကို ကျခံပြုပြင်၍ ငှားရမ်း ဆောင်ရွက်မည့် အဖွဲ့အစည်းကို တင်ဒါစတင်ခေါ်ယူမည့် ရှင်းလင်း တင်ပြခြင်းအစီအစဉ်ကို ဧပြီ ၂၇ ရက် နံနက် ၉နာရီခွဲတွင် ရန်ကုန် ဘူတာကြီး စခန်းသာဧည့်ခန်းမ၌ စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

စိုးဝင်း(SP)

0 comments:

Post a Comment