3D Touch မျက်နှာပြင်စနစ်နဲ့ Gionee S8

http://s3.india.com/wp-content/uploads/2015/06/rrgrg.jpg

Gionee S8 ကို တနင်္လာနေ့က MWC ပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ တန်ဖိုး ဒေါ်လာ ၅၀၀ (ကျပ် ၆၂၀ ၀၀၀ခန့်) ရှိမယ့်ဒီဖုန်းကို Rose Gold, Silver နဲ့ Gold ဆိုပြီး အရောင်သုံးမျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီကပြောကြားချက်အရ ဒီစမတ်ဖုန်းမှာ iPhone တွေမှာလို 3D Touch ဖိအားထိသိမျက်နှာပြင် ပါဝင်မှာဖြစ်ပြီး iPhone မော်ဒယ်အသစ်တွေလိုပဲ ထပ်တူနီးပါးအလုပ်လုပ်နိုင်မယ်လို့ သိရပါတယ်။ Gionee က ဒီစမတ်ဖုန်းဟာ ဖုန်းမှာရှိတဲ့ App တွေက Content တွေကြည့်တာ ဖုန်းကိုဖွင့်တာတွေ ကို ပြုလုပ်နိုင်အောင် ဖိအားထိတွေ့မှုကို အဆင့်သုံးဆင့်နဲ့ အာရုံခံနိုင်အောင် ပြုလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖုန်းဟာ အကျယ် ၅.၅လက်မရှိတဲ့ 1080×1920 Pixel မျက်နှာပြင်ပါဝင်ပြီး Octa-core MediaTek Helio P10 Processor နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ Internal RAM အနေနဲ့ 4GB ပါဝင်ပြီး ဖုန်းရဲ့ပင်ကိုယ် Memory ကတော့ 64GB အထိပါဝင်မှာ ဖြစ်ပေမယ့် SD ကဒ်တော့ ထပ်စိုက်လို့ မရပါဘူး။

စမတ်ဖုန်းဟာ 4G+ ဆက်သွယ်ရေးစနစ်နဲ့ မိုက်ခရိုဆင်းမ်ကတ်နှစ်ကတ်ထိုးနိုင်တာဖြစ်ပါတယ်။ Gionee က သူတို့ရဲ့ စမတ်ဖုန်းမှာ ‘Dual WhatsApp’ နဲ့ ‘Dual WeChat’ လုပ်ဆောင်ချက်တွေပါဝင်မယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ WeChat နဲ့ WhatsApp တို့ကို မတူညီတဲ့ အကောင့်တစ်ခုထက် ပိုမိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ ဆိုလို့ရပြီး Gionee S8 ဟာ ကျောဘက်ကင်မရာ 16-Megapixel နဲ့ ရှေ့မျက်နှာကင်မရာ 8-Megapixel ပါဝင်လို့ ဆဲလ်ဖီရိုက်ချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေမယ့် အမျိုးအစားတစ်ခုပါပဲ။ အဲ့ဒီအပြင် ကျောဘက်ကင်မရာကို f/1.8 အလင်းဝင်ပေါက်၊ PDAF၊ လေဆာဆုံချက် (Laser Autofocus) နဲ့ LED မီးတို့ကိုထောက်ပံ့ပေးထားပါတယ်။

Gionee S8 ဟာ Android 6.0 Marshmallow နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး ဖြုတ်လို့မရတဲ့ ဘက်ထရီပမာဏ 3000mAh ရှိလို့ ဘက်ထရီပိုင်းလည်း အဆင်ပြေနိုင်တဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အတိုင်းအတာက 154.3×74.9×7 mm ရှိပြီး အလေးချိန် ၁၄၈ဂရမ်ရှိပါတယ်။ Home Button မှာတော့ Fingerprint ဆင်ဆာ လုံခြုံရေးစနစ်တော့ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: Gadgets 360
Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 




www.pyaephyo.com

0 comments:

Post a Comment