Android Phone များမှာ Sound Settings များစွာပါရှိပါတယ်။ အဲဒီ Settings များကို သင်နှစ်သက်သလို ပြင်ဆင်နိုင်ပါတယ်။ Onscreen Keyboard ကို နှိပ်ရင် မြည်တဲ့ အသံကနေ သင့် အရင်းအနှီးဆုံးလူ ဖုန်းဆက်ရင် မြည်တဲ့ Ringtone အထိ ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါတယ်။ Equalizer ကို ချိန်ညှိနိုင်ပါတယ်။ ဖုန်းကို Lock လုပ်ရင် မြည်တဲ့ အသံကိုလည်း ပိတ်ထားနိုင်ပါတယ်။ Android Device များအတွက် အသုံးဝင်တဲ့ Sound Settings များကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ( အောက်မှ နည်းလမ်းများကတော့ Lollipop ထည့်သွင်းထားတဲ့ Android များအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အချို့နည်းလမ်းကို ဖုန်းအဟောင်းများမှာလည်း အသုံးချနိုင်ပါတယ်။ )
၁။ ကီးဘုတ်နှိပ်ရင် မြည်တဲ့ အသံကို ပိတ်နည်း ၊ ဖွင့်နည်း။
1
သေးငယ်တဲ့ စမတ်ဖုန်းများမှာ ကီးဘုတ်မှ ခလုတ်တစ်ခုကို နှိပ်ရင် အသံမြည်ပြီး အချက်ပြပါတယ်။ ဒါဟာ ခလုတ်ကို ထိမိလားဆိုတာ သိသာစေပါတယ်။ ဒါပေမယ့် အဲဒီ အသံကို မကြားချင်ရင် ပိတ်ထားနိုင်ပါတယ်။
Settings> Language & Input ထဲသွားပါ။ အသုံးပြုနေတဲ့ ကီးဘုတ်ကို ရွေးပါ။ Stock Android Keyboard အတွက် Preferences ကို နှိပ်ပါ။ ကီးဘုတ်မှာ စာရိုက်ရင် အသံမြည်တဲ့ Option ကို ရှာပြီး Off or On လုပ်နိုင်ပါတယ်။

၂။ ဖုန်းကို Lock ပြုလုပ်ရင် မြည်တဲ့ အသံကို ပိတ်နည်း၊ ဖွင့်နည်း။

2
သင့်ရဲ့ Android Device ကို Lock ပြုလုပ်ရင် အသံမြည်ပြီး အချက်ပေးပါတယ်။ အဲဒီ Lock Sound ကို မနှစ်သက်ရင် ပိတ်ထားနိုင်ပါတယ်။
Settings> Sound & Notification ထဲသွားပါ။ Other Sounds ကို နှိပ်ပါ။ Screen locking sounds setting ကို On or Off လုပ်နိုင်ပါတယ်။
၃။ လူတစ်ယောက်အတွက် Custom Ringtone သတ်မှတ်နည်း။
3
သင့် အလုပ်မှ လူကြီးက ဖုန်းခေါ်ဆိုရင် ကွဲပြားစွာ သိရှိနိုင်ဖို့၊ သင့် မိသားစုဝင် တစ်ယောက်ယောက်က ဖုန်းဆက်ရင် သိနိုင်ဖို့အတွက် Android Device များမှာ Custom Ringtone များ သတ်မှတ်နိုင်ပါတယ်။
Contacts App ကိုဖွင့်ပါ။ ( Android KitKat ကိုထည့်သွင်းထားတဲ့ ဖုန်းများမှာ People ကိုဖွင့်ပါ။ ) လူတစ်ယောက်ကို နှိပ်ပါ။ Edit Button ကို နှိပ်ပြီး ထိပ်မှ အစက်သုံးစက် Menu ခလုတ်ကို နှိပ်ပါ။ Set ringtone ကို ရွေးပေးပါ။ Ringtone အသစ်တစ်ခုကို ရွေးပေးပါ။
၎။ ဖုန်းဝင်လာရင် တုန်ခါမှုကို ပိတ်နည်း ၊ ဖွင့်နည်း။
Android Phone များမှာ ဖုန်းဝင်လာရင် အသံအပြင် တုန်ခါ အချက်ပေးကြပါတယ်။ တုန်ခါမှုကို မနှစ်သက်ရင် ဒါမှမဟုတ် ဘက်ထရီ သက်သာစေချင်ရင် တုန်ခါမှုကို ပိတ်ထားနိုင်ပါတယ်။
Settings> Sound & Notification ထဲသွားပါ။ Also vibrate for calls settings မှာ On or Off လုပ်နို်င်ပါတယ်။
၅။ Equalizer Levels ကို ချိန်ညှိပါ။
4
သင့်ရဲ့ Android Device မှာ သင် နှစ်သက်တဲ့ အသံများကို ရရှိဖို့အတွက် Equalizer Levels ကို ချိန်ညှိနိုင်ပါတယ်။
Settings> Sound & notification ထဲသွားပါ။ Audio Effects ကို နှိပ်ပါ။ Audio Effects ခလုတ်ကို On ပေးပါ။ Equalizer Drop-Down ကို နှိပ်ပြီး Level ငါးခုထဲမှ တစ်ခုစီကို ရွေးပေးပါ။ နှစ်သက်တဲ့ အနေအထားကို ချိန်ညှိပါ။ စတီရီယို စပီကာများနဲ့ ဖုန်းကို ချိတ်ဆက်ထားရင်တော့ “ 3D Stereo” , “ Home Theater” , “ Live Stage” တို့လို Effects များကို ရွေးချယ်ဖို့ Wired Stereo Tab ကို နှိပ်ပါ။