♪ Archos က Diamond 2 Note နှင့် Diamond 2 Plus ကိုမိတ်ဆက် ♫


ပြင်သစ်စမတ်ဖုန်းထုတ်လုပ်သူArchos က Diamond 2 Plus နှင့် Diamond 2 Note တို့ကိုမိတ်ဆက် လိုက်ပါသည်။ စမတ်ဖုန်း နှစ်လုံးစလုံးတွင် Android 6.0 Marshmallow မောင်းနှင်မည်ဖြစ်သည်။ လျှင်မြန်စွာအားသွင်းနိုင်သောနည်းပညာလည်းပါရှိပါသည်။

Diamond 2 Note တွင် ၆ လက်မ2560x1440 Pixels Display တပ်ဆင်ထားပါသည်။ 2GHz Octa-Core MediaTek MT6795 Helio X10 Processor , 3GB RAM, 3610mAh Battery တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 4K Video များကိုရိုက်ကူးနိုင်သည့် 16MP Camera နှင့် အရှေ့ဘက်တွင် 8MP Camera တပ်ဆင်ထားပါသည်။

Diamond 2 Plus တွင် ၅.၅ လက်မ 1080p IPS Display , 4GB RAM, 64GB Storage , Octa-Core MediaTek MT6755 Processor 20.7MP Sony Camera , 8MP Front Camera တပ်ဆင်ထားပါသည်။ ဒေတာကူးပြောင်းခြင်းနှင့် အားသွင်းခြင်းများ ပြုလုပ်ရာတွင် လျှင်မြန်စေသော USB Type-C Port နှင့် Fingerprint Sensor တပ်ဆင်ထားပါသည်။ Diamond 2 Plus ကိုဒေါ်လာ ၂၂၉ နှင့် Diamond 2 Note ကိုဒေါ်လာ ၂၆၉ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment