♪ “လူထုအကြားသုံးစွဲမှုမြင့်တက်လာနေသည့် Mobile Banking Services” ♫


ယနေ့အခါမှာ မြန်မာနိုင်ငံသားများအဖို့ ဘဏ်ကိုယခင်ကထက် ပိုမို အသုံးပြုလာကြသည်။ နိုင်ငံ အနှံ့မြို့တိုင်းမြို့တိုင်းမှာ ဘဏ်ခွဲ ပေါင်းများစွာ ဖွင့်လှစ်လာကြပြီး ကျေးလက်နေ လူထုကလည်းဘဏ်စာအုပ်လုပ်ရမှန်း သိလာကြသည်။စာရေးသူအဖို့ဘဏ်နှင့်ပတ် သက်လာလျှင် ကျောင်းတက် စဉ်ကာလက အိမ်မှငွေလွှဲသည့်အခါသွား ထုတ်တာလောက်သာလုပ်ဖူးသည်။ နောက်တော့ စီဘီ ဘဏ်မှာ ဘဏ်စာအုပ်လုပ်ထားဖြစ်သည်။ အိမ်ကို ဘဏ် စာအုပ်နံပါတ်ပြောထားကာ အဆိုပါနံပါတ်ထဲသို့လှမ်းလွှဲဖို့ မှာကြားထား သည်။


အဲဒီမှာတစ်ခုရှိတာက ထိုစဉ်က မိုဘိုင်းဖုန်းများမှာ ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကိုင်ဆောင်နိုင်ကြခြင်းမရှိသေး သောကြောင့် အိမ်မှ ငွေလွှဲပြီးသည့်အခါလွှဲပြီးကြောင်းကို ဖုန်းဆက်အကြောင်းကြားရာတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရဖူးသည်။ မိမိက ငွေလွှဲရမည့်ရက်ရောက်သည့် အခါ ဘဏ်သို့ကျောင်းဖျက်၍ သွားရောက်ထုတ်ယူသည့်အခါ မပို့သေးတာ နှင့်ကြုံ လျှင် နှစ်ရက်လောက်ကျောင်းပျက်ရသည်များကြုံရသည်။

သူငယ်ချင်းဖြစ်သူများ၏ ဖုန်းနံပါတ်များ၊ အဆောင်ဖုန်းနံပါတ်များပေးထား သော်လည်း တစ်ခါတစ်ရံမှာ အကြောင်းကြား ထားပေမယ့် စာရေးသူကို ပြောဖို့မေ့နေတာမျိုးကြောင့် ငွေလွှဲပြီးမှန်းမသိရလည်းဖြစ်ရသည်။ အဲဒီ အချိန်က မိုဘိုင်းဖုန်းများမှာ ၁၅သိန်း၊ သိန်း၂၀ ဝန်းကျင်ရှိပြီး ဟန်းဆက် များမှာအများစုက နိုကီယာကိုအသုံးပြုကြသည်။ တော်ရုံတန်ရုံ လူမကိုင်နိုင် ကြဘဲ ဖုန်းကိုင်နိုင်လျှင် ထိုသူ၏စီးပွားရေးအခြေအနေကိုခန့်မှန်းနိုင်သည့် ခေတ်ဖြစ်သည်။ 


ထို့ထက်စောသည့်ခေတ်ဦးမှာဆိုလျှင် ဆယ်လူလာဖုန်း အကြီးကြီးတွေခါးချိတ်ထားလျှင် ထိုသူသည်ကုမ္ပဏီပိုင်ရှင်သော် လည်းကောင်း၊ ဘော့စ်တစ်ယောက်ယောက်သော် လည်းကောင်း ၊ အရာရှိကြီး တစ်ဦးသော်လည်းကောင်းဖြစ်နိုင်သည်။ အများစုသော လူတန်းစားများမှာ လမ်းဘေးပီစီအိုများ၊ အိမ်များ၊ ဆိုင်များမှာတပ်ဆင် ထားပြီး အခပေး၍ဆက်ရသော ဖုန်းဆိုင်ကလေးများမှာဆက်ကြရသည်။ ဖုန်းဆက်ဖို့စောင့်ဆိုင်းရ သည့် ခေတ်အခါများကို ယနေ့ခေတ်မျိုးဆက်သစ် လူငယ်လေးများ သိရှိနိုင်တော့မည်မဟုတ်ပေ။ ထိုစဉ်ကသမီးရည်းစားချစ်သူ စုံတွဲများမှာ ဖုန်းဆိုင်ကလေးများမှာ နာရီဝက်တစ်နာရီ ၊နှစ်နာရီဖုန်းဆက်ကြ လေ့ရှိသောကြောင့် ဖုန်းဆိုင်ကလေးများမှာ လွန်စွာ အလုပ်ဖြစ်ကြသည်။


ယနေ့တော့အစစအရာရာပြောင်းလဲသွားပါပြီ။ လမ်းဘေးပီစီအိုများနှင့် အိမ်ဖုန်းဆိုင်ကလေးများ သိပ်မရှိကြတော့ပေ။ ဖုန်းနံပါတ်များကို လိပ်စာ စာအုပ်သေးသေးလေးတွေနှင့်မှတ်ထားသည့်ခေတ်ကုန်လုဖြစ်ပြီး မိုဘိုင်းဖုန်း Contact ထဲမှာသာမှတ် သားထားလာကြတော့သည်။ ထို့အတူဘဏ် လုပ်ငန်းစဉ် များစွာလည်းတော်တော်လေးအဆင်ပြေလာသည်။ မိမိလုပ် ထားသော ဘဏ်မှာမှမဟုတ်ဘဲ အခြားမြို့(သို့မဟုတ်)အခြားဘဏ်မှာ ငွေထုတ်နိုင်သည်ဆိုသော်လည်း အချိန်အတော်ကြာစောင့်ဆိုင်းရသည်။ 


စာရေးသူကမြို့ထဲစီဘီရုံးချုပ်မှာစာအုပ်လုပ်ထားသည်။ နေတာကတော့ လှည်းတန်းကအဆောင်မှာ။ ကျောင်းတက်ရတာ ကမှော်ဘီ။ဒီတော့ငွေထုတ် ဖို့က စော်ဘွားကြီးကုန်းမှာပိုအဆင်ပြေသည်။ ကျောင်းအနည်းငယ်သာ နောက်ကျမည်ဖြစ်သည်။ နို့မို့ဆိုလျှင် မြို့ထဲကိုသွား၊ငွေထုတ်၊ မှော်ဘီသွား နှင့်အချိန်တော်တော်ကုန်မည်ဖြစ်သည်။ 
သို့သော်လည်း စော်ဘွားကြီးကုန်း ဘဏ်မှာငွေထုတ်လျှင် စာအုပ်လုပ်ထားသောဘဏ်မဟုတ်သောကြောင့် မူရင်းဘဏ်မှအတည်ပြုချက်သဘောမျိုးအတွက် စောင့်ဆိုင်းရသည်။


နောက်ပိုင်းတော့ စာရေးသူလည်း ဘဏ်သို့သိပ်မရောက်ဖြစ်တော့ပေ။ Mobile Banking တွေခေတ်စားလာခဲ့သည်။ ဒီလိုနှင့်စာရေးသူနယ်မှာ သူငယ်ချင်းတစ်ယောက်က Mobile Banking လုပ်ထားတယ်ဟုဆိုကာ သူ့ဖုန်းကိုပြသည်။ စာရေးသူ လည်းဘဏ်နှင့်အဆက်အသွယ်ပြတ်နေတာ ကြာပြီးဘာတွေဖြစ်ပျက်နေသည်ကိုသိပ်မသိတော့ပေ။
အဲဒီမှာစာရေးသူသဘောကျတဲ့ အချက်တွေတော်တော်များများ သိလိုက်ရ ပါတော့သည်။ 


ယခုစာဖတ်သူများအနေဖြင့် သိရှိပြီးဖြစ်နိုင်သော်လည်း အချို့သောမ သိရှိသေးသူများအတွက် ရည်ရွယ်ကာရေးသားလိုက် ရခြင်း ဖြစ်ပါသည်။ ဘဏ်စာအုပ်ကယခင်လိုမဟုတ်တော့ပေ။ မည်သည့် ဘဏ်ခွဲ မှာမဆိုအသုံးပြုနိုင်သည်။ထို့ထက်အသုံးတည့်တာကATM ကဒ်ဖြစ်သည်။ ငွေထုတ်ဖို့ဘဏ်ကိုသွားပြီးအချိန်ကုန်ခံစရာမ လိုတော့ဘဲ နီးစပ်ရာ ATM ကဒ်ငွေထုတ်စက်များမှာထုတ်ယူနိုင်မည်ဖြစ်သည်။ ATM ကဒ်လုပ်ဖို့အတွက် အခမဲ့ပင်။ ဘဏ်စာအုပ်လုပ်သည်နှင့်တစ်ခါလည်းလုပ်ဆောင်ပေးသည်။ 


စာအုပ်အသစ်ဆိုလျှင်အနည်းဆုံးငွေ ၁၀၀၀ကျပ်တော့ထည့်ထားရသည်။ ATM ကဒ်အသစ်လုပ်လျှင် Pin နံပါတ် 123456 ဖြစ်ပြီး အဆိုပါ Pin နံပါတ်ကို 48 နာရီကျော်သည့်အခါတွင် ပြောင်းလဲနိုင်မည်ဖြစ်သည်။ ငွေလက်ခံလျှင် ATM ကဒ်နံပါတ်ဖြင့်သော်လည်းကောင်း၊ ဘဏ်စာအုပ်နံပါတ်ဖြင့်သော် လည်းကောင်း နှစ်မျိုးစလုံးဖြင့် လက်ခံနိုင်သည်။ ATM ကဒ်ဆိုပေမယ့် MPU ငွေပေးချေမှုပါလုပ်နိုင်သောကြောင့် MPU ဖြင့်လက်ခံသော ဆိုင်များ၊ Online Store များတွင်လည်းငွေချေနိုင်မည်ဖြစ်သည်။


Mobile Banking လုပ်မည်ဆိုလျှင်တော့ လက်ရှိအနေအထားအရ Android အတွက်ပဲရသေးသည်။ Mobile Banking ရဲ့ဝန်ဆောင်မှုများက တော်တော် လေးကို အဆင်ပြေသည်။ ဖုန်းထဲတွင်ဘဏ်၏ apps ကိုထည့်သွင်းထားပြီး လုပ်ငန်းစဉ်တော် တော်များများကိုလုပ်ဆောင်နိုင်သည်။ ငွေလွှဲဖို့ဘဏ် သို့သွားစရာမလိုတော့၊ ဖုန်းငွေဖြည့်ကဒ်လည်းဝယ်ယူနိုင်သည်။ မီတာခ လည်းဆောင်နိုင်သည်။ Master Card, Visa ကဒ်များသို့လည်း ငွေဖြည့်သွင်း နိုင်မှာဖြစ်ပါတယ်။စာရေးသူကစီဘီဘဏ်မှာ အဆို ပါ Master Card ,Visa ကဒ်များအကြောင်းကိုလည်းမေးမြန်းခဲ့ပါသေးတယ်။ 

 သဘောတရားခြင်းက အတူတူဖြစ်ပေမယ့် Visa က မိမိ၏ အမည်ပါထည့်သွင်းထားမည်ဖြစ်ပြီး နိုင်ငံခြားငွေ သုံးမျိုးအထိထည့်သွင်းထားနိုင်ကာ Master Card ကတော့ US Dollar တစ်ခုတည်းရသည်။ ပြည်ပသို့သွားရောက်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးကိုငွေလဲလှယ်နှုန်းအတိုင်းထုတ်ယူ နိုင်မည်ဖြစ် သည်။ အွန်လိုင်းမှ Visa,Master Card ငွေပေးချေမှုများအတွက်လည်း အသုံးပြုနိုင်သည်။ Visa ,Master ကဒ်လုပ်ဖို့ အတွက်တော့ ဝန်ဆောင်ခ 8000 ကျပ်ကျသင့်ကာ မြန်မာကျပ်ငွေဖြင့် ငွေသွင်းလျှင် လက်ရှိငွေလဲလှယ် နှုန်းအတိုင်း ပြောင်းလဲ ထည့်သွင်းပေးသွားမည်ဖြစ်သလို သက်ဆိုင်ရာ ငွေကြေးများဖြင့်လည်း ထည့်သွင်းနိုင်မည်ဖြစ်သည်။


စာရေးသူ ကမိမိ၏စီဘီဘဏ်စာအုပ်အဟောင်းကိုယူသွားပြီး လဲလှယ်ဖြစ်ခဲ့ သည်။ ATM ကဒ်ပါလုပ်ခဲ့သည်။ Mobile Banking ကတော့ မိမိကကီးပက်ဖုန်း ကိုင်တာကြောင့်မလုပ်ဖြစ်ခဲ့ရသေးပေ။ CBဘဏ်၏ Mobile Banking ဝန်ဆောင်မှု နှင့်ပတ်သက်သော လက်ကမ်းစာစောင်လေးကိုတော့ယူဖြစ်ခဲ့ သည်။ ဖုန်းဝယ်ပြီးသည့်အခါ Mobile Banking ကိုလုပ်ဆောင်ဖို့ရည်ရွယ် ထားသည်။ အဆိုပါ လက်ကမ်းစာစောင်လေးထဲတွင်ရေးသားထားသည် များကို ဖော်ပြလိုက်ပါသည်။ Mobile Banking ဝန်ဆောင်မှုများကို သုံးစွဲ ကြည့်စေလိုပါသည်။ သို့မှသာ ခေတ်နဲ့အညီသက်သာချောမွေ့စွာဖြင့် မိမိတို့၏ ငွေရေးကြေးရေးကိစ္စများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။


<Mobile Banking Services>

Mobile Banking Services ဝန်ဆောင်မှုသည် သင့်ရဲ့ ငွေကြေးစီးဆင်းမှုကို စီမံခန့်ခွဲနိုင်ပြီး နေ့စဉ်လိုအပ်တဲ့ဘဏ် လုပ်ငန်းဝန်ဆောင်မှုများကို လွယ်ကူ၊လျင်မြန်၊လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။ Mobile Banking Services ဝန်ဆောင်မှုကို မြန်မာတစ်နိုင်ငံလုံးရှိ မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်တဲ့နေရာ တွေအားလုံးမှာ အသုံးပြုနိုင်အောင်စီစဉ်ထားပါသည်။ နေ့စဉ်ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ငွေကြေးစီးဆင်းမှုများကို ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချစွာသင့်ရဲ့ မိုဘိုင်းလ်ဖုန်းက နေအသုံးပြုနိုင်မှာ ဖြစ်ပါသည်။သင်ဟာအလုပ်တွေမအားလပ်လို့ဘဲဖြစ်စေ၊ခရီးသွားလာနေ ရလို့ပဲဖြစ်စေ Mobile Banking Services ဝန်ဆောင်မှုဖြင့် သင်၏ဘဏ် လုပ်ငန်းဆောင်ရွက်ချက်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မည် ဖြစ်သည်။


<Mobile Banking Services နဲ့ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို သင့်မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်>
သတင်းအချက်အလက်များ/Information-ငွေလဲနှုန်းများကြည့်ရှုခြင်း/ExchangeRates-မိမိရောက်ရှိနေသောနေရာနှင့် အနီးဆုံးရှိသည့် CB Bank ဘဏ်ခွဲများ၊ Money Exchange Counter များ၊ CB Bank ATM စက်များကို အလွယ်တကူ သိရှိနိုင်ခြင်း/Find Us-မိမိဆောင်ရွက်နိုင်မည့် ဝန်ဆောင်မှုများလေ့လာခြင်း/Future Dated Enquiries
ငွေပေးချေမှုများ /Payments-မိမိကိုယ်ပိုင်စာရင်းမှ ငွေလွှဲပို့ခြင်း၊ ငွေလွှဲပြောင်းခြင်း/ Fund Transfer Own Account -မိမိနှင့်အကျိုးတူ ဆောင်ရွက်မည့်သူအား မှတ်ပုံတင်ခြင်း/Beneficial Registration-Bill ပေးဆောင်ရန်မှတ်ပုံတင်ခြင်း/Utility Bill Payment Registration (if Biller integrated with Bank)-မိမိနှင့် အကျိုးတူဆောင်ရွက်မည့်သူ၏ ငွေစာရင်း/ATM Card No. ကိုရိုက် ထည့်၍ ငွေပေးချေခြင်း/Transfer to other Account/Card-မိမိနှင့် အကျိုးတူဆောင်ရွက်သူထံ စာရင်းလွှဲပြောင်းငွေပေးချေခြင်း/Funds Transfer Beneficiary Payments-မိမိနှင့် အကျိုးတူဆောင်ရွက်သူစာရင်းမှ ပယ်ဖျက်ခြင်း/Beneficiary Deletion
Mobile Top-up-မိမိ၏ Mobile Phone နှင့် အခြားသူများ၏ Mobile Phone No များသို့ငွေဖြည့်ပေးနိုင်ခြင်း-CB Bank မှ ထုတ်ဝေထားသော (Master,Visa ,Union Pay) Card များသို့ ငွေဖြည့်ပေးနိုင်ခြင်း/Easi Travel Card Top-up -Aeon Microfinance Company နှင့် Columbus Travel Company သို့ငွေပေးသွင်းနိုင်ခြင်း/Payment
တောင်းဆိုမှုများ/Request
-ငွေပေးရန် ရပ်ဆိုင်းခြင်း/Payment Stop
-ချက်လက်မှတ်အား စစ်ဆေးခြင်း/Cheque Details
-ချက်စာအုပ်အသစ်တောင်းဆိုခြင်း/Cheque Book Request
-ငွေအမိန့်များဆောင်ရွက်ခြင်း/Standing Orders
Mobile Banking Services အား အင်္ဂလိပ်၊မြန်မာ ကြိုက်နှစ်သက်ရာ ဘာသာ စကားတစ်ခုကိုရွေးချယ်အသုံးပြုနိုင်ပါ တယ်။ Mobile Banking Services ကိုအသုံးပြုဖို့ သင့်မိုဘိုင်းလ်ဖုန်းနှင့်အတူ မှတ်ပုံတင်ကဒ်ကိုယူဆောင်ပြီး နီးစပ်ရာ CB Bank သို့သွားကာ Customer Registration Form ကို ဖြည့်စွက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စာရေးသူကတော့မိမိစာအုပ် လုပ်ထား ရာ CB ဘဏ်ကိုဥပမာနဲ့ရေးသားခဲ့ခြင်းဖြစ်ပြီး အခြားသော ဘဏ်များဖြစ်သည့် KBZ, Ayarwaddy စသည်တို့မှာလည်းလုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။ 


ငြိမ်းချမ်း(BE-IT)

Mobile Guide Journal (Every Monday)


















<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 

0 comments:

Post a Comment