♪ “Samsung Galaxy A5 (2016)” ♫


Samsung သည်အမြင့်စားဟန်းဆက်များကိုသာမကအခြားသော ဟန်းဆက် တွေကိုလည်း Series အလိုက်ထုတ်လုပ် ရောင်းချပေးထားပါတယ်။အခု နောက်ပိုင်း၌ အချို့သောဟန်းဆက်များကို 2016 Edition နဲ့ထုတ်လုပ် ရောင်းချပေးထားပါတယ်။ A Series ဟန်းဆက်များကိုအထူးပြု ရောင်းချ ခြင်းဖြစ်ပါတယ်။ Galaxy A5 (2016) တွင်နောက်ဆုံးထွက်ရှိခဲ့သော အဆင့်မြင့်တန်း Samsung Galaxy စမတ်ဖုန်း၏ဒီဇိုင်းအားအခြေခံထားပြီး သတ္တုနှင့်ဖန်သားပြင်အားပေါင်းစပ်၍ လိုက်ဖက်ညီစွာခမ်းနား ဆန်းပြားသော ဒီဇိုင်းအားလှပကျော့ရှင်းစွာဖြင့်ဖန်တီးထုတ်လုပ်ထားပါသည်။အသစ်ထွက်ရှိသည့် Galaxy A5သည်အဆင့်မြင့်ကြည့်ရှုခံစားမှုအတွေ့အကြုံအား သေးငယ်ကျဉ်းမြောင်းသောဘေးဘောင်နှင့်အတူစွဲမက် နစ်မြောဖွယ်ခံစား နိုင်ရန်အတွက်ပံ့ပိုးပေးထားပါသည်။

ဖုန်း၏ Home Button သည်ဖုန်းရဲ့ အောက်ဘက်၌ဒီဇိုင်းပုံစံဆန်းပြားစွာတည်ရှိကာ Power Button ဟာ ဘေးဘက် တစ်ချက်၌ပါရှိပါတယ်။အသံအတိုး၊အကျယ်ခလုတ်နှစ်ခုကတော့ အခြားဘေးဘက် တစ်ဖက်တွင်နေရာယူထားပါတယ်။ Speaker, USB Port နှင့်နားကြပ်ပေါက်တို့ဟာဖုန်းရဲ့အောက် ဘက်ဒေါင့်များ၌အစဉ်လိုက်တည်ရှိပါတယ်။ SIM Card 2 Card ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ခြင်းကြောင့် အလုပ် ကိစ္စများစွာအတွက်ကောင်းစွာထောက်ပံ့ပေးနိုင်မယ့်ဖုန်းဖြစ်ပါတယ်။

SIM Card နှင့် SD Card ထည့်ရန်အတွက်ဖုန်းရဲ့ကာဗာကိုခွာစရာမလိုဘဲ ဖုန်းရဲ့ဘေးဘောင်တွင် အံဝှက်ပုံစံပြုလုပ်ပေးထားပါတယ်။အခြားဆင်းကတ်အတွက်ကိုတော့ဖုန်းရဲ့ထိပ်ဘက် ၌ပါရှိသောအံဝှက်၌ ထည့်သွင်းအသုံးပြုရပါမယ်။ Galaxy A5 တွင်တစ်ကိုယ်ရေအချက်အလက်များလုံခြုံမှုရှိစေရန် လက်ဗွေရာ လုံခြုံရေးစနစ်ဖြင့်ကာကွယ်ထားပြီးနိုင်ငံအချို့တွင်စတင် အသုံးပြု နေပြီဖြစ်သည့် Samsung Pay သည် Magnetic Secure Transmission (MST) နှင့် Near Field Communication (NFC) နည်းပညာ နှစ်မျိုးစလုံးနှင့်အသုံးပြုနိုင်ပါသည်။

Samsung Pay စနစ်အားကမ္ဘာ့နိုင်ငံ အချို့တွင်စတင်အသုံးပြုနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်းနိုင်ငံတွင်း အသုံးပြုရန်နည်းပညာပိုင်း အသင့် ဖြစ်လာပါကသုံးစွဲနိုင်ရန်ရှိပါသည်။ Galaxy A5 (2016) သည်ပိုမိုတောက်ပ၍ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံနှင့်ဗီဒီယိုများရိုက်ကူးနိုင်ရန်အတွက် ပိုမိုကောင်းမွန်၍အဆင့်မြှင့် တင်ထားသောကင်မရာစနစ်အားထည့်သွင်းပေးထားပါသည်။အဆိုပါ အဆင့်မြှင့်တင်ထားသောစနစ်တွင်ဓာတ်ပုံများေ၀၀ါးခြင်းအားကာကွယ်ရန်အတွက် Optical Image Stabilization (OIS) နှင့်သုံးစွဲသူများအနေဖြင့် အလင်းရောင်အားနည်း၍မှောင်မည်းသော အခြေအနေများတွင်ပင် ကောင်းမွန်ကြည်လင်သည့်ဓာတ်ပုံများ ရိုက်ကူးရယူနိုင်မည့် F1.9 Lens ရှိသည့်အရှေ့နှင့်အနောက်ကင်မရာများပါဝင်ပါသည်။ထပ်မံ၍ Samsung ၏ Home Button အားနှစ်ချက်ဆက်တိုက်နှိပ်ရုံဖြင့်ကင်မရာအားတစ်စက္ကန့် အတွင်း ဖွင့်ပေးနိုင်သည့် Quick Launch လုပ်ဆောင်ချက်လည်းထည့်သွင်း ပါဝင်ပါသည်။သုံးစွဲသူများအနေနှင့် လူများများ၊ရှုခင်းများများဝင်ဆံ့နိုင် သည့် မြင်ကွင်းကျယ် Selfie ရိုက်ကူးနိုင်သော Wide Selfie ၊ခလုတ်နှိပ်စရာမလိုဘဲ လက်ဖ၀ါးပြရုံဖြင့်Selfieဓာတ်ပုံရိုက်ကူးနိုင်သော Palm Selfieနှင့်ချောမွေ့ လှပသောမျက်နှာအနီးကပ် ရိုက်ချက်များအတွက်အလိုအလျောက် ပြုပြင် ပေးသည့် Beautifying Effects အစရှိသည့်အထူးပြုလုပ်ချက်၊ လုပ်ဆောင်ချက်များကိုအသုံးပြု၍အကောင်းဆုံးSelfieဓာတ်ပုံများအားလည်းရိုက်ကူးနိုင်ပါသည်။

အဓိကကင်မရာသည်13MPစွမ်းရည်ရှိပြီးရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ပါ။1080p စွမ်းရည်ဖြင့်ဗီဒီယိုရိုက်ကူးပါက၁စက္ကန့်ကို(30)Frames နှုန်းရရှိပါမယ်။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို2GB နှင့်Internal Storage ကို16GBထည့်သွင်းပေးထားပါတယ်။အချက်အလက်အများအပြား သိမ်းဆည်းချင်ပါကSD Card နှင့်မှတ်ဥာဏ်ပမာဏကိုတိုးချဲ့သုံးစွဲနိုင်ပါမယ်။ အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏဟာ128GB ဖြစ်ပါတယ်။Galaxy A5 (2016) အားစတင်ရောင်းချသည့် အထူးအစီအစဉ်အနေဖြင့် ၀ယ်ယူသူ တိုင်းအာ3း2 GB Micro SD Card တစ်ခုကိုလက်ဆောင်အဖြစ်သတ်မှတ် ထားသော အရေအတွက်အတွင်းပေးအပ်ထားပါတယ်။MPT SIM Card တစ်ခုကိုလည်းလက်ဆောင်အဖြစ်ထည့်သွင်းပေးအပ်ထားပြီး ထိုဆင်းကတ်အားလစဉ်ကျပ် ၁၀၀၀ထည့်သွင်း ပြီးအသုံးပြုပါက Data 777 MB (အင်တာနက် အသုံးပြုခြင်း) အခမဲ့ အဖြစ် (၆)လဆက်တိုက်ရယူနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းတွင်Gorilla Glass 4 Back panel ပါရှိပါသေးတယ်။Super AMOLED Capacitive Touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့ 5.2 inches ဖြစ်ပြီး မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေး ထားသောPixels ပမာဏမှာ1080×1920 ပါ။၁လက်မမှာရှိတဲ့Pixel ပမာဏသိပ်သည်းဆက တော့424 ppiဖြစ်ပါတယ်။CPU စွမ်းရည်မှာQuad-Core 1.2 GHz & Quad-Core 1.5 GHz ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသောOSအမျိုးအစားမှာ Android Version 5.1.1 ပါ။လျင်မြန်တုံ့ပြန်မှုကောင်းမွန်သော အဆိုပါ ဖုန်းတွင်Li-Ion 2900 mAhဘက်ထရီကိုထည့်သွင်းပေးထားပါတယ်။ စကား ပြောဆိုချိန်အတွက် (၁၆)နာရီခံနိုင်စွမ်းရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment