♪ ဈေးပေါပေါနဲ့ဖုန်းလိုချင်သူများအတွက် - “Singtech MY 1” ♫


ဟန်းဆက်များ ရွေးချယ်ဝယ်ယူတဲ့အခါ၌ သုံးစွဲသူများဟာ အရည်အသွေး ကောင်းမွန်တဲ့ဖုန်းများ၊ တန်ဖိုးကြီးဖုန်းများကိုသာ ၀ယ်ယူခြင်းမဟုတ်ဘဲ ဈေးနှုန်းသိပ်မများသော အရည်အသွေးကောင်းသည့်ဖုန်းများကိုလည်း ၀ယ်ယူကြပါတယ်။ သုံးစွဲသူများအတွက် အဆင်ပြေစေမယ့် ဖုန်းများကို Singtech မှလည်း ဈေးနှုန်းအမျိုးမျိုးဖြင့် ထုတ်လုပ်ပေးထားပါတယ်။ Singtech အမှတ်တံဆိပ်ဖုန်းများထဲတွင် ဈေးနှုန်းနှစ်သောင်းဝန်းကျင် ရှိသော Keypad ဖုန်းများစွာလည်းရှိပါတယ်။

Singtech ဖုန်းများသည် စင်ကာပူအမှတ်တံဆိပ်ဖြစ်ပါတယ်။ ဖုန်းများကိုလည်း အာမခံသက်တမ်း များ ပေးထားပါတယ်။ ယခု MY1 ဟန်း ဆက်တွင် မြန်မာစာစနစ်လည်း အသုံးပြု လို့ရမှာ ဖြစ်ပါတယ်။ 2G, 3G network အထောက်အပံ့ပေးစွမ်းထားသော အဆိုပါဖုန်းဟာ 142x 72x 8.5mm အရွယ်အစား ရှိပါတယ်။ ဖုန်းရဲ့ capacitive touchscreen ဟာ 3.5 inches အကျယ်အ၀န်း ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 320x480 ပါ။

ဆင်းကတ်အရည်အသွေး ပိုင်းနှင့်ပတ်သက်၍လည်း အားရ ကျေနပ်ဖွယ် ကောင်းပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းသုံးစွဲလို့ရပါတယ်။ ဒါကြောင့် အထွက် Call နှင့် အ၀င် Call များအတွက် ဆင်းကတ်များကို ခွဲခြားသတ်မှတ် ပြီး အသုံးပြုနိုင်ပါမယ်။ ဈေးနှုန်း ၅ သောင်းဝန်းကျင်သာရှိသော ထိုဖုန်းဟာ ကင်မရာနှစ်မျိုးနှစ်စားလည်း ပါဝင်ပါတယ်။ အဓိက ကင်မရာက 2MP စွမ်းရည်ရှိပြီး၊ Flashlight စနစ်လည်း တွဲဖက်သုံးစွဲနိုင်ပါမယ်။ ရှေ့ကင်မရာ ငယ်ကတော့ 0.3MP စွမ်းရည်ရှိပါတယ်။

RAM ပမာဏအတွက် 512MB ထည့်သွင်း ပေးထားပါတယ်။ ဖျော်ဖြေရေးပိုင်းအတွက် FM Radio, MP3, MP4 များလည်း ခံစားနားဆင်နိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Ion 1200mAh ဖြစ်ပါတယ်။ Web Browser အထောက်အပံ့လည်း ပေးစွမ်းထားတဲ့ဖုန်း ဖြစ်ပါတယ်။

<Specification>
Network - GSM
Screen - 3.5 inches
CPU - Dual Core 1.2GHz
OS - Android OS,v4.2
Memory - 4GB,up to 32GB
Bluetooth - Yes
Contact - 01-2399900
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment