ကမ္ဘာ့မိုဘိုင်းကွန်ဂရက်ဟာ ကမ္ဘာ့အကြီးမားဆုံး နည်းပညာပြပွဲဖြစ်ပြီး လက်ရှိမှာလည်း ကမ္ဘာ့အကြီးမားဆုံး နည်းပညာကုမ္ပဏီတွေက ပစ္စည်းအမျိုးမျိုးကို အပြိုင်အဆိုင် ထုတ်ဖော်မိတ်ဆက်လျက် ရှိနေတာဖြစ်ပါတယ်။
Samsung, Sony,LG နဲ့ Huawei စတဲ့ ကုမ္ပဏီတွေကနေ သူတို့ရဲ့ မိုဘိုင်းလ်ထုတ်ကုန်တွေကို ပြသလျက်ရှိနေပြီး Apple ကဒီပွဲမှာ မပါဝင်နိုင်လို့ နှုတ်ထွက်ခဲ့ပေမယ့် သူ့ရဲ့ iPhone မျိုးဆက်သစ် 5se ကိုနောက်လထဲမှာ ထုတ်လုပ်မိတ်ဆက်နိုင်ဖို့ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။
Apple မပါဝင်နိုင်လို့ ဒီပွဲမှာ အားလျော့သွားသလိုရှိပေမယ့် တခြားမိုဘိုင်းလ်ကုမ္ပဏီတွေက အပြိုင်အဆိုင်ဆိုသလို ပါဝင်နေကြပြီး ပစ္စည်းတွေကလည်း မိုဘိုင်းဖုန်းတွေတင်မဟုတ်ပဲ၊ တခြား Virtual Reality တွေ၊ ကင်မရာတွေ၊ တက်ဘလက်တွေ အစရှိသဖြင့်ပစ္စည်းအမျိုးမျိုးကို ပွဲထုတ်လာကြတာဖြစ်ပါတယ်။ ဒီထဲကမှ ဒီပွဲအတွင်းမှာ ခေတ်စားနေခဲ့တဲ့ ကုမ္ပဏီတွေရဲ့ပစ္စည်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
LG G5
အကျယ် ၅.၃လက်မရှိတဲ့ 2560×1440 resolution ရှိတဲ့ မျက်နှာပြင်ပါဝင်ပြီး Internal Storage 32GB, 4GB RAM နဲ့ 2800mAh ဘက်ထရီ တို့ပါဝင်မှာဖြစ်ပါတယ်။ ဆွဲထုတ်လို့ရတဲ့ Slot တစ်ခုပါဝင်ပြီး အထဲမှာ ပစ္စည်းတွေကို တပ်ဆင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ တပ်ဆင်နိုင်မယ့်ပစ္စည်းတွေကတော့ Virtual Reality Headset၊ 360-ဒီဂရီ ကင်မရာ၊ Hi-Fi DAC (Digital-to-analogue) အသံစနစ် နဲ့ အဝေးထိန်းစက်ရုပ်တောင် ပါဝင်မှာဖြစ်ပါတယ်။
Samsung Galaxy S7 & S7 Edge
ကင်မရာအနေနဲ့ S7 ရော S7 Edge ပါ ကျောဘက်ကင်မရာက 12-Megapixels ပါဝင်တာဖြစ်ပြီး အရင်ထွက်ခဲ့တဲ့ S6 ညီနောင်က 16-Megapixels ရှိတာကြောင့် အရင်ကထက်လျော့ကျ သွားတာကိုတွေ့ရမှာပါ။ ဒါပေမယ့် သူတို့ကတော့ အလင်းနည်းချိန်ရိုက်ချက် တွေကို တိုးမြှင့်ထားတယ်လို့ ဆိုခဲ့ပါတယ်။
Samsung Gear 360
Sony Xperia X နဲ့ XA
ဖုန်းနဲ့ပတ်သက်တဲ့ ရင်းမြစ်တွေကတော့လက်ရှိအထိမစုံလင်သေးပေမယ့် လာမယ့်နွေရာသီ(ဇွန်လခန့်) လောက်အထိ ထုတ်ပြန်ဖို့အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။ ဒါပေမယ့်လည်း ကင်မရာနည်းပညာအတွက် Sony ဟာ ကင်မရာအင်ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေလို့ ဓာတ်ပုံပိုင်းဆိုင်ရာမှာ ထိပ်ဆုံးရောက်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Sony Xperia Ear
Huawei MateBook
ကီးဘုတ်တစ်ခုနဲ့အပြင် Stylus Pen အဖြစ်ရော လေဆာပွိုင်တာအဖြစ်ပါအသုံးပြုနိုင်မယ့် Pen အသစ်တစ်မျိုးနဲ့လည်း တွဲဖက်အသုံးပြုနိုင်တာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုကတော့ MateBook ရဲ့ဘေးဘက်ဘောင်မှာ Fingerprint Scanner လုံခြုံရေးစနစ်ကိုထည့်သွင်းပေးထားပါတယ်။
MateBook ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၁၃၀ ကနေ ဒေါ်လာ ၂၅၀၀ ဝန်းကျင်အထိရှိနိုင်တာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အတော်များတယ်လို့ပြောရမှာဖြစ်ပြီး ဒေါ်လာ ၁၈၀၀ လောက်ရှိတဲ့ Surface Book နဲ့ ဒေါ်လာ ၉၆၀ လောက်ရှိတဲ့ iPad Pro တို့နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Huawei ရဲ့ ပြောကြားချက်အရတော့ MateBook ကို လာမယ့်လတွေမှာ ဗြိတိန်နိုင်ငံမှာစတင်ဖြန့်ချိသွားမှာဖြစ်ပြီး အရောင်အနေနဲ့ မီးခိုးနဲ့ ရွှေဆိုပြီး နှစ်ရောင်ရနိုင်မယ်လို့ သိရပါတယ်။
HTC Vive
HTC Desire 530, 630 နှင့် 825
Ref: Mirror
Credit to ==> Digital Times
0 comments:
Post a Comment