Android 5.0 နှင့် အထက် ဖုန်းတွေ မြန်မာစာ မမှန်လို့ဆိုပြီး Message Box က တမျိုး Email ကတဖုံ
မေးလာကြပါတယ်....
ဟုတ်ပါတယ်.... Samsung Lollipop 5.0 နှင့် အထက် ဖုန်းတွေမှာ Built-in Myanmar ( ZawGyi ) , Myanmar ( Unicode ) ဆိုပြီး ပါပေမဲ့... နေရာတိုင်း မမှန်သေးပါဘူး...
ကျနော်လည်း ဒီပို့စ်ကို ရေးမယ် ရေးမယ်နဲ့ ကျန်းမာရေးကြောင့် မရေးဖြစ်ဘူးဖြစ်နေခဲ့တာ ကြာပါပြီ...
ကဲ... ဒီနေ့တော့ ရေးလိုက်ပြီနော်.... :)
တကယ်လို့ စာဖတ်သူက Root ဖေါက်တာ ၊ Recovery သွင်းရတာမျိုး မလုပ်ပဲ Facebook , Messager , Viber , WeChat , Line စတဲ့ Application တွေမှာ မြန်မာစာမှန်ရင် ပြီးရောဆိုရင်တော့ ဒီ Zawgyi One T5 Font လေးကို ဒေါင်းယူ Install လုပ်ပါ။ မရရင် ဒီမှာ ဒေါင်းပါ။
အဲဒီ Zawgyi One T5 နဲ့ အဆင်မပြေခဲ့ရင်...
ဒီ Font တွေနဲ့ စမ်းကြည့်ပါ.. ZawgyiOne2015 ၊ SmartZawgyiPro ၊ Samsung Zawgyi
အဲဒီ Zawgyi One T5 နဲ့ အဆင်မပြေခဲ့ရင်...
ဒီ Font တွေနဲ့ စမ်းကြည့်ပါ.. ZawgyiOne2015 ၊ SmartZawgyiPro ၊ Samsung Zawgyi
ပြီးရင် Setting > Font မှ Font Style ကိုနှိပ်ကာ စောစောကထည့်လိုက်တဲ့ Zawgyi One T5 ကို ရွေးပေးလိုက်ပါ... ရေးဖို့ Keyboard လိုရင် ဒီမှာ ဒေါင်းယူ Install လုပ်ပါ..ဒါဆိုရင် အဆင်ပြေသွားပါပြီ..။
အဲ့ဒီနည်းကတော့... နေရာတိုင်း မမှန်တာကလွဲပြီး မြန်မာစာကို အဆင်ပြေပြေသုံးလို့ရသွားပါပြီ..။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြန်မာစာကို နေရာတိုင်းမှာ မှန်စေချင်ရင်တော့ အောက်ဖေါ်ပြပါနည်းလမ်းအတိုင်း မှန်အောင် ထည့်ပေးနိုင်ပါတယ်..။
ပထမဆုံး လိုအပ်တာကတော့...
Lockwork Mode Recovery လို့ခေါ်တဲ့ CWM Recovery ဖြစ်စေ...
TeamWin Recovery Project လို့ခေါ်တဲ့ TWRP Recovery ဖြစ်စေ သွင်းထားပြီးဖြစ်ရပါမယ်...။
ဖေါ်ပြပါ Recovery နှစ်မျိုးထဲမှ တခုခုသွင်းထားပြီးပြီဆိုရင်.... ယခုဖေါ်ပြမဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါပြီ။
(ဘာမှမလုပ်ခင် မိမိဖုန်းအတွင်းမှ အရေးကြီးတာတွေကို Backup လုပ်ပါ)
အဆင်သင့်ဖြစ်ပြီဆိုရင်...
ကို Aung Thura ရေးထားတဲ့ ဒီ Samsung Lollipop Font Zip ကို ဒေါင်းယူပြီး SD Card ထဲကို Copy ကူးထည့်ထားပါ...။ (Zip ဖိုင်လ်ကို ဖြည်စရာမလိုပါ)
ဖုန်းကို Power Off (ပိတ်) လိုက်ပါ...
Home + Volume Up + Power စတဲ့ ခလုတ် သုံးခုကို တပြိုင်တည်း ၁၀ စက္ကန့်လောက် တွဲနှိပ်လိုက်ပါ...
Recovery Mode ကိုရောက်ရင် Install Zip မှ တဆင့် စောစောက ထည့်ထားတဲ့ Samsung Lollipop Font Zip ကို Flash ပေးလိုက်ပါ...
ပြီးရင် Back ခလုတ်နှင့် နောက်ပြန်ဆုတ်ပြီး Reboot System Now ကို နှိပ်ပေးလိုက်ပါ...
ဖုန်းပြန်တတ်လာရင် နေရာတိုင်း ၊ Application တိုင်းမှာ မြန်မာစာတွေ မှန်သွားပါပြီ။
ဖေါ်ပြပါနည်းကတော့ (Only For Samsung Devices) ပါ...
အခြား ဖုံးအမျိုးအစားတွေပေါ်မှာတော့ မစမ်းသပ်ဖူးသေးပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တကယ်လို့ Boot Loop ဖြစ်နေပြီး ပုံမှန်အတိုင်း ဖုန်းကတတ်မလာခဲ့ဘူးဆိုရင်..
စောစောကအတိုင်း Home + Volume Up + Power > Recovery Mode ကို ပြန်ဝင်ပြီး Wipe data/Factory Reset နှင့် Wipe Cache Partition တို့ကို နှိပ်ပေးလိုက်ပါ..။
သတိ။ ။ Wipe Data/Factory Reset , Wipe Cache Partition လုပ်တယ်ဆိုတာဟာ ဖုန်းကို Factory Reset ချတာဖြစ်ခြင်းကြောင့် ဖုန်းမှ Data အားလုံး ပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာမှ မလုပ်ခင် အရေးကြီးတာတွေကို Backup လုပ်ထားဖို့ အပေါ်မှာ ပြောခဲ့တာပါ။
ပြီးရင် Reboot System Now ကို နှိပ်ပေးလိုက်ပါ..
အဆင်ပြေပါစေဟု
ဆန္ဒပြုရင်း
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
6 comments:
A8 A800i Cwm သွင်းနည်းနဲ့ Root ဖောက်နည်းလေးပြောပြပေးပါလား
samsung J1 2016 rootမဖောက်ဘဲမြန်မာဖောင့်ထ်ည့ချင်လို့ပါzawgyi one2015 နဲ့မရပါ
Recovery ဘယ်လိုသွင်းရမလဲ
Samsung မဟုတ်တဲ့ဖုန်းတွေရောရလားအကို.....
Home + Volume Up + Power > Recovery Mode ကို ပြန်ဝင်ပြီး Wipe data/Factory Reset နှင့် Wipe Cache Partition တို့ကို နှိပ်ပေးလိုက်ပါ.ပြီးReboot Systemကိုလဲနိပ်ပြီး
ဖုန်းကဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပါတယ်ဆရာကူညီပါအုန်းsamsung A7 2016, SM-A710FDပါ
Great! Thanks for sharing the information. That is very helpful for increasing my knowledge in this fiel
Red Ball | | duck life | Slitherio
Red Ball 2 | Red Ball 3 | Red Ball 4
Post a Comment