♪ Xiaomi Mi 5 ကိုဈေးကို ဒေါ်လာသုံးရာမှစမည်ဖြစ်ပြီး မတ်လတစ်ရက်နေ့တွင်ရောင်းချမည် ♫


တရုတ်နည်းပညာကုမ္ပဏီ Xiaomi က သူတို့ရဲ့ MWC မှာ ကြေညာပြသမယ့် Mi5 စမတ်ဖုန်း ဈေးနှုန်းနဲ့ အချက်အလက်တွေအတွက် အံ့အားသင့်ဖွယ်ရာ သတင်းတွေထွက်ပေါ်လာပါတယ်။ ဗားရှင်းသုံးမျိုးနဲ့ လာမှာဖြစ်ပြီး တရုတ်ဈေးကွက်ကို စတင်ဖြန့်ချိမယ့် ဒီဖုန်းဟာ ဒေါ်လာသုံးရာ (မြန်မာကျပ် ၃၇၅၀၀၀) ခန့် ရှိမှာ ဖြစ်တယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒီဈေးနှုန်းအတိုင်းပါဝင်လာမှာတွေကတော့ Snapdragon 820 Processor, 3GB ရှိတဲ့ internal RAM, 32 GB ပမာဏရှိတဲ့ Internal Storage ရှိတယ်လို့ သိရပါတယ်။ တကယ်လို့ 64 GB ရှိတဲ့ Internal Storage Version နဲ့ ဖုန်းကတော့ ဒေါ်လာ ၃၅၂ (မြန်မာကျပ် ၄၄၀၀၀၀) ခန့်ကျသင့်မှာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရ Xiaomi Mi5 Pro လို့ခေါ်တဲ့ ကြွေရောင်သုတ်ဖုန်းတစ်မျိုးကို 4GB RAM, 128 GB Internal Storage ဖုန်းတစ်မျိုးကိုထုတ်လုပ်ဖို့ရှိနေပြီး ဒေါ်လာ ၄၁၃ခန့်ရှိမှာဖြစ်ပါတယ်။

Xiaomi Mi5 အတွက် လက်ရှိအချိန်မှာ လာမယ့် မတ်လတစ်ရက်နေ့ကနေ စတင်ရောင်းချဖို့အတွက် ကြိုတင်အော်ဒါတွေကို တရုတ်နိုင်ငံမှာ မှာယူနိုင်နေပြီးဖြစ်ပါတယ်။ တခြား ကမ္ဘာ့နိုင်ငံတစ်ဝှမ်းကို ဘယ်အချိန်မှာဖြန့်ချိမယ်ဆိုတာကိုတော့ ကုမ္ပဏီအနေနဲ့ထုတ်ပြန်ခြင်းမရှိသေးတာဖြစ်ပါတယ်။

Ref: GSM Arena
Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment