♪ “Samsung Galaxy Alpha” ♫


Samsung ဟာ မကြာမီတွင် သူ့ရဲ့နောက်ဆုံးပေါ် ဟန်းဆက်အသစ်ကို မိတ်ဆက်ရောင်းချပေးတော့ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းဈေးကွက် အတွင်း၌ လှုပ်ရှားသက်ဝင်မှုများ ထပ်မံဖြစ်ပေါ်လာပါဦးမယ်။ 2016 Edition ပြုလုပ်ထား သော ဖုန်းများကိုလည်း ရောင်းချပေးပါဦး မယ်။ ရှေ့နှစ်တွေက ထုတ်လုပ်ခဲ့သည့် အချို့သောဖုန်းများသည်လည်း စွမ်းရည် ကောင်းမွန်သည့် အမျိုးအစားများထဲတွင် ပါဝင်ဆဲဖြစ်ပါတယ်။

 Galaxy Alpha ဟာ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်က မိတ်ဆက် ထုတ်လုပ်ထားတာဖြစ်ပြီး SM-G850F (Europe), SM-G850T (T-Mobile), SM-G850M (Vodafone), SM-G850FQ, SM-G850Y ဆိုပြီး ဖြန့်ချိရာဒေသနှင့် carrier ပေါ်မူတည်၍ မော်ဒယ်နံပါတ်များ ကွဲပြားပါမယ်။ Nano Sim ထည့်သွင်းအသုံးပြုလျှင် 2G,3G,4G network များ အထောက်အပံ့ရရှိပါမယ်။ ဖုန်းရဲ့အရွယ်အစား ကတော့ 132.4x65.5x6.7mm ဖြစ်ကာ အလေး ချိန်ကတော့ 115g ပါ။ PayPal အသိအမှတ်ပြုထားပြီး၊ Finger print Sensor အသုံးပြုနိုင်ပါမယ်။

Super AMOLED capacitive touchscreen ရဲ့ အကျယ်ပမာဏကတော့ 4.7 inches ပါ။ pixels ပမာဏထောက်ပံ့ပေးထားမှုအနေဖြင့် 720x1280 ပါဝင် ပြီး၊ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 312ppi ပါ။ အဓိကကင်မရာဟာ 12MP ရှိတာကြောင့် စွမ်းဆောင်ရည်ကောင်းမွန်ပြီး၊ ရှေ့ကင်မရာငယ်ကတော့ 2.1MP ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်က သုံးမျိုးသုံးစားရှိပါတယ်။ မှတ်ဥာဏ်ပမာဏအနေဖြင့် RAM ကို 2GB ထည့်သွင်းပေးထားကာ ROM မှာ 32GB ပါရှိပါမယ်၊ Cardslot စနစ် တော့ မပါရှိပါဘူး။

 Chipset အမျိုးအစားကတော့ Exynos 5 Octa 5430 ဖြစ်ကာ၊ ဘက်ထရီကတော့ Li-Ion 1860mAh ပါ။ ထိုဘက်ထရီ ဟာ အသင့် အနေအထားတွင် ၃၅၀ နာရီနီးပါး စကားပြောဆိုဖို့ ၁၁ နာရီ နီးပါးနှင့် သီချင်းနားထောင်ဖို့ ၃၇ နာရီနီးပါး ခံနိုင်စွမ်း ရှိအောင် စွမ်းဆောင်ပေး နိုင်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Screen - 4.7 inches
CPU - QC 1.8GHz & QC1.3 GHz
OS - Android OS,v4.4.4
Memory - 32GB
Bluetooth - v4.0
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment