Huawei P8 V 5.0 ကို Root ဖောက်ပြီး မြန်မာစာ ထည့်သွင်းမယ်




Huawei P8 ကို Root ဖောက်ရခက်နေကြတဲ့ သူငယ်ချင်းတွေအတွက် Huawei P8 V 5.0 ကို  Root ဖောက်ပြီး မြန်မာစာ ထည့်သွင်းနည်းကို တင်ပေးလိုက်ပါတယ်ဗျာ။ Huawei P8 V 5.0 ကို  360-PermRoot Apk ဗားရှင်းအဟောင်း နဲ့အရင် ဖောက်ပြီးမှသာ နှစ်သက်ရာ Root ဖြင့် အလွယ်တစ်ကူ Root Access ရရှိမှာ ဖြစ်ပါတယ်။အရင်ဆုံး လိုအပ်တာတွေကို အောက်မှာ ဒေါင်းပြီး ဖုန်းတွင် Install အရင် ပြုလုပ်ပြီးလျှင် လိုအပ်တာတွေကို ပြန်လုပ်ပါ။


 360-PermRoot Apk  ဖြင့်Root ပြုလုပ်ရန်အတွက်
 ဖုန်းဟာ အင်တာနက်ရှိရပါမည်။
 ဖုန်း Battery အားကို 30% အထက်ရှိပါစေ ။
 ဖုန်း Settings >> Security >>>Unknown Sources ကို အမှတ်ခြစ်ထည့်ပေးပါ။
ပြီးရင် ဖုန်း Settings ရဲ့ အောက်ဆုံးနားမှာ About Phone အပေါ်နားက Developer Options >> > USB debugging ကိုအမှတ်ခြစ်ပေးပါ။
အားလုံးပြီးရင် ခုနားက  Install လုပ်ထားတဲ့ 360-PermRoot Apk ကို ဖွင့်ပေးလိုက်ပါ။

 ဒီနေရာမှာ အဝိုင်းလေးရဲ့ Root ဆိုတာကို ပြန်နှိပ်ပေးလိုက်ပါ

ဒီလို့ အမှတ်ခြစ်ပြီးရင်တော့ အဆင်ပြေပါပြီ။

ပြီးရင်တော့ VRoot PC နဲ့ ပြန်ပြီး နောက်တစ်ခေါက် Root ပြုလုပ်မှသာ Root Access ရရှိမှာ ဖြစ်ပါတယ်။  VRoot PC ဖောက်နည်းကိုတော့ လိုရင်းတိုရှင်းနဲ့ ပြောပြပေးသွားမှာပါ။



VRoot PC နဲ့Root ပြုလုပ်ရန် အတွက် ==>>
ဖုန်းမှာ USB Debugging ကို One ပေးထားပါ။ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။ ဖုန်းကို ကွန်ပျူတာကသိပြီဆိုရင်တော့ VRoot ဖွင့်လိုက်ပါ။  ခဏစောင့်နေပြီးရင် Root  ဆိုတာကို ပြလာရင်တော့  Root ဆိုတာကိုပဲ  နှိပ်ပေးလိုက်ပါ။ 


VRoot မှာ ဒီလို Root Successed ! ပြရင်တော့Huawei P8 V 5.0 ကို Root ခြင်း အားလုံး အဆင်ပြေပါပြီ

Root checker Apk  ရယူရန်



ပြီးရင် Root checker Apk  နဲ့ စစ်ကြည့်လိုက်ပါ Root checker မှာ အစိမ်းရောင်လေး ဖြစ်နေတာ တွေ့နေရပြီ။

မြန်မာစာ ထည့်သွင်းဖို့က MPPG Font Tool v1.3.Apk နဲ့ အဆင်ပြေပါတယ်။


MPPG Font Tool v1.3.Apk ကို ဒေါင်းပြီ ဖုန်းမှာ Install အရင် ပြုလုပ်ပြီးလျှင် MPPG Font Tool v1.3.Apk  ဖွင့်ပြီး အောက်မှာ တွေ့နေရတဲ့ Check Root ကို နှိပ်ပေးလိုက်ပါ။


 ပြီးရင်တော့ အောက်က ဘောက်လေး တက်လာရင်  Allow ကိုသာ နှိပ်ပေးလိုက်ပါ။


ဒီနေရာမှာ မြန်မာဖောင့်သွင်းရန် ဆိုတာကို နှိပ်ပေးလိုက်ပြီးရင် ဖုန်း Reboot ကျသွားပါလိမ့်မယ်။
 ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ မြန်မာစာ လုံးဝ မှန်ကန်စွာ တွေ့ရပါပြီ။


Keyboard  မရှိသေးရင် အောက်မှာ ဒေါင်းယူပြီးထည့်သွင်းနိုင်ပါတယ်။



ဒီလောက်ဆို ထာဝရ ပျော်ရွင်ကြပါစေ။

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။

0 comments:

Post a Comment