♪ Dolby အသံပတ်လည်ပြေးစနစ်ပါဝင်တဲ့ ဒေါ်လာ ၁၅၀ တန် Lenovo စမတ်ဖုန်းအသစ် ♫


၂၀၁၆ ခုနှစ်မှာ စမတ်ဖုန်းအမိုက်စားတစ်လုံးအတွက် ငွေတွေ ပုံအောပြီးသုံးစရာမလိုတော့ပါဘူး။
Lenovo ရဲ့ Vibe K5 Plus ဖုန်းအသစ်ကို လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) မှာ စတင်မိတ်ဆက်ခဲ့ပြီး၊ စွမ်းဆောင်ရည်မြင့် တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ထူးခြားချက်က Dolby Atmos အရည်အသွေးမြင့်အသံစနစ်ပါဝင်လာပြီး၊ တန်ဖိုးနည်းမိုဘိုင်းဖုန်းတစ်လုံးကနေ ပတ်လည်အသံပြေးစနစ်ကို ခံစားနိုင်မယ့် ဖုန်းတစ်လုံးပါ။

Vibe K5 Plus ဖုန်းဟာ ဒီဇိုင်းပိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ၅ လက်မအရွယ် full HD (1920x 1080 resolution) မျက်နှာပြင်ကြောင့် ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ရာမှာ အကောင်းဆုံးရုပ်ထွက်ကို ခံစားနိုင်မှာပါ။ Qualcomm Snapdragon 616 octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 2 GB ရှိတာကြောင့်၊ အမြင့်စားဂိမ်းတွေကိုလည်း ချောချောမွေ့မွေ့ဆော့ ကစားနိုင်ပါတယ်။

ဖုန်းတွင်းမှာ 16 GB အထိ ဒေတာသိမ်းဆည်းနိုင်ပြီး microSD ကတ် 32 GB အထိ ထပ်စိုက်နိုင်ပါတယ်။ နောက်တစ်ခုကောင်းတဲ့တစ်ချက်ကတော့ အလွယ်တကူဖြုတ်တပ်နိုင်တဲ့ ဘက်ထရီပါရှိပြီး၊ ဘက်ထရီအား 2750mAh ရှိပါတယ်။

ဓာတ်ပုံ၊ဗီဒီယိုတွေရိုက်ကူးဖို့အတွက် 13-megapixel ကျောကင်မရာပါဝင်ပြီး၊ LED ဖလက်ရှ်မီးပါ ပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 5-megapixel ပါ။ Vibe K5 Plus ဖုန်းကို ငွေရောင်နဲ့ ရွှေရောင်နှစ်မျိုး ရရှိနိုင်ကာ၊ နောက်လထဲ ဖြန့်ချိသွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref: Mashable
Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment