iController နှင့် A9 processor ပါတော့မည့် iPhone 6 Pro


iPhone 6 Pro ဟာအရင် iOS Devices တွေထက်အများကြီးသာလာတော့မှာပါ။ နောက်ပိုင်းပိုသာလာသာက Camera နဲ့ Processor တွေအရမ်းကောင်းမွန်လာတာကို လူတွေသိကြမှာပါ။

အရှေ့ကို ရိုက်တဲ့ Camera ဟာ 3MP front-facing HD Camera ဖြစ်သွားပါတယ်။ သူကရိုးရိုးမဟုတ်ဘဲ HD လို့ပြောချင်တာပါ။ iPhone 6 Pro ဟာ အထူအပါးဟာ 7.2mm ရှိပြီး iPhone 5s ထက်နည်းနည်းပိုပါးပါတယ်။ iPhone 6 Pro ကပါးလွှာတယ်လို့ပြောရမှာပေါ့။ ဒီထက်ထူးခြားတာက တခြားဖုန်းတွေနဲ့မတူပါဘူး။ Notification ထားတဲ့နေရာက အပေါ်မှာမဟုတ်ဘဲ အောက်မှာဖြစ်နေတာကို သတိထားမိမှာပါ။ iPhone 6 Pro ဟာ လူတစ်ယောက်ရဲ့ နှလုံးတိုင်းတာလို့ရတဲ့စနစ်ပါထည့်ထားတယ်လို့သိရှိရပါတယ်။

iController ဆိုတာ ဂိမ်းဆော့တဲ့သူတွေအတွက် သီးသန့် device တစ်ခုပါ။ Apple က ထုတ်လုပ်တဲ့ iPhone 6 Pro ဟာ A9 Processor ပါရှိပြီး iOS 8 ဖြစ်ပါတယ်။ iPhone 6 Pro ရဲ့ size ကိုအတိအကျမသိရသေးပါဘူး။ iPhone 6 Pro ဟာ June ၂၀၁၄ မှာထွက်မယ့်လို့သိရှိရပေမယ့် အဲ့ဒါ တရားဝင်ထုတ်ပြန်တာမဟုတ်သေးကြောင်းသိရှိရပါတယ်။

iPhone 6 Pro ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ချင်ရင် ဒီမှာ သွားကြည့်လိုက်ပါ။

Ref : PhoneArena


Fast News GO မှသတင်းအစုံအလင်ကိုဖတ်ချင်ပါက ဒီလင့်ကိုကလစ်ပြီး LIKE ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။