
1.2.2016 နေ့မှ စတင်ကာမလေးရှားလဝက Levy ကြေး ပြောင်းလဲ
**********************************************
အထူး သတင်း - Breaking News
**********************************************
အထူး သတင်း - Breaking News
မလေးရှားနိုင်ငံလုံးဆိုင်ရာ နိုင်ငံခြားသား အလုပ်သမားခွန်များကို မလေးရှားအစိုးရမှပြောင်းလဲကောက်ခံမည်ဟု ကြော်ငြာထားခဲ့ပြီးသည့်အတိုင်း ယနေ့ 1.2.2016 မှစတင်ပြီး Service Sector မပါ ၊ အခြားသော Sector များအားလုံးအတွက် 2 ဆ ပြောင်လဲကောက်ခံသွားမည်ဖြစ်ကြောင်း ယနေ့မလေးရှားနိုင်ငံသတင်းဌာနများတွင် တရားဝင်ကြော်ငြာသွားခဲ့သည် ။
လွန်ခဲ့သော 2015 မှစတင်ကြော်ငြာခဲ့သည့်အတိုင်း မလေးရှားအစိုးရသည့်
နိုင်ငံခြားသား အလုပ်သမားခွန် (levy) ကြေးများကိုပြောင်းလဲကောက်ခံမည့်
Sector အလိုက် ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည် ။
1. အိမ်အကူ (အိမ်ဖော်) များအတွက် ယခင် လဲဗီးကြေး 410 ရင်းဂစ် မှာ မပြောင်းလဲပဲ ယနေ့ 410 ဖြင့်ဆက်လက်ကောက်ခံမည် ။
2. ယခင် ဝန်ဆောင်မှု လုပ်သားခွန် (Service Sector Levy) ဖြစ်သည့် 1850
ရင်းဂစ်အား တိုးကောက်ခြင်းမရှိပဲ 1850 အဆိုင်းဆက်လက်ကောက်ခံမည် ။
3.
ယခင် ကုန်ထုတ်လုပ်မှု လုပ်သားခွန် (Manufacturing Sector) နှင့်
ဆောက်လုပ်ရေးလုပ်သားခွန် (Construction Sector) 1250 အစား ယနေ့မှစတင်ကာ
2500 ရင်းဂစ် စတင်ကောက်ခံမည် ။
4. ယခင် စိုက်ပျိုးရေး လုပ်သားခွန်
(Plantation Sector) နှင့် စိုက်ပျိုးမွေးမြူ လုပ်သားခွန် (Agriculture
Sector) 750 မှ ယနေ့ 1500 ရင်းဂစ်သို့ ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း
မလေးရှား အစိုးရမှယနေ့ကြော်ငြာသွားခဲ့သည် ။
ဤ Levy ကြေး အသစ်နှုန်းထားများအတိုင်း 1.2.2016 နောက်ပိုင်း ပါမစ်
သက်တမ်းတိုးသော ၊ ပါမစ် အသစ်လျှောက်သော သူ အားလုံး
မလေးရှားအစိုးရသို့ပေးဆောင်ရမည်ဖြစ်သည် ။
ပြည်ထဲရေးဝန်ကြီး Deputy
Prime Minister Datuk Seri Dr Ahmad Zahid Hamidi, မှ မနေ့က
သတင်းကြော်ငြာမှုတွင် မလေးရှားနိုင်ငံတွင်း တရားဝင်ရှိနေသော နိုင်ငံခြားသား
လုပ်သား 2.315 Million ရှိပြီး မလေးရှားအစိုးရအတွက် 2016
လုပ်သားခွန်ကောက်ခံမှုသည် မလေးငွေ 2.5 ဘီလီယံအထိ တိုးလာမည်ဖြစ်ကြောင်း
ကြော်ငြာသွားခဲ့သည် ။
ယခု မြှင့်တင်လိုက်သော နိုင်ငံခြားသား
လုပ်သားခွန် အသစ်ကြောင့် စက်ရုံ ၊ အလုပ်ရုံ ၊ ဆောက်လုပ်ရေး လုပ်ငန်းများ
အတွက် ပြင်းထန်စွာ ထိခိုက် နိုင်မည် ဖြစ်သော်လည်း တရားမဝင်လုပ်သားများ
ပြဿနာ ကိုရင်ဆိုင်နေရသော အစိုးရအဖို့ နည်းလမ်းသစ် တစ်နည်းဖြင့်
ဖြေရှင်းနိုင်မည်ဟု မလေးရှားအစိုးရက ယုံကြည်ထားသည် ။
အဆိုပါ
လဲဗီးပြောင်းလဲသတ်မှတ်ပြီး သည့်နောက်ပိုင်း တရားမဝင်အလုပ်သမားများကို
တရားဝင် ဖြစ်စေမည့် အစီအစဉ်များ ပြန်လည်စတင်လာနိုင်ကြောင်းလည်း မလေးရှား
အလုပ်သမား အေဂျင်စီများက မျှော်လင့်ထားကြသည် ။
အဆိုပါ လဲဗီးကြေးအား နိုင်ငံတကာ စံနှုန်း များအတိုင်း တွက်ချက်ကောက်ခံခြင်း ဟု ဝန်ကြီးက ပြောကြားသွားခဲ့သည် ။
မလေးရှားနိုင်ငံအတွက် နိုင်ငံခြားသား အလုပ်သမားများ၏ အရေးပါမှုကို အဆိုပါ
အစီအစဉ်ဖြင့် ထိန်းချုပ်မည်ဖြစ်ကြောင်း ကိုလည်း ဝန်ကြီးက
ဆက်လက်ပြောကြားသွားခဲ့သည် ။
သို့ကြောင့် ယနေ့မှစတင်ကာ
မလေးရှားနိုင်ငံတွင်း နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများ
နှင့် အလုပ်ရှင်များ ၊ အထူးသဖြင့် စက်ရုံ ဆောက်လုပ်ရေး လုပ်သား များ နှင့်
လုပ်ငန်းရှင်များသည် အစိုးရ ၏ လဲဗီးကြေးသစ် 2500 ရင်းဂစ်အား
ပေးဆောင်ရတော့မည်ဖြစ်ကာ
စိုက်ပျိုးရေး မွေးမြူရေး လုပ်သားများ နှင့် လုပ်ငန်းရှင်များသည်လည်း လဲဗီးကြေးသစ် 1500 ကို စတင်ပေးဆောင်ကြရတော့မည်ဖြစ်သည်။
ယခု လဲဗီးကြေး တိုးမြှင့်ကောက်ခံမှုသည့်မလေးရှားနိုင်ငံ၏ သမိုင်းဝင်
အခွန်တိုးမြှင့်ကောက်ခံမှု တစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့ကာ နိုင်ငံတွင်း
ကန့်ကွက်သံ များ ၊ ထောက်ခံသံများဖြင့် ပွက်ပွက်ညံခဲ့ပြီဖြစ်သည် ။
ထို့အတူ မလေးရှားနိုင်ငံလုံးဆိုင်ရာ
ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ Datuk Seri Saw Choo Boon
မှ ယခု လဲဗီးကြေးသည် ရုတ်တရက် ဆန်လွန်းနေကာ ကုန်ထုတ်လုပ်သူများအတွက်
အကြီးဆုံး ပြဿနာ ဖြစ်လာပြီဖြစ်ကြောင်း မှတ်ချက်ပြုထားခဲ့သည် ။
ဆက်လက်ပြီး ပြောင်းလဲနေသာ ပေါ်လစီများ အရ နောက်ဆက်တွဲ သတင်းများ ၊
ကြော်ငြာချက်များ ၊ အစီ အစဉ်များ ရှိလာပါက ကျွန်တော်တို့ ချက်ခြင်း
ဘာသာပြန်တင်ဆက်ပေးမည်ဖြစ်သည် ။
မလေးရှားရောက်မြန်မာများ Official Facebook Page






0 comments:
Post a Comment