
လစဉ်နီးပါးထွက်ပေါ်နေသည့် နည်းပညာပစ္စည်းသစ်များကို သုံးစွဲသူများ
အနေဖြင့် မကြာခဏပြောင်းလဲ ကိုင်ဆောင်အသုံးပြုရန် ၀ယ်ယူဖို့
အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာနည်းပညာကုမ္ပဏီများ ကတော့
ဂုဏ်သတင်းပိုင်းဆိုင်ရာအရရော၊ ဈေးကွက်ဝေစုပိုင်းအရပါ ပစ္စည်းအသစ်များကို
မကြာခဏမိတ်ဆက်ထုတ် လုပ်နေပါသည်။ ပစ္စည်းသစ် တိုင်းက ကုမ္ပဏီ၏၀င်ငွေကို
တိုးပွားအောင်မလုပ်ဆောင်နိုင်ပေမယ့် ပစ္စည်း အသစ်
တစ်မျိုးကြောင့်ကုမ္ပဏီရဲ့ဂုဏ်သတင်းကျော်ကြား ရသလိုများစွာ
သောဝယ်ယူသူများလည်းရရှိနိုင်ပါသည်။
ပစ္စည်းသစ်မိတ်ဆက်ထုတ်လုပ် သည့်
အခါတွင်လည်း ကုမ္ပဏီတစ်ခုနှင့်တစ်ခုသည် နည်းပရိယာယ် မတူညီ ကြပါဘူး။
တန်ဖိုးကြီးဖုန်းများကိုမိတ်ဆက်သည့်အခါ၌စတင်ရောင်းချသည့်
ရက်ပိုင်းအတွင်းတွင် အထူး Promotion အစီ အစဉ်များနဲ့ရောင်းကြပါသည်။
ကြိုတင်မှာယူသည့် အစီအစဉ်များနဲ့ အရောင်းပြုလုပ်သည့်ကုမ္ပဏီများလည်း
ရှိပါသည်။ ဆင်းကတ်ထုတ်လုပ်ရောင်းချသော ကုမ္ပဏီများနဲ့ပူးပေါင်း၍
ဟန်းဆက်အသစ်များတွင် ဖုန်းဘေလ် ပမာဏနှင့် ဒေတာပမာဏ Free ပေးခြင်းများကို
ပြုလုပ်တတ်ကြပါသေးသည်။ ပြည်တွင်းဈေးကွက်တွင် မိတ် ဆက်ခြင်းပြုလုပ် သလို၊
ပြည်ပတွင်မိတ်ဆက်ခြင်းများကိုလည်း ဆောင်ရွက် တတ်ကြပါသေးသည်။ ပြည်ပတွင်
မိတ်ဆက်သော အချို့ဖုန်းများသည် တန်ဖိုးမြင့်မားလွန်းတာကြောင့် ပြည်တွင်းကို
တင်သွင်းခြင်းမပြုကြပါဘူး။ အချို့သောကုမ္ပဏီများက ဈေးနှုန်းမြင့်သည့်
ဖုန်းများမရောင်းချရမှုကို သင်ခန်းစာယူ၍ ဈေးနှုန်းသင့်သော ဖုန်းများကို
မကြာခဏမိတ်ဆက် ရောင်းချကြပါသည်။
နာမည်ကြီးတံဆိပ်များက
အောင်မြင်ခဲ့သောဖုန်းများကိုပြန်လည်မှီငြမ်း၍ တန်ဖိုးနည်းနည်းဖြင့် Series
အလိုက်ထုတ်လုပ်ရောင်းချသလို ကုမ္ပဏီ အသစ်များကလည်း သုံးစွဲ သူရရှိအောင်
တန်ဖိုးနည်းဖုန်းများကိုသာ အဓိက တင်သွင်း၍
လုပ်ငန်းစကြပါသည်။အမြင်အမျိုးမျိုး၊ အတွေးအမျိုးမျိုး ရှိကြခြင်းကြောင့်
ဟန်းဆက်အသုံးပြုမှုအပိုင်းတွင်လည်း မတူညီကြပါဘူး။ Touchscreen
ဖုန်းများသာကြီးစိုးတော့မည်ဟုထင်ရသည့် စမတ်ဖုန်း လောကတွင်
အခြားဖုန်းအမျိုးအစား များလည်းပျောက်ကွယ်မှုမရှိသေး ပါဘူး။
တန်ဖိုးနည်းနည်းဖြင့်သုံးကြရခြင်းကြောင့် သုံးပျော်သည်ဟူသော အနေ
အထားဖြင့်ဝယ်ယူကြပါသည်။ အကြမ်းခံသည့်အပိုင်းကြောင့်လည်း
ရွေးချယ်တတ်ကြပါသည်။ အရေးသာသည့် အချက်တစ်ချက်ကတော့
လိုင်းဆွဲအားနှင့်လိုင်းမိခြင်းပါ။
နယ်များ၊ ကွန်ရက်ဝေးသောဒေသများတွင်
တိုင်ထောင် ဖုန်းများသာ အသံကြည်လင်မှုကိုပေးစွမ်းနိုင်ပါသည်။ လူကြီးပိုင်း
အချို့အတွက်လည်း Keypad ဖုန်းများသည် အရေးပါလှသည်။ ဖုန်းလုပ်ငန်းများကို
ရိုးရိုးရှင်းရှင်းဖြင့် အသုံးပြုနိုင်ခြင်းကြောင့် နှစ်သက်ကြ သလို၊
တန်ဖိုးကြီး ဖုန်းများသည် သူတို့အတွက် မေ့လျော့ပျောက်ရှသည့်အခါ
ဆုံးရှုံးမှုပိုများစေခြင်းကြောင့် တန်ဖိုးနည်းဖုန်းများကိုသာရွေးချယ်တတ်ကြ
ပါသည်။ အော်ပရေတာလုပ်ငန်းနှစ်ခုသည်လည်း Keypad ဖုန်းများကို
ရောင်းချခြင်းပြုခဲ့ပါသည်။ လူအများကြိုက်နှစ်သက်ခဲ့ပြီး ၀ယ်ယူသုံးစွဲကြ
ပါသည်။ ကြော်ငြာအား ကောင်းကောင်း၊ တန်ဖိုးနည်းနည်းဖြင့်အချို့သော
Touchscreen ဖုန်းများရဲ့ဈေးကွက်ဝေစုကိုသိမ်းပိုက်ခဲ့ကြပါသည်။
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးဖို့အင်အားကောင်းသော လူနေမှုအဆင့်အတန်း
မြင့်မားရန် ကြိုးစားနေသောနိုင်ငံများတွင် တန်ဖိုးနည်းဖုန်းများရဲ့ အခန်း
ကဏ္ဍသည်အရေးပါ လှပါသည်။ နေ့စဉ်စရိတ်များထဲကမှ ဆက်သွယ်ရေး အတွက်
စရိတ်နည်းနည်းသာဖဲ့ပေးလိုကြပါသည်။ ဒါကြောင့်အရှုံးပေါ်သော
ဖုန်းကုမ္ပဏီအချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကိုသာ ဦးတည်၍ တန်ဖိုးနည်း
ဖုန်းများတင်သွင်း ရောင်းချကြပါသည်။Keypad ဖုန်းအဟောင်းများသည်
ဆက်သွယ်ရေးကဏ္ဍ အများအပြားကိုလုပ်ဆောင်ပေးနိုင်ပါသည်။ မျိုးဆက်သစ်
ဖုန်းအချို့ကတော့ ခေတ်နှင့်အညီ စွမ်းရည်ကောင်းမွန်လာကြပါ သည်။
အင်တာနက်ကွန်ရက်များ ချိတ်ဆက်သုံးနိုင်ကြကာ၊ ကင်မရာစွမ်းရည် များလည်း
ကောင်းမွန်လာကြပါသည်။ ဆင်းကတ်ထည့်သွင်းခြင်း ကဏ္ဍတွင် လည်း
တစ်ကတ်သုံးမှသည်နှစ်ကတ်သုံး၊ ထိုမှသည်သုံးကတ်ထည့်သွင်း နိုင်သော
ဖုန်းများပေါ်ထွက် လာကြသည်။
အိန္ဒိယနှင့်အရှေ့တောင်အာရှ ဒေသအချို့တွင်
လူမှုကွန်ရက်ဆိုင်ရာ နည်းပညာကုမ္ပဏီများက တန်ဖိုး နည်းနည်းဖြင့်
အင်တာနက်များအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ အစီအစဉ်များရှိပါသည်။
တွဲဖက်သုံး မည့်နည်းပညာများသည် တန်ဖိုး နည်းနည်း(သို့)အသင့်အတင့်သော
တန်ဖိုးရှိပါက ပိုမိုအဆင်ပြေပါလိမ့်မည်။ Keypad ဖုန်းများသာ တန်ဖိုးနည်းသည်
မဟုတ်ဘဲ Touchscreen သုံးနိုင် သည့် ဖုန်းများထဲတွင်လည်း ဈေးနှုန်း
ချိုသာသည့် ဖုန်းများရှိရာဖုန်း အရောင်းဆိုင်များ၏ကောင်တာများတွင်
နေရာခွဲဝေယူထားကြပါသည်။ နည်းပညာ မဂ္ဂဇင်းများတွင်မိုဘိုင်းအရေးသုံးသပ်သူ
Sascha Segan ကလည်း Feature ဖုန်းများ ပြန်လည်ဦးမော့
လာနိုင်ခြေရှိကြောင်း(သို့)အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာနိုင်ကြောင်းမှတ်ချက်ပြုထားပါသည်။
လွန်ခဲ့သော နှစ်တွေက ထုတ်ခဲ့သည့် Kyocera Dura XE ဖုန်းသည် ခုခေတ်
နှင့်ယှဉ်ပါကမော်ဒယ်နိမ့်၊ စွမ်းရည်နည်းပေမယ့် ဖုန်းကိုအသုံးပြုသည့်အခါ
အဆင်ပြေစေပါသည်။ ဖုန်းလေးကို လွယ်လင့်တကူသုံးနိုင်ပြီး ရှုပ်ရှုပ်
ထွေးထွေးမရှိ ကြောင်း သူကမှတ်ချက်ပြုပါသည်။ ထိုကဲ့သို့သောဖုန်းတွေ ထဲကမှ
အဆင့်မြှင့်ထားသည့် Android အခြေပြု ဖုန်းများသည်နောက်ပိုင်းမှာ
ပိုမိုတွင်ကျယ်လာနိုင်ကြောင်းဆိုပါသည်။တန်ဖိုးနည်းဖုန်းဈေးကွက်ထဲတွင် တော့
OS ပိုင်းနဲ့ပတ်သက်လျှင် Android က အခြား OS များထက်အရေးသာ ပါသည်။ Nokia
ဆိုလျှင် သူ၏ဆုံးဖြတ်ချက် ကိုအနည်းငယ်ပြင်ဆင်သည့် အနေဖြင့်
သူ့ရဲ့တန်ဖိုးနည်းဖုန်းအမျိုးအစားနှစ်မျိုးခန့်တွင် Android OS
ကိုထည့်သွင်းပေးခဲ့ပါသည်။Feature ဖုန်းများအောင်မြင်မှုပိုရဖို့သည်
အဖက်ဖက်မှ စွမ်းရည်မြှင့် ရန်လိုအပ်ပါသည်။
App Store များနဲ့ ချိတ်ဆက်
သုံးနိုင်ဖို့လိုအပ်သလို၊
ငွေကြေးပိုင်းဆိုင်ရာလွှဲပြောင်းအသုံးပြုနိုင်ဖို့လည်း လိုအပ်ပါသေးသည်။
နောက်တစ်မျိုးမှာ ဖျော်ဖြေရေး”ရသ”ပိုင်းပါ။ ရုပ်ထွက် ကောင်းမွန်သည့်
Touchscreen ဖုန်းများတွင် ရုပ်ရှင်၊ ဗီဒီယိုများသာမက အကောင်းစား Game
များကိုပင်ဆော့ကစားနိုင်ပါသည်။ မြင်ကွင်းရသပိုင်း အတွက် ပိုမို
ထောက်ပံ့ပေးနိုင်သည့် VR များကိုပင်ရောင်းချပေးနေကြပါ သည်။
ဖုန်းမျက်နှာပြင်အတော်အသင့်ကျယ်ဝန်းသော Keyများ အသုံးပြုရတာ အဆင်ပြေစေသည့်
ဒီဇိုင်းဆန်းသောဖုန်းများကတော့ ရောင်းချကြရပါသေးသည်။ Voice Over LTE
(VoLTE) ထောက်ပံ့မှု ပေးသည့် Android အခြေပြု Feature
ဖုန်းများထွက်ရှိဖို့ကုမ္ပဏီအချို့ ပြင်ဆင်နေသေးကြောင်း Segan ကပြောပါသည်။
Feature ဖုန်းများအတွက်နေရာရှိသေးကြောင်း ပြသနေ သည့်အချက် တစ်ချက် ကတော့
တိုးတက်နေသောနိုင်ငံများတွင်ပင် Feature ဖုန်းများကို မပစ်ပယ်သေးဘဲ
လူများစွာသုံးနေခြင်းဖြစ်ပါသည်။ U.S တွင်အသုံးပြုနေ သော Feature
ဖုန်းအရေအတွက်သည် 78 million ခန့်ရှိပါသည်။ Verizon တစ်ခုတည်းမှာပင်
ဖုန်းအလုံးရေ 20 million မှ 30 million အထိကွန်ရက် ချိတ်ဆက်သုံးနေပါသေးသည်။
ထိုသို့အလုံး ရေများစွာကျန်ရစ်သုံးနေကြ ခြင်းမှာ Message
ပို့ဖုန်းများအဖြစ် အကျွမ်းတ၀င်ဖြစ်နေခြင်းကြောင့် လည်းဖြစ်ပါသည်။
အမေရိကရှိလူကြီးပိုင်းအချို့သည် Key များဖြင့်သာ Message ပို့ခြင်း၊
ဖုန်းဆက်ခြင်းကို ရင်းနှီးကျွမ်းဝင်ကြခြင်းကြောင့် ထိုဖုန်း
များဆက်လက်တည်ရှိနေခြင်းပါ။
အချို့သော လူကြီးများသည် ခေါက်ဖုန်း၊ Slide
ဖုန်းများ၊ သာမန်ဒီဇိုင်းရှိသော keypad ဖုန်းများနဲ့ Password မလိုဘဲ၊
မထားဘဲ၊ အဆင့်မများဘဲ လိုတိုရှင်းစွာဖြင့် ဆက်သွယ်ခြင်းအမှုပြုကြ
ပါသည်။တန်ဖိုးကြီးစမတ်ဖုန်းများတွင် လုံခြုံရေးစနစ်ပါရှိဖို့အရေးကြီးသလို
အသုံးပြုသူတစ်ဦးချင်းစီ၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များ လုံခြုံမှု
ရှိစေဖို့ Password များ၊ လက်ဗွေရာဖတ်စနစ်များထည့်သွင်းကြပေမယ့်
တစ်ခါတလေအလျင်လိုသည့် အခြေအနေများတွင်ထိုအဆင့်များကို ဖြတ်ကျော်ရသည်မှာ
အချိန်အနည်းငယ် ကြာလှပါသည်။feature ဖုန်းများ နေရာရသေး
သည့်နိုင်ငံတစ်ခုကတော့ ဂျပန်ဖြစ်ပါသည်။ Musashi ဆိုသည့် ဖုန်းသည် dual-flip
android ဖုန်းအမျိုးအစားဖြစ်ပြီး၊ ဈေးနှုန်းတန်ဖိုးဒေါ်လာ 249
ဝန်းကျင်ရှိပါသည်။ ဖုန်းမှာအရွယ် အစားအနည်းငယ်ကြီးပါသည်။
ဂျပန်ကုမ္ပဏီ Freetel ၏ CEO Ian Chapman-Banks က “ကျွန်တော် တို့ကတော့
Feature ဖုန်းများကိုဂျပန်မှာထုတ်လုပ်ပါမယ်။ သူတို့က၀ယ် သုံးကြတယ်။
အကယ်၍သင်က အသက်အရွယ်တစ်ခုရောက်သွားပြီးတည်
ငြိမ်ရင့်ကျက်သွားပြီဆိုရင်သင်ပြောင်းလဲသုံးစွဲချင်စိတ်ရှိမှာ မဟုတ်
ဘူး”လို့ မှတ်ချက်ပြုပြောဆိုပါသည်။ အချို့သောကုမ္ပဏီများကလည်း Musashi
ဖုန်းကဲ့သို့ နှစ်မျိုးသုံးနိုင်သော ဟန်းဆက်ကိုထုတ်လုပ်ချင်ကြပါသည်။
အဓိကအားဖြင့် Touch နှင့် Keypad နှစ်မျိုးပါသည် ကိုသာအားပြုပြီး
ကျန်သည်များကို စွမ်းရည်သင့်တင့်အောင် ဖန်တီးလိုခြင်းပါ။ တန်ဖိုးမများ
မှသာဝယ်ယူသုံးစွဲကြမှာဖြစ်ပါသည်။ Keypad ဖုန်းများထဲတွင် ထိပ်တန်း
အဆင့်ရှိသောဖုန်းတံဆိပ်တစ်မျိုးကတော့ BlackBerry ပါ။
ဒါပေမယ့် BlackBerry
ရဲ့ဖုန်းအချို့ကတော့ တန်ဖိုးမြင့်ပါသည်။ လုံခြုံရေးပိုင်း အားသာချက်ကတော့
ကောင်းစွာထောက်ပံ့ ပေးနိုင်ပါသည်။ အမေရိကန်
သမ္မတသုံးရသည့်ဖုန်းတံဆိပ်သည်လည်း နောင်တစ်ချိန်မှာပြန်လည် အောင်မြင်
လာနိုင်ခြေရှိပါသည်။ တန်ဖိုးကြီးဖုန်းတစ်လုံးကိုင်ဆောင် သုံးစွဲနေစဉ်အတွင်း
ခဏပြင်ဖို့ဆိုင်သို့ပို့ထားခြင်း (သို့) ကျကွဲပျက်စီး၍ အသစ်တစ်လုံးချက်
ချင်းဝယ်ဖို့ခက်ခဲခြင်း (သို့)အခြားအနေအထားများ နဲ့တွေ့ကြုံရသည့်အခါ
တန်ဖိုးနည်းဖုန်းများ Keypad ဖုန်းများနဲ့အရေးပေါ်
အစားထိုးအသုံးပြုကြရပါသည်။ ထိုဖုန်းတွေသည် လုံးဝပစ်ပယ်လို့မရသေး
သည့်ဖုန်းအမျိုးအစားများပါ။
ငြိမ်းချမ်းတိုး






0 comments:
Post a Comment