♪ “အကောင်းဆုံး ဖိုင်ရွှေ့ပြောင်းဝန်ဆောင်မှုများ” ♫


မိုဘိုင်းပစ္စည်းများသုံးပြီဟုဆိုလျှင် ဖိုင်ရွှေ့ပြောင်းသည့်အလုပ်နှင့် ကင်း၍ မရ။ သူငယ်ချင်း၏ဖုန်းထဲက သီချင်းများ ကိုယ့်ဖုန်းထဲရောက်လာဖို့ သေချာ သည်။ ကွန်ပျူတာထဲမှာ download ချထားသော ဗီဒီယိုဖိုင်များကို တက်ဘလက်ထဲရွှေ့ချင်ရွှေ့မည်။ မိတ်ဆွေသူငယ်ချင်း၊ အချင်းချင်း၊ မိတ်ဆွေအချင်းချင်းကြားမှာ ဆော့ဝဲ များ အလဲအလှယ်နှင့် သုံးကြမည်။ တစ်ကွေ့မဟုတ် တစ်ကွေ့တွေ့လာမည်ဖြစ်သော အထက်ဖော်ပြပါ အလုပ် များအတွက် ဖိုင်ရွှေ့ပြောင်းဝန်ဆောင်မှုများကို လိုအပ်လာပါလိမ့်မည်။ မြန်မာပြည်သူ၊ ပြည်သားအများစု က ဒေါ်လာဝင်ငွေရကြသည်မဟုတ်။ သို့ဖြစ်ရာ ဒေါ်လာနှင့်ဝယ်မသုံးရဘဲ အခမဲ့သုံးနိုင်သော ဖိုင်ရွှေ့ပြောင်းဝန် ဆောင်မှုများက အသင့်တော်ဆုံးဖြစ်ပါလိမ့်မည်။ အကောင်းဆုံး အခမဲ့ ဖိုင်ရွှေ့ပြောင်းဝန်ဆောင်မှုများကို အောက်ပါအတိုင်း တွေ့ရပါမည်။


<SendAnywhere>
www.send-anywhere.com မှအခမဲ့ download ဆွဲချပြီး အသုံးပြုနိုင်သော ဆော့ဝဲဖြစ်သည်။ လောလောဆယ်တွင် အကောင်းဆုံးအဆင့်၌ရှိနေသော အခမဲ့ဖိုင်ရွှေ့ပြောင်းဝန်ဆောင်မှုဖြစ်ပါသည်။ ဤ ဆော့ဝဲကို ကြည့်လျှင် လုပ်ဆောင်ချက်များစုံလင်မှု၊ စွမ်းဆောင်ရည် ကောင်းမွန်မှုနှင့် ရိုးရှင်းမှု စသည်တို့ကို အချိုးညီစွာ ပေါင်းစည်းထားကြောင်း တွေ့ရပါမည်။ SendAnywhere ကိုအသုံးပြုရန်အတွက် account ဖွင့်စရာမလိုပါ။ ကွန်ပျူတာသို့မဟုတ် စမတ်ဖုန်းထဲမှမိမိရွှေ့ပြောင်းလိုသော ဖိုင်ကိုရွေးပြီး ပို့လိုက်ရုံသာဖြစ်ပါသည်။ လုပ်ဆောင်စရာတစ်ချက်ကားရှိသည်။ SendAnywhere ဆော့ဝဲက ဖန်တီးလိုက်သော ဂဏန်းခြောက်လုံးပါ Key ကို ဖိုင်လက်ခံရန်အတွက် ဆယ်မိနစ်အတွင်း အသုံးပြုဖို့လိုခြင်းဖြစ်သည်။

ဒုတိယအကောင်းဆုံးနေရာ၌ရှိသော infinit ဆော့ဝဲကဲ့သို့ပင် SendAnywhere ကို OS အမျိုးအစား များစွာ၌ အသုံးပြုနိုင်ပါသည်။ ထိုသို့ အသုံးပြုနိုင်သည့် OS များထဲတွင် Windows ၊ OSX ၊ Android နှင့် iOS တို့ပါဝင်သည်။ မိမိရွှေ့ပြောင်းလိုသောဖိုင်ကို လက်ခံသူထံတိုက်ရိုက်ပေးပို့ သော နည်းပညာ (peer-to-peer technology) ကို ဤဆော့ဝဲတွင် အသုံးပြု ထားပါသည်။ မိမိရွှေ့လိုသောဖိုင်ကို Server ရှိရာသို့ upload တင်ပြီးမှ လက်ခံလိုသူက ထိုနေရာတွင်သွား၍ download ဆွဲချခြင်းထက်စာလျှင် လုပ်ငန်းစဉ်ပို၍ရိုးရှင်း ပါသည်။ ဖိုင်ပို့ မည့် device နှင့် လက်ခံမည့် device တို့သည် network တစ်ခုတည်းပေါ်၌ မရှိသည့်တိုင် ဖိုင်ရွှေ့ပြောင်းမှု လုပ်ငန်းစဉ်ကို လုပ်နိုင်ပါသည်။

ဖိုင်မည်ရွေ့မည်မျှသာပြောင်းရွှေ့ရမည်ဟူသော ကန့်သတ်ချက်မရှိ။ အရွယ် အစားမည်မျှသာရှိသော ဖိုင်ကိုရွှေ့ပြောင်းရမည်ဟူ၍ ကန့်သတ်ချက်မရှိ။ ဤသည်မှာ တစ်မျိုးချစ်ဖို့ကောင်းသည်။ ပို့သမျှဖိုင်တိုင်း အတွက် ၀န်ဆောင်ခမှာ အခမဲ့ဖြစ်သည်။ ဖိုင်ရွှေ့ပြောင်းသည့်အမြန်နှုန်းမှာလည်း network သာကောင်းလျှင် ချီးကျူးရလောက်အောင်မြန်သည်။ ဤဆော့ဝဲ၏ interface ကိုကြည့်ရသည်မှာ File Myanmar တစ်ခုနှင့်တူသည်။ မိမိ၏ device ပေါ်တွင်ရှိသောဖိုင်များကို အတန်းအစားအလိုက်ခွဲခြားပြီး ကြည့်ရှု ခွင့်ပြုသည်။ ထိုသို့ခွဲခြား ထားသော အတန်းအစားတို့တွင် Photo, text, audio, app နှင့် video စသည်တို့ပါဝင်သည်။ စမတ်ဖုန်း တစ်လုံးတွင် အသုံးပြုရန်ကောင်းစွာလုံလောက်သော အနေအထားပင် ဖြစ်ပါသည်။

ဖိုင်ရွှေ့ပြောင်းဝန်ဆောင်မှုများအား အခမဲ့အသုံးပြုနိုင်ခွင့်ကို ကွန်ပျူတာနှင့် Mobile device များပေါ်၌ ပေးထားသည့်အပြင် web browser ပေါ်မှ ရွှေ့ပြောင်းလက်ခံနိုင်သော ဖိုင်အရွယ်အစားကို 1Gb အထိ တိုက်ရိုက် ရွှေ့ပြောင်းခွင့်ပြုထားပါသည်။ ဤဆော့ဝဲကို ကွန်ပျူတာပေါ်တွင် install လုပ်ပြီးသုံးခွင့်မရှိသောသူ (Admin အခွင့်အရေးရမထားသူ) အဖို့ ထိုကဲ့သို့ ဖိုင်အရွယ်ကြီးကြီးကို မိမိသုံးနေသော ကွန်ပျူတာ၏ browser မှတစ်ဆင့် ရွှေ့ပြောင်းနိုင်ခြင်းသည် အထူးအသုံးဝင်သော စွမ်းဆောင်ချက်တစ်ခုဖြစ်ပါ သည်။

ထို့အပြင် မိမိပေးပို့သော ဖိုင်ကို လက်ခံမည့်သူတို့အား send.anywhere.com သို့ အလည်အပတ်ရောက်လာပြီး ဖိုင်ပို့သူထံမှ သင့်တော်သော Code ကို ထည့်သွင်းပေးပါဟုပြောရုံဖြင့် အရွယ်အစား ကြီးမားသောဖိုင်များကို အကန့်အသတ်မဲ့ ပေးပို့စေနိုင်မည့်အခွင့်အရေး လည်းဖြစ်ပါသည်။မိမိရွှေ့ပြောင်းပေးပို့လိုသောဖိုင်များသည် လူတစ်ဦး ထက်မကသို့ ပေးပို့လိုခြင်းဖြစ်ပါက သို့တည်း မဟုတ် device တစ်မျိုး ထက်မကသို့ ပေးပို့လိုခြင်းဖြစ်ပါက အလွယ်တကူယူသုံး၍ရမည့် feature တစ်ရပ်ကို Send Anywhere က ဖန်တီးပေးထားပါသေးသည်။ ယင်းမှာ မိမိပေးပို့ မည့်ဖိုင်များကို SendAnywhere website ရှိ Server များပေါ်တွင် နှစ်ဆယ့်လေးနာရီကြာ သိုလှောင်ခွင့်ပေးထားခြင်းဖြစ်သည်။ ထားသိုနိုင်မည့် အချိန်ကိုလည်း နှစ်ဆယ့်လေးနာရီမဟုတ်ဘဲ လျှော့နိုင်၊ တိုးနိုင်ခွင့် ပေးထား ပါသေးသည်။ အကယ်၍ SendAny where website တွင် account လုပ်ပြီး သုံးမည်ဆိုပါက မိမိပိုင်သော device အားလုံးကြား တွင် ဖိုင်တစ်ခါ လက်ခံ တိုင်း code တစ်ခါဖြည့်စရာမလိုဘဲ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
SendAnywhere တွင် အပြစ်အနာအဆာဟူ၍ မရှိသလောက်ဖြစ်ပါသည်။ သို့သော် version 3.0 တွင် interface ကို အသစ်ပြန်လည် ရေးဆွဲထားမည့် အပြင် auto-resume နှင့် Full transfer history တို့ကို ထည့်သွင်းပေးထား မည်ဟုဆိုရာ ထို version အသစ်ထွက်ရန် ကြာနေခြင်းသည် အားနည်းချက် တစ်ခုဖြစ်ပါ သည်။ SendAny where သည် စွမ်းဆောင်နိုင်ချက်စုံလင်သည့် အပိုင်း၊ စွမ်းဆောင်မှုမြင့် မားသည့်အပိုင်း၊ ရိုးရှင်းမှုအပိုင်းအားလုံးတို့တွင် ပေးမှတ်အပြည့်ရခဲ့ပြီး အကောင်းဆုံး အခမဲ့ဖိုင်ရွှေ့ပြောင်းဝန်ဆောင်မှု ဆော့ဝဲနေရာကို ရပါသည်။ ဖိုင်အရွယ်အစားကြီးကြီးကို အကန့်အသတ်မဲ့ ရွှေ့ပြောင်းပေးပို့လိုပါက ဤဆော့ဝဲထက် ပိုကောင်းသောအရာမရှိပါ။

<Infinit>
www.infinit.io မှ နေ၍ အခမဲ့ download ဆွဲချပြီး အသုံးပြု နိုင်ပါသည်။ Infinit သည် တီထွင်ကြံဆမှု အားကောင်းသော ဖိုင်ရွှေ့ပြောင်းမှု ၀န်ဆောင်မှုဖြစ်သည်။ သို့ဖြစ်ရာ ဤဆော့ဝဲကို Windows, Mac, Linux, iOS, Android စသည့် device ပေါင်းစုံတွင် အသုံးပြုနိုင်သည်။ ပေးသူမှ လက်ခံသူသို့ တိုက်ရိုက်သွားသော နည်းပညာ (peer to peer technology)ကို သုံးထားသဖြင့် Dropbox နှင့် Google Drive တို့ကို သုံးသည်ထက်စာ လျှင် ဤ၀န်ဆောင်မှုက အဆသုံးဆယ်မျှ ပို၍လျင်မြန်စွာအလုပ်လုပ်ပါသည်။ မြန်ဆန်သော အင်တာ နက်ကွန်ရက်ဖြစ်ပါက Infinit ကိုသုံးပြီး 2GB ရှိသော ရုပ်ရှင်ဖိုင်တစ်ခုကို အခြားတစ်နေရာသို့ပို့ခြင်းသည် အချိန်(၁၃)မိနစ်အတွင်း ကိစ္စပြီးပါသည်။ Dropbox တို့လို Cloud ၀န်ဆောင်မှုသုံးပြီး ယင်းဖိုင်ကို လွှဲယူမည်ဟု ဆိုလျှင် အချိန် သုံးနာရီမျှကြာနိုင်ပါသည်။ပေးပို့သူနှင့် လက်ခံသူတို့၏ device များသည် network တစ်ခုတည်းပေါ်တွင်မရှိသော် လည်း အလုပ်လုပ်နိုင်ခြင်းမှာ Infinit ၏ ကောင်းကွက်ဖြစ်ပါသည်။ သို့သော် ntework တစ်ခုတည်းပေါ်တွင် device နှစ်ခုစလုံးရှိမည်ဆိုပါက ဖိုင်ရွှေ့ပြောင်းမှုသိသာစွာ မြန်ဆန်ပါမည်။ ဤ ဆော့ဝဲသုံးရာတွင် account လိုသည်။ infinit account ရှိသူအချင်းချင်း ဖိုင်များကို တိုက်ရိုက်လွှဲပို့နိုင် သည်။ account မရှိဘဲ အခြား email တစ်ခုခု သာရှိပါက ထိုသူ၏ email သို့ စာရေးအသိပေးပြီး infinit server များတွင်ရှိသော ဖိုင်ကိုဆွဲချရန် အသိပေး နိုင်သည်။
မိမိပို့လိုက်သော ဖိုင်များသည် Infinit Server များထဲတွင် ခုနှစ်ရက်အထိ ရှိနေပါမည်။Infinit ကို account လုပ်ပြီး အခမဲ့ပုံစံဖြင့် သုံးမည်ဆိုပါက ဖိုင်အရွယ်အစား 10Gb ထက်ကြီးသော ဖိုင်များမပို့ရဟု ကန့်သတ်ချက် ရှိပါသည်။ သို့သော် သာမန် User အများစုအတွက် ယင်းပမာဏသည် လိုသည် ထက်ပိုနေပါပြီ။ ဖိုင်အရွယ်အစားကို ကန့်သတ်ထားသော်လည်း ရွှေ့ပြောင်းပေးပို့နိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိ ပါ။ အကယ်၍ မိမိရွှေ့ပြောင်းပေးပို့လိုသောဖိုင်များကို Infinit Server များ တွင် ခုနှစ်ရက်ထက်ပိုပြီး အချိန်ကြာကြာထားလိုပါက 1GB အထိ အခမဲ့ သိုလှောင်ခွင့်ပေးပါသည်။ Infinit သည် သုံးစွဲ၍အဆင်ပြေသော်လည်း ဖိုင်လွှဲပြောင်းမှုအမြန်နှုန်းတွင် Send Anywhere ကို မမီသည့်အတွက် ဒုတိယ အကောင်းဆုံးဆော့ဝဲဖြစ်သွားခဲ့ပါသည်။

<Air Droid>
AirDroid သည် မိမိ၏ Android ဖုန်းနှင့် Windows သို့မဟုတ် MacPc ကိုချိတ်ဆက်ပြီး အလုပ် လုပ်နိုင်သည်။ ထို့ကြောင့် PC ပေါ်မှနေပြီး notification များဖတ်ခြင်း၊ SMS များပို့ခြင်းနှင့် လက်ခံခြင်း၊ ဖုန်းအ၀င်ကို လက်ခံဖြေဆိုခြင်း စသည်တို့ပြုလုပ်နိုင်သည်။ မိမိ၏ device များအကြား ဖိုင်လွှဲပြောင်းပေးပို့ခြင်းကို AirDroid ဖြင့် လုပ်နိုင်သည်။ ယင်း device နှစ်ခုစလုံးသည် တူညီသော network ပေါ်တွင်ရှိပါက ဖိုင်အရွယ်အစား ကန့်သတ်ချက်မရှိ၊ အကြိမ်ရေ ကန့်သတ်ချက်မရှိဘဲ ဖိုင်များကို လွှဲပြောင်း ပေးပို့နိုင်ပါသည်။အကယ်၍ အင်တာနက်ကိုသုံးပြီး ဖိုင်များလွှဲပြောင်းပေး ပို့မည်ဆိုပါက account လုပ်ရပါမည်။ အခမဲ့ သုံး account တစ်ခုသည် တစ်လလျှင် data 200MB သာလွှဲပြောင်းပေးပို့နိုင်ပြီး ဖိုင်တစ်ခု၏ အရွယ် အစားသည် 30MB ထက်ပိုခွင့်မရှိပါ။ တစ်နှစ်စာကြေး ဒေါ်လာနှစ်ဆယ် ပေးရသည့် Premium account ကို ပြောင်းလဲ အသုံးပြုပါက တစ်ကြိမ်လျှင် 1GB အထိကြီးသော ဖိုင်များကို အကြိမ်အရေအတွက် အကန့်အသတ် မရှိ ပေးပို့နိုင်ပါသည်။ ဖိုင်ပို့သူနှင့် လက်ခံသူနှစ်ဦးစလုံးတွင် AirDroid account ရှိရမည်ဖြစ်ပြီး ထိုသို့ရှိပါက အဆောက် အဦတစ်ခုအတွင်းဖြစ်စေ၊ အဝေး တွင်ရှိလျှင်ဖြစ်စေ ဖိုင်များလွှဲပြောင်းပေးပို့နိုင်ပါသည်။ Air Droid သည် အရည်အသွေးကောင်းသော ၀န်ဆောင်မှုဖြစ်သော်လည်း ဈေးနှုန်းကြီးမြင့် ခြင်းကြောင့် တတိယအကောင်းဆုံး ၀န်ဆောင်မှုနေရာသို့ ရောက်သွားခဲ့ ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment