မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ကမ့်များတွင်ရှိနေသော မြန်မာနိုင်ငံသားများအကြောင်း



အထူးဆောင်းပါး
မလေးရှား - ၅.၂.၂၀၁၆
 
မင်္ဂလာပါ ....

မလေးရှားရောက်မြန်မာများစာမျက်နှာ အနေဖြင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အား ပြည်သူ့စာမျက်နှာအဖြစ် ရပ်တည်ခဲ့သည့် လေးနှစ်အတွင်း အထူးဆောင်းပါအနေဖြင့် မြန်မာသံရုံး မှ တာဝန်ရှိသူများ အပါ .. လူမှုကူညီရေး အဖွဲ့များ ၊ မလေးရောက်မြန်မာပြည်သူတို့၏ တာဝန်သိစိတ်များဖြင့် မလေးရှားနိုင်ငံအနှံ့ ရောက်ရှိနေသာ ဖမ်းဆီးခံမြန်မာနိုင်ငံသားများ အကြောင်းကို အထူးဆောင်းပါအဖြစ် ယခု ဖော်ပြပေးရပါသည် ။

ပထမဆုံး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြောင်းကို မြန်မာသံရုံးမှ ကြော်ငြာချက်မှာအောက်ပါအတိုင်းဖြစ်သည် ။

၁။ မလေးရှားနိုင်ငံတဝှမ်းတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ထိန်းသိမ်းထားသည့် ထိန်းသိမ်းရေးစခန်းများမှာ အောက်ပါအတိုင်း (၁၁) ခုရှိပါကြောင်း ဖော်ပြအပ်ပါသည်-
(က) Juru Camp ၊ ပီနန်းပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၄၀၀ ခန့်)
(ခ) Pekan Nenas Camp ၊ ဂျိုဟိုးပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၄၈၀ ခန့်)
(ဂ) Bukit Jalil Camp ၊ ဆီလန်ဂေါပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၃၅ ခန့်)
(ဃ) Tenah Merah Camp၊ ကလန်တန်းပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၇၀၀ ခန့်)
(င) Lang Kap Camp ၊ ပီရက်ပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၂၂၀ ခန့်)
(စ) Ajil Camp ၊ တီရန်ဂနူးပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၄၃၀ ခန့်)
(ဆ) Belantik Camp ၊ ကဒါးပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၇၀၀ ခန့်)
(ဇ) Malaka Camp ၊ မလက္ကာပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၂၀၀ ခန့်)
(ဈ) Semenyih Camp ၊ ဆီလန်ဂေါပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၃၅ ခန့်)
(ည) Lenggeng Camp၊ နီဂါရီဆမ်ဘီလန်ပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၈၀ ခန့်)
(ဍ) Klia Camp၊ ဆီလန်ဂေါပြည်နယ် (ကွာလာလမ်ပူမြို့မှ ကီလိုမီတာ ၇၀ ခန့်)


၂။ မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် မလေးရှားနိုင်ငံ၌ နေထိုင်ခွင့်သက်တမ်းလွန်၍ တရားမဝင် နေထိုင်ကြခြင်းကြောင့်သော်လည်းကောင်း၊ မူလကပင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာပြီး နေထိုင်ကြခြင်းကြောင့်သော်လည်းကောင်း၊ အခြားသော မလေးရှားနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းဥပဒေများ ဖောက်ဖျက်မှုကြောင့်သော်လည်းကောင်း မလေးရှားနိုင်ငံရှိ တည်ဆဲဥပဒေများအရ ဖမ်းဆီးခံရပြီးနောက် မလေးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းအသီးသီးတွင် ထိန်းသိမ်းခြင်းခံရလျက်ရှိပါသည်။

 
၃။ မြန်မာသံရုံး၊ မှ မလေးရှားနိုင်ငံတဝှမ်းရှိ မလေးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် အကြောင်းကြောင်းကြောင့် ဖမ်းခံထားရသည့် မြန်မာလူမျိုးများအား ကယ်တင်နိုင်ရေးအတွက် ရှေးယခင်ကပင် လူမှုရေးအသိစိတ်ဓါတ်ရှိပြီး မြန်မာလူမျိုးများအား စောင့်ရှောက်လိုသည့် ပရဟိတစိတ်ဓါတ်ရှိသူများအား အကျဉ်းစခန်းများသို့ သံရုံး၏ ကိုယ်စားလှယ်အဖြစ် စေလွှတ်၍ အချက်အလက်များ ကောက်ယူဖြည့်သွင်းခြင်း၊ သံရုံးတွင် စိစစ်ခြင်း၊ C of I ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံသို့ပြန်ပို့ခြင်း လုပ်ငန်းစဉ်များအား အစဉ်တစိုက် ဆောင်ရွက်ခဲ့သော်လည်း အကျဉ်းစခန်းများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ပိုမိုထိရောက်စွာကူညီနိုင်ရန်အတွက် သံရုံးဝန်ထမ်း/ အရာထမ်းအင်အား နည်းပါးသည့်ကြားမှပင် ၂၀၁၅ ခုနှစ် ဇွန်လမှစတင်၍ သံအမတ်ကြီး၊ သံရုံးအရာထမ်း၊ ဝန်ထမ်း (အမျိုးသား) များ အလှည့်ကျ ကိုယ်တိုင်သွားရောက်ကာ လူတွေ့ တွေ့ဆုံစိစစ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။


၎။ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်၍ အလှည့်ကျ သွားရောက်စိစစ်ခဲ့သည့်အတွက် ယခုအခါတွင် အဆိုပါ Camp များအနက် Juru၊ Bukit Jalil၊ Pekan Nenas၊ Tenah Merah၊ Lang Kap နှင့် Ajil စခန်းများသို့ (၃)ကြိမ်စီ၊ Belantik နှင့် Malaka စခန်းများသို့ (၄) ကြိမ်စီ၊ Semenyih၊ Lenggeng နှင့် Klia စခန်းများသို့ (၃) ကြိမ်စီ၊ စုစုပေါင်း (၃၅) ကြိမ်တိုင်တိုင် Camp အားလုံးသို့ အနည်းဆုံး (၃) ကြိမ်စီမျှ သွားရောက်စိစစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိန်းသိမ်းရေးစခန်းတစ်ခုသို့ သွားရောက်စိစစ်သည့် အခါတိုင်းတွင် အနည်းဆုံး (၁၅၀)ဦးခန့်အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ပေးနိုင်ခဲ့ပါကြောင်းသိရသည် ။

၅။ ၂၀၁၅ ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် မြန်မာနိုင်ငံသားဦးရေမှာ လအလိုက် အောက်ပါအတိုင်း ဖြစ်ပါကြောင်း ဖော်ပြအပ်ပါ သည် -

(က) ၂၀၁၅ ခုနှစ်၊ ဇွန်လ = ၆၀၄ ဦး
(ခ) ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ = ၇၄၃ဦး
(ဂ) ၂၀၁၅ ခုနှစ်၊ သြဂုတ်လ = ၈၃၂ဦး
(ဃ) ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ = ၆၀၈ ဦး
(င) ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ = ၆၂၆ ဦး
(စ) ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ = ၃၉၆ ဦး
(ဆ) ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ = ၈၆၀ ဦး
(ဇ) ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ = ၅၈၆ ဦး
 
------------------------
စုစုပေါင်း = ၅၂၅၅ ဦး
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ၄၀၀ ဦးခန့် ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၆။ သို့ဖြစ်ပါ၍ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးဖြင့် Camp အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အချက်အလက် ပြည့်စုံစွာ မတင်ပြနိုင်သဖြင့် လတ်တလော နိုင်ငံသားမှန်ကန်ကြောင်း စိစစ်နိုင်ခြင်းမရှိသူများအတွက်လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ် ညှိနှိုင်း၍ အတည်ပြုချက် ဆောလျင်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ကျန်းမာရေး/လူမှုရေး/စီးပွားရေး အခက်အခဲရှိသူများ/ လေယာဉ်စရိတ် မတတ်နိုင်သူများအားလည်း အခြေအနေပေါ်မူတည်၍ မြန်မာသံရုံးမှ တက်စွမ်းသရွေ့ ကူညီထောက်ပံ့ပေးလျက်ရှိပြီး လေယာဉ်လက်မှတ် လှူဒါန်းမည့် အလှူရှင်များအား ဖိတ်ခေါ်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသားအကျိုး ကာကွယ်စောင့်ရှောက်ရေးအတွက် အလေးထား၍ ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိသာနိုင်ပါရန် ဖော်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်
ဟု
  မြန်မာသံရုံး မှဖော်ပြထားသလို မလေးရှားနိုင်ငံ ဂျိုဟိုး ၊ ပီနန်း ရှိ မြန်မာ လူမှုကူညီရေးအဖွဲ့များမှလည်း မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ကန့်များထဲမှ လေယာဉ်လက်မှတ်မတတ်နိုင်သူများ ၊ ကျမ်းမာရေးချို့တဲ့နေသူများ ၊ အကြောင်းကြောင်းကြောင့် ဒုက္ခရောက်နေသူများကို ကူညီပေးနေကြောင်းတွေ့နိုင်မည်ဖြစ်သည် ။


မလေးရှားရှိကန့်များမှ မြန်မာများ မိခင်တိုင်းပြည်ပြန်ရန် အောက်ပါအချက်များဆောင်ရွက်ရမည်ဖြစ်သည် ။
၁. ကန့်ထဲရှိ အဖမ်းခံရသူများမှ မြန်မာပြည်ရှိ မိဘဆွေမျိုးများသို့ဖြစ်စေ ၊ မလေးရှားရှိ သူငယ်ချင်းမိတ်ဆွေ ဆွေမျိုးမိသားစုထံသို့ ဖြစ်စေ သူရောက်ရှိနေသော ကန့်နေရာ (အမည်) နှင့် မိမိ ဘော်ဒီနံပတ် ကို ဖုန်းဆက်အကြောင်းရန်လိုအပ်သည် ။


၂. ကန့်ထဲတွင်ရောက်ရှိနေသော မြန်မာများ အတွက် မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာသံရုံးမှ အတည်ပြုပေးနိုင်မှသာ ထွက်နိုင်သည်ဖြစ်သောကြောင့် မှတ်ပုံတင် ၊ သန်းခေါင်စာရင်း မိတ္တူများ ကို သက်ဆိုင်ရာကန့်များ ၏ တရားဝင် ကိုယ်စားလှယ်များထံ ပေးပို့ကာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြူပေးသည့် သက်သေခံ လက်မှတ် CI ရရှိရန် ဆက်လက်လုပ်ဆောင်ရသည်ဖြစ်သည် ။
CI သည် မြန်မာသံရုံးမှ မြန်မာနိုင်ငံသားဖြစ်ကြောင်းစီစစ်အတည်ပြုပြီး မှသာ အခမဲထုတ်ပေးသော သက်သေခံ လက်မှတ်ဖြစ်သည် ။ 


၃. မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် မလေးရှားမှ မြန်မာပြည်သို့ပြန်ရန် မြန်မာလေကြောင်း ၏ သတ်မှတ်နှုန်းထား လက်မှတ်ခ ၊ မလေးရှား နိုင့်ငံတစ်ဝှမ်းရှိ ကန့်များ မှ လေဆိပ်သို့ပို့ဆောင်ရာတွင် ပို့ဆောင်ရေးစရိတ် အဝတ်အစား စရိတ် နှင့် စားသောက် စရိတ် တို့အတွက် မလေးရှားငွေ ၆၅၀ ခန့် ကုန်ကျနိုင်ကာ ထို ပမာဏကို ပြန်မည့်သူမှ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည် ။


၎. ထို ၆၅၀ မှ ပိုသော ငွေများ ကိုမူ ငွေမတတ်နိုင်သော ကန့်ထဲရှိ ဒုက္ခခံ မြန်မာနိုင်ငံသားများအတွက် စိုက်ထုတ်အသုံးချပေးနေကြောင်း တာဝန်ရှိသူများမှ အကြောင်းပြန်ထားသည် ။
၅. သက်ဆိုင်ရာ မိဘဆွေမျိုး ၊ အသိမိတ်ဆွေများသည် မိမိတို့သက်ဆိုင်သူများအတွက် ကန့်မှ ထုတ်ရန် အောက်ပါ ဖုန်းနံပတ်များထံ ဆက်သွယ် ထုတ်ယူနိုင်သည် ။

(a) Juru Camp ၊
Pekan Nenas Camp ၊
Lang Kap Camp ၊
Bukit Jalil Camp ၊
Tenah Merah Camp ၊
Ajil Camp နှင့်
Blantik Camp တို့အတွက် -
ဦးအောင်သူ - 0166923300
သို့လည်းကောင်း 


(b)Makaka Camp ၊
Semenyih Camp ၊
Lenggeng Camp ၊
KLIA Camp တို့အတွက် -
ဦးမြင့်အောင် - 016206277
4 သို့လည်းကောင်း


ဆက်သွယ် အကူညီရယူကာ မြန်မာပြည်သို့ပြန်လည်ပို့ဆောင်နိုင်ကြောင်း ...
ထို့အတူ ဂျိုဟိုးရှိ နာရေးကူညီမှုအသင်းတွင်လည်း ကန့်ထဲရှိဒုက္ခရောက်သူများ ကို ကူညီထုတ်လိုပါက အကူညီတောင်းဆောင်ရွက်နိုင်သေးပါကြောင်း ..
မလေးရှားရောက်မြန်မာများ သိရှိစေရန် အထူးဆောင်းပါးအနေဖြင့် အချက်လက်များ နှင့်တကွ တင်ဆက်ပေလိုက်ရပါသည် ။

ကန့်များအတွက် အသေးစိတ် အချက်လက်များကို
မြန်မာသံရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများ ၊
မြန်မာလူမှုကူညီပေးရေးအဖွဲ့များ နှင့်
ကန့် တာဝန်ခံများတို့မှ ပေးပို့ထားပါသည် ။









မလေးရှားရောက်မြန်မာများ Official Face
www.facebook.com/mmrinmy



0 comments:

Post a Comment