မလေးရှားရောက်မြန်မာများ အတွက် လက်ရှိအခြေအနေသိစေရန်



အသိပေးခြင်း

မလေးရှား - ၂၀.၂.၂၀၁၆


မင်္ဂလာပါ.....

မလေးရှားရောက်မြန်မာများ အားလုံး သိစေရန် အတွက် ကျွန်တော်တို့ မလေရှားအစိုးရရဲ့ ကြော်ငြာချက်များ ၊ update ဆုံးဖြတ်ချက်များ များနဲ့ လက်ရှိ နိုင်ငံခြားသားအလုပ်သမားရေးရာ ပေါ်လစီများကို နေ့စဉ်စောင့်ကြည့်ပြီး ယခု ပို့စ်ကို တင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။



မလေးရှားအစိုးရရဲ့ ပါမစ် ပြန်လည်ပေးအပ်ရေး Rehiring Program ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်မယ်လို့ကြော်ငြာပြီး အတည်ပြုခဲ့ပါတယ် ။ သတင်းဌာနတွေအားလုံးမှာ ကြော်ငြာခဲ့တဲ့ ထဲမှာ အထူးသတိမိတာက ပါမစ်အတွက် အစမ်းကာလ (၃) လတွင်းဆောင်ရွက်ပေးမယ်လို့ကြော်ငြာပြီး အောင်မြင်ပါက ၂၀၁၆ ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးအထိ ဆက်သွားမယ်လို့အစိုးရက ကြော်ငြာခဲ့တာဖြစ်ပါတယ် ။


ဒီလိုလုပ်ပေးတာက မလေးရှားမှာ လာမယ့် လိုအပ်ချက်အတွက် ဘင်္ဂလားနိုင်ငံသား အလုပ်သမား ၁.၅ သန်းကို ခန့်အပ်သွားဖို့အတွက် မလိုအပ်သူတွေကို စီစစ်ပြီး ပြည်တော်ပြန်ပို့မယ့်အစီအစဉ် ကြောင့် လို့ ကျွန်တော်တို့သတင်းတွေဖတ်ပြီး သိရပါတယ် ။


ထပ်မံပြီး သောကြာနေ့က မလေးရှား လူအရင်းမြစ် ဌာနကနေ နိုင်ငံခြားသား လုပ်သားသစ်များ အသစ် ထပ်မံခန့်အပ်မှုအားလုံး ရပ်တံ့ပစ်တယ်လို့စာနှစ်ပိုဒ်စာကြော်ငြာခဲ့ပြန်ပါတယ် ။ အကြောင်းက မလေးရှားနိုင်ငံသားတွေ အလုပ်အကိုင်ရရှိဖို့ နဲ့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် အစိုးရက ဆုံးဖြတ်တာ လို့ ကြော်ငြာခဲ့ပြန်ပါတယ် .။


တဖန်ယနေ့ ဒုတိယဝန်ကြီချုပ် မှ ထပ်မံပြီး အစိုးရ က နောက်ထပ်နိုင်ငံခြားသား အသစ်တွေ ခန့်အပ်မှု ရပ်တန့်မှာဖြစ်တာကြောင့် ခု ပါမစ်ပြန်လည်ပေးမယ့် အစီအစဉ်ကို အပြီးဆောင်ရွက်ကြဖို့ လုပ်ငန်းရှင်များကို သတိပေးလိုက်ပါတယ် ။


ပြီးခဲ့တဲ့ တရုတ်နှစ်ကူး ရုံးပိတ်ရက် အပြီးမှာ အလွန် မြန်တဲ့ဆုံးဖြတ်ချက်တွေကို မလေးရှား အစိုးရ အနေနဲ့ ကြော်ငြာ ခဲ့တာတွေ့ရသလို ၊ ယနေ့ နောက်ဆုံး သတင်းအနေနဲ့ ဘင်္ဂလား ၁.၅ သန်း ကို နောက်သုံး နှစ် အတွင်း ခေါ်ယူဖို့ မလေးရှားအစိုးရနဲ့ ဘင်္ဂလား အစိုးရ တို့ချုပ်ထားတဲ့ MOU စာချုပ် အပေါ် မထိခိုက်စေဘူးလို့ Datuk Seri Richard Riot က ယနေ့ ကြော်ငြာလိုက်ပြန်ပါတယ် ။


အလုပ်ရှင်တွေ ၊ ကုန်ထုတ်လုပ်သူတွေဘက်က နိုင်ငံခြားသားလုပ်သားတွေ ထပ်မခန့်နိုင်တော့ရင်ဆိုးဝါးတဲ့ အဖြေတွေ ရလဒ်တွေထွက်လာနိုင်တယ်လို့ အသင်းလိုက် အဖွဲ့လိုက် အစိုးရထံ တင်ပြနေတာတွေရှိနေပါတယ် ။ အထူးသဖြင့် ပီနန်း က စူပါဆောက်လုပ်ရေလုပ်ငန်းရှင်တွေ ၊ ကုန်သွယ်ရေး နှင့်ကုန်ထုတ်လုပ်ရေလုပ်ငန်းရှင်တွေ ၊ စားသောက်ဆိုင်ကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းရှင်တွေ က အထူးကန့်ကွက်နေတာကို ယနေ့သတင်းမှာတွေ့ခဲ့ရပါတယ်ခင်ဗျာ ။
ဒါကြောင့် ဒီရက်ပိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေနဲ့ မိမိအလုပ်ကို ပုံမှန်လုပ်ကိုင်ရင်း မည်သည့် ကိစ္စ ကိုမဆို အလျှင်စလို မဆုံးဖြတ်ပဲ စောင့်ကြည့်လေ့လာနေထိုင်ရမယ့် ကာလလို့ ကျွန်တော်တို့ အသိပေးရပါတယ် ။


တိတိကျကျ သတင်းရေးသားပေးဖို့ကို တောင် ကျွန်တော်တို့အတွက်ခက်နေတဲ့အချိန်မို့ ယခုလို အတိုးချုပ် ရှင်းပြပြီး မလေးရှားရောက် မြန်မာနိုင်ငံသားအားလုံး သိအောင် ကျွန်တော်တို့တင်ဆက်ပေးတာပါ ။


နောက်အစိုးရက တရားဝင်ကြော်ငြာတာ ဘာမှ မရှိမခြင်း လဲဗီး နှစ်ဆတိုးမယ့်ကိစ္စ ၊ အလုပ်သမား ပါမစ်ပြန်လည်ပေးရေးကိစ္စ ၊ အစိုးရဆုံးဖြတ်ချက်များဟာ ညှိနှိုင်းနေဆဲကာလတွေလို့ နားလည်ထားပြီး သတင်းများကို စောင့်ကြည့်လေ့လာနေစေခြင်ပါတယ် ။


ဆက်လက်ပြီး ထူးခြားတဲ့ သတင်းများရှိလာပါက ကျွန်တော်တို့ မပျက်မကွက် တင်ပေးပါ့မယ် ခင်ဗျာ ။ ယခုလောလောဆယ် အထူးသတင်းအနေနဲ့ကတော့ မလေးရှားအနေနဲ့ ဘင်္ဂလား ၁.၅ သန်းကို မလေးနိုင်ငံသားများ မလုပ်နိုင်တဲ့နေရာတွေမှာ ခန့်အပ်မှာ ဖြစ်ပြီးအခြား ဘယ်နိုင်ငံခြားသားကိုမှ ထပ်မံခန့်အပ်မှာ မဟုတ်ဘူးဆိုတောကြောင့် မလေးရှားကို ထပ်လာမယ့် မြန်မာတွေအတွက် အခက်တွေ့စေမှာဖြစ်ပါတယ် ။


မလေးရှားရောက်မြန်မာများအားလုံး မျက်စိဖွင့်နားဖွင့် စောင့်ကြည့်နေထိုင်လုပ်ကိုင်ကြနိုင်ဖို့ အချိန်ဖြစ်ပါတယ် ။ ပါမစ်ပေးမယ့် အစီအစဉ်မှာ မိမိတို့လုပ်ငန်းရှင်နဲ့ တိုင်ပင်ပြီး လဝကမှာ ကိုယ်တိုင်သွားရောက်ဆောင်ရွက်ရမှာဖြစ်တာကို သိရှိစေချင်ပါတယ် ။
ထပ်မံပြီး သိသင့်သိထိုင်တဲ့သတင်းတွေကို ကျွန်တော်တို့တင်ဆက်ပေးသွားပါ့မယ် ။



မလေးရှားရောက်မြန်မာများ 
Official Facebook Page www.facebook.com/mmrinmy



0 comments:

Post a Comment