တရားမဝင်နေထိုင်သူများကို ပါမစ်ပြန်လည်ပေးမည့် အစီအစဉ်စတင်ပြီ



တရားမဝင်နေထိုင်သူများကိုပါမစ်ပြန်လည်ပေးမည့်အစီအစဉ်စတင်ပြီ
*********************************************
မလေးရှား
အထူးသတင်း - 12.2.2016



မလေးရှားနိုင်ငံရှိ တရားမဝင်လုပ်သားများအား တရားဝင်အဖြစ်ပြောင်းလဲကာ ပြန်လည်ပါမစ်ပေးအလုပ်ခန့်ထားရေး အစီအစဉ် ဖြစ်သည့် Rehiring Programme အား မလေးရှားတွင် လက်ရှိပါမစ်တိုးရန် ဆောင်ရွက်ပေးနေသော myeg ကုမ္မဏီမှ လုပ်ကိုင်ခွင့်ရရှိကြောင်း Malaysia Insider သတင်းဌာနတွင် ပထမဆုံးကြေငြာသွားခဲ့သည် ။


 


လွန်ခဲ့သော 2015 စက်တင်ဘာလကတည်းက စတင်ရေးစွဲခဲ့သော အစီအစဉ်ဖြစ်ကြောင်း အဆိုပါ myeg ကုမ္မဏီက မနေ့ကကြော်ငြာခဲ့သည် ။


ဈေးနှုန်းများကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိသေးပဲ ပါမစ်ပြန်လည်လျှောက်ထားမည့် တရားမဝင် လုပ်သားအရေအတွက်ပေါ်မူတည်ကာ ဈေးနှုန်းများ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း အဆိုပါ လုပ်ကိုင်ခွင့်ရ ကုမ္မဏီ ကဆက်လက်ကြော်ငြာသွားခဲ့သည် ။


အဆိုပါ တရားမဝင်နေထိုင်သူများအား ပါမစ်ပြန်လည်ထုတ်ပေးမည့်အစီအစဉ်ကို လာမည့် 15.2.2016 တွင်စတင်မည်ဖြစ်ကာ ဇွန်လ 2016 တွင် ပြီးဆုံးမည်ဟု လက်ရှိ မျှော်လင့်ထားကြောင်းကြေငြာထားခဲ့သည် ။
 
အဆိုပါအစီအစဉ်ဖြင့် ပါမစ်လျှောက်ထားမည့်သူများအတွက် အသေးစိတ်အချက်အလက်နှင့် ကုန်ကျစရိတ် ၊ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကိုမူ ဖော်ပြထားခြင်းမရှိသေးပေ ။


မည်သို့ဆိုစေ မလေးရှားရောက်မြန်မာနိုင်ငံသားများ စောင့်နေခဲ့သော တရားဝင်ပါမစ်ပြန်လည်ထုတ်ပေးမည့်အစီအစဉ်သည် လာမည့်တင်္နလာနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ပထမဦးဆုံး သတင်းအဖြစ် အသိပေးတင်ဆက်ပေးရပါသည် ။


အဆိုပါအစီအစဉ်တွင် ပင် မလေးရှားနိုင်ငံမှ တရားမဝင်နေထိုင်သူများ တရားဝင်ပြည်ထွက်ခွင့်အစီအစဉ်သည်လည်း ပါဝင်မည်ဖြစ်သောကြောင့် ပါမစ်လုပ်မည့်သူများ နှင့် CI နှင့် ပြန်လိုသူများ လာမည့် ၁၅.၂.၂၀၁၆ တွင် တရားဝင် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။


 Ref : Malaysia Insider , Banama


ဆက်လက် သတင်းများရှိပါက ထပ်မံတင်ဆက်ပေးပါမည် ။






မလေးရှားရောက်မြန်မာများ 
Official Facebook Page
www.facebook.com/mmrinmy


0 comments:

Post a Comment