CI လျှောက်ပြန်လို့ရလား ? 6P ပြန်ဖွင့်ဦးမလား ?



CI လျှောက်ပြန်လို့ရလား ? 6P ပြန်ဖွင့်ဦးမလား ?
*************************************
 
မင်္ဂလာပါ....

မလေးရှားရောက်မြန်မာများ အားလုံးကို လွန်ခဲ့တဲ့ 2015 တစ်နှစ်လုံး CI နဲ့ ပြန်လို့ရပြီး 30.12.2015 မှာ CI နဲ့ ပြန်ခွင့်အဆုံးသတ်မယ်ဆိုတာ ကျွန်တော်တို့ တစ်နှစ်လုံးရေးတင်ခဲ့ပါတယ် ။ သို့သော် ယနေ့ အများဆုံးမေးနေတဲ့မေးခွန်းက CI နဲ့ပြန်လို့ရသေးလား ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ် ။

ကျွန်တော်တို့ ဒီမေးခွန်းကို တိကျသေချာတဲ့သတင်းအချက်အလက် မရပဲမဖြေခဲ့သလို လိုအပ်တဲ့ မေးမြန်းမှုတွေ ၊ စုံစမ်းမှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး သေချာသော အချက်လက်များကို ယနေ့ မလေးရှာရောက်မြန်မာများ သိရှိအောင် ဖြေပေးတာဖြစ်ပါတယ် ။ သေချာစွာလေ့လာဖတ်ရှုပါ ။ ပြီးပါက မိမိနီးစပ်ရာသူငယ်ချင်းတွေကို ပြန်ဝေမျှပေးပါ ။

CI ဆိုတာ CERTIFIED OF IDENTITY လို့အဓိပါယ်ရပြီး နိုင်ငံသားဖြစ်ကြောင်း ထောက်ခံပေးတဲ့ ယာယီခရီးသွားလက်မှတ်ဖြစ်ပါတယ် ။ တစ်ကြိမ်သာ အသုံးပြု ခွင့်ရှိပြီး သက်ဆိုင်ရာ သံရုံးများက ထုတ်ပေးတဲ့ လက်မှတ်တစ်ခုလို့အဓိပါယ်ရပါသည်။ 

ထိုလက်မှတ် ရရှိပြီးပါက မလေးရှားလဝက မှာ သူတို့တိုင်းပြည်က တရားဝင် ဒဏ်ငွေဆောင်ပြီး ပြည်ထွက်ခွင့်ပြုတဲ့ CHECK OUT MEMO နဲ့ အထူး ထွက်ခွာခွင့် SPECIAL PASS ရမှသာ မလေးရှားနိုင်ငံကနေ လွတ်လွတ်ကင်းကင်း တရားဝင် ထွက်ခွာနိုင်တယ်ဆိုတာ သိရှိစေချင်ပါတယ် ။
CI ကို မြန်မာသံရုံးအနေနဲ့ သေချာတဲ့ အထောက်အထား (မှတ်ပုံတင် ၊ သန်းခေါင်းစာရင်း ) စုံပါက ယနေ့အထိ ဆက်တိုက်ထုတ်ပေးနေပါတယ် ။

 CI ရဖို့လူကိုယ်တိုင် မြန်မာသံရုံးသွားပြီး ဆောင်ရွက်ရန်လိုပါတယ် ။
သို့သော် CI တစ်စောင်ရဲ့ တရားဝင်သက်တမ်းက 2 လ သာဖြစ်ပါတယ် ။

ဆက်ပြီး မလေးရှားလဝက ရဲ့ လက်ရှိ POLICY အပြောင်းအလဲနဲ့ BIO MATRIX စနစ် ပြင်ဆင်ပြောင်းလဲနေတဲ့ကာလမှာ မလေးရှားလဝက ဘက်မှ တရားဝင်ထွက်ခွင့်အတွက် CHECK OUT MEMO နဲ့ ဒဏ်ငွေ ဆောင်ပြီး ထုတ်ပေးတဲ့ အထူးပြည်ထွက်ခွာခွင့် (SPECIAL PASS) ကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ် ။ 

အရင်လို လဝကမှ လက်ဗွေနှိပ် ဒဏ်ဆောင် SPECIAL PASS ထုတ်ပေးတာကို လုံးဝပိတ်ထားတာလို့ အသိပေးတာပါ ။ ဘယ်ကုမ္မဏီ ၊ ဘယ်အဖွဲ့အစည်းကိုမှ ခွင့်ပြုထားတာမရှိသေးပါဘူး ၊ ယနေ့တိုင်ပိတ်ထားဆဲဖြစ်ပါတယ် ။ 

သို့သော် နောက်တစ်ခု ရှိပါတယ် ၊ မလေးရှားလဝက ဥပဒေ အတိုင်း အိုဗာစနေဖြစ်တဲ့ လအလိုက် ဒဏ်ငွေ ဆောင်မယ်ဆိုရင်တော့ special pass ရပါတယ် ။ ဒါက တစ်လ အိုဗာစတေးဖြစ်ရင် ဒဏ်ငွေ ရင်းဂစ် ၁၀၀၀ ၊ တစ်လ နှင့် သုံးလကြား ၂၀၀၀ နဲ့ သုံးလအထက် ၃၀၀၀ ကျော်ဆောင်နိုင်ရင်တော့ ကိုယ့်ဘာသာဆောင်ပြန်ရုံပါပဲ ။ 

ဆိုတော့ မြန်မာသံရုံးက CI ထုတ်ပေးနေပေမယ့် မလေးရှားအစိုးရမှ SPECIAL PASS ကိုပိတ်ထားတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်ခင်ဗျာ ။ 

နောက်ထပ် ကျွန်တော်တို့ဆီမေးနေတဲ့ မေးခွန်းပါ အောက်ပါအတိုင်းဖြစ်ပါတယ် ။


ဒါဆို CI ပြန်ဖွင့်မှာလား ?
*********************

ဟုတ်ကဲ့ ကျွန်တော်တို့ကို မလေးရှားသက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရကုမ္မဏီများက ဖိတ်ကြားထားတာရှိပါတယ် ။

 အကြောင်းက အထက်ပါ CI နြဲ့ပန်ဖို့ပြန်ဖွင့်ရန် ဖြစ်သလို နောက်ထပ်တစ်ကြိမ် တရားဝင်ပါမစ်ထုတ်ပေးဖို့အလုပ်အခြေခံဆွေးနေရန်ဖြစ်ပါတယ် ။ 

ဒါကြောင့် ပါမစ်အတွက်ရော ၊ CI ပါ မကြာခင်တရားဝင်ပြန်လည် ခွင့်ပြုပါလိမ့်မယ် ။ ရက်စွဲ အတိအကျ သိတာနဲ့ကျွန်တော်တို့ရေးတင်ပေးပါ့မယ် ။ 

ထပ်ပြီး ကျွန်တော််တို့ အသိပေးလိုတာရှိပါသေးတယ် ။ ဒီစာကိုတရားဝင်ရေးခွင့်မရှိပေမယ့် လက်ရှိ မလေးရှားရောက်မြန်မာတွေသိဖို့သက်သက်ရေးပေးတာပါ ။

ယနေ့ မြန်မာအေးဂျင်းများ နဲ့ လဝက လေဆိပ်မှာ အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာတွေရှိပါတယ် ။ ဒါက အရေးပေါ်ပြန်မယ့်သူတွေအတွက် အဆင်ပြေစေပြီး တရားဝင်ပိတ်ထားတဲ့အချိန်မှာ အရေးပေါ်ပြန်တဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ် ။

ဒါပေမယ့် လွန်ခဲ့တဲ့အပတ်က မြန်မာနိုင်ငံသား ၁၂ ဦး လေဆိပ်အထွက်မှာ အဖမ်းခံရတာ ကြားမိကြမှာပါ ။

 အေးဂျင်းနဲ့ လဝက ကြား ပြန်ဖို့အတွက်
ကြံဖန် ဝန်ဆောင်နေရက်ကြားက ကောင်တာနံပတ်မှားဝင်တဲ့ သူတွေကြောင့် ဒီလိုဖြစ်ရကြောင်း ကျွန်တော်တို့ သိရှိရပါတယ် ။ 

ဒါက ဘယ်သူမပြုမိမိမှုပါ ၊ အဆင်မပြေတဲ့အချိန်မှာ အဆင်ပြေအောင်ပို့ပေးနေတဲ့ သူတွေရှိနေပါတယ် ။ 

အရေးပေါ်ပြန်ချင်သူတွေအဖို့ ယနေ့တိုင်ပြန်နေကြတာတွေ့ရမှာပါ ။ 

ဆိုတော့ ကျွန်တော်တို့ အသိပေးတဲ့ အချက်အလက်တွေကို သေချာ မှတ်သားကြစေချင်ပါတယ် ။


နောက်ထပ် သတင်းတစ်ခုခု သိရတာနဲ့ ကျွန်တော်တို့ ထပ်မံတင်ဆက်ပေးပါ့မယ် ခင်ဗျာ ။
 

 မလေးရှားရောက်မြန်မာများ 

OFFICIAL FACEBOOK
www.facebook.com/mmrinmy


0 comments:

Post a Comment