CI ဖြင့်ပြန်လိုသူများအတွက် အထူးအစီအစဉ်ပြန်လည်စတင်



CI ဖြင့်ပြန်လိုသူများအတွက် အထူးအစီအစဉ်ပြန်လည်စတင်
*********************************

မလေးရှား
သတင်း - 11.2.2016

မလေးရှားနိုင်ငံ ရောက်မြန်မာနိုင်ငံသားများ အားလုံး မေးနေသည့် CI နှင့်လက်ဗွေ နှိပ်ပြန်ရန် မလေးရှားအစိုးရ၏ ခွင့်ပြုချက်ကို မည်သည့်နေ့တွင် စတင်မည်နည်း ဆိုသည့် မေးခွန်းကို ကျွန်တော်တို့ ယခု ဖြေနိုင်ပြီဖြစ်သည် ။


မလေးရှားအစိုးရ၏ ဘင်္ဂလား အလုပ်သမား ၁.၅ သန်း အားမလေးရှားနိုင်ငံတွင်းသို့ အသစ်သွင်းမည့်အစီအစဉ် ၊ အလုပ်ပြန်လည် ခန့်အပ်ရေး အစီအစဉ် တို့ အကြား မလေးရှားတွင် တရားမဝင် နေထိုင်နေသော နိုင်ငံသားအားလုံးကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည့် အစီအစဉ် အား လာမည့် တနင်္လာနေ့တွင် စတင်မည်ဖြစ်သည် ။


အဆိုပါ အစီအစဉ်ုဖြင့် မလေးရှား နိုင်ငံ ပူထရာဂျာရာတွင် မလေးရှားနိုင်ငံမှ တရားဝင် ထွက်ခွာခွင့် ပြည်ထွက်ခွင့် Special Pass နှင့် Check Out Memo ခေါ် လက်ဗွေစနစ် မှတ်တမ်းတင်ခြင်းကို လည်း တင်္နလာနေ့တွင် စတင်မည်ဟု သိရသည် ။


ယခုအခါ မလေးရှား နိုင်ငံရှိ မြန်မာသံရုံးတွင် တွင်မူ everfine အလုပ်သမားဝန်ဆောင်မှု ဖြင့် လူတစ်ဦးလျှင် လက်ဗွေ နှိပ်ခ ၉၀၀ နှင့် ကားခ ၅၀ စုစုပေါင်း မလေးရှားရင်းဂစ် ၉၅၀ မြန်မာငွေ (သုံးသိန်းခန့်) ကောက်ခံကာ G to G အစီအစဉ် အဖြင့် ဝန်ဆောင်ပေးနေသည်ကို လည်းသိရသည် ။ ထို ၉၅၀ တွင် လေယာဉ်လက်မှတ် အတွက် မပါဝင်ပဲ မိမိဘာသာ အတွက် မိမိ နှစ်သက်ရာ လေကြောင်းကို ဝယ်ယူကာ ပြန်ရမည်ဖြစ်သည် ။


ထိုသို့ မလုပ်ချင်ပဲ မိမိ အစီအစဉ်ဖြင့် ပြန်လိုသူများ အနေဖြင့် သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ တဆင့် လဝကတွင် ဆောင်ရွက်ကာ ပြန်နိုင်သည် ။


မည်သို့ဆိုစေ မလေးရှားနိုင်ငံအစိုးရ၏ Deporting အစီအစဉ် သည် စတင်နေပြီဖြစ်သောကြောင့် ပြန်လိုသူများ မိမိကြိုက်ရာ အစီအစဉ်ဖြင့် ပြန်နိုင်ပြီဖြစ်ကြောင်း သိရှိစေရန် အချိန်နှင့်တစ်ပြေးညီတင်ဆက်ပေးရသည် ။


ယနေ့ ကျွန်တော်တို့ထံစာပို့အချက်လက်မေးမြန်းမှုများတွင် CI နှင့် ပြန်ရန် ဘာလိုပါသနည်းဟု မေးနေသော သူများရှိသည် ။


CI သည် မြန်မာနိုင်ငံသားဖြစ်ကြောင်း စီစစ်ပြီး မှန်ကန်ပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း အစိုးရမှ ထုတ်ပေးသည့် သက်သေခံလက်မှတ်ဖြစ်ကာ မြန်မာသံရုံးတွင် လူကိုယ်တိုင်သွားရောက်ဆောင်ရွက်ရသည် ။

CI လျှောက်ရန် မြန်မာနိုင်ငံသား မှတ်ပုံတင် (မူရင်း (သို့) မိတ္တူ နှင့် သန်းခေါင်စာရင် မိတ္တူ ယူဆောင်ကာ မြန်မာသံရုံး ကွာလာလမ်ပူတွင် ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်သည် ။
 
ထို CI ရပြီးမှသာ မလေးရှားနိုင်ငံ လဝကတွင် Special Pass နှင့် Check Out Memo အတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည် ။

ဆက်လက်ပြီး ပါမစ်လျှောက်ထားလိုသူများအတွက်အစီအစဉ်သည်လည်း ကျွမ်းကျင်လုပ်သား ပြန်လည်ခန့်အပ်ရေး အစီအစဉ်အနေဖြင့် မကြာမီ စတင်တော့မည်ဖြစ်ကြောင်း သိရသည် ။

စတင်ပါက မလေးရှားအစိုးရမှ သတ်မှတ်ချက်များ အတိုင်း တင်ဆက်ပေးမည်ဖြစ်သည် ။


မလေးရှားရောက်မြန်မာများ 
Official Facebook Page

www.facebook.com/mmrinmy


0 comments:

Post a Comment