Facebook ၏ Free Basics ဟု အမည်ပေးထားသော အခမဲ့ အင်တာနက်ကို အိန္ဒိယတွင်
ပိတ်ပင်လိုက်ပါသည်။ အိန္ဒိယနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ကြီးဌာနက Free Basics
သည် Facebook နှင့် ၀န်ဆောင်မှုအချို့ကိုသာ အခမဲ့
အသုံးပြုခွင့်ပေးထားသည့်အတွက် အင်တာနက် ဘက်လိုက်မှုကို ဖြစ်စေသည်ဟု
ယူဆပါသည်။ အဆိုပါ ဥပဒေသည် Free Basics ကိုသာ ပိတ်ပင်ခြင်းမဟုတ်ဘဲ အင်တာနက်
ဘက်လိုက်မှုဖြစ်စေသည့် ကိစ္စရပ်တိုင်းကို ပိတ်ပင်ခြင်းဖြစ်ပါသည်။
အိန္ဒိယက ယခင်နှစ် ဒီဇင်ဘာလတွင် Free Basics ကို ယာယီပိတ်ပင်ခဲ့ပါသေးသည်။ ထို့နောက်တွင် Facebook က လူအများ၏ ထောက်ပံ့မှုရရှိရန်အတွက် စီမံကိန်းများကို ပြလုပ်ခဲ့ပါသည်။ FACEBOOK က BILLBOARDS နှင့် သတင်းစာများတွင် FREE BASICS အတွက် ကြေညာများကို ဒေါ်လာ ၄၅ သန်းနီးပါး အသုံးပြုခဲ့သည်ဟု သိရပါသည်။
FACEBOOK စီအီးအို MARK ZUCKERBERG က THE TIMES OF INDIA တွင် FREE BASICS ကို ခွင့်ပြုပေးရန် အိတ်ဖွင့်ပေးစာကိုပင် ရေးသားခဲ့ပါသည်။ FACEBOOK က FREE BASICS တွင် FACEBOOK သာမက ရာသီဥတုနှင့် ကျန်းမာရေး သတင်းအချက်အလက်များကို ဖတ်ရှုနိုင်မည့် ၀က်ဆိုက်များကို ပံ့ပိုးပေးထားသည့်အတွက် အကျိုးကျေးဇူးရှိသည်ဟု ပြောပါသည်။ အိန္ဒိယတွင် စမတ်ဖုန်ုး အသုံးပြုမှု တိုးတက်လာနေသော်လည်း အင်တာနက် အသုံးပြုသူမှာ နိုင်ငံလူဦးရေ၏ ၁၉ ရာခိုင်နှုန်းသာရှိပါသည်။
Credit to ==> Myanmar Digital Life Journal

0 comments:
Post a Comment