♪ HTC က MediaTek Octa-Core SoC ထည့်သွင်းထားသော Desire 626 ကို မိတ်ဆက် ♫

HTC က အိန္ဒိယတွင် MediaTek Octa-Core SoC ထည့်သွင်းထားသော Desire 626 စမတ်ဖုန်းဗားရှင်းအသစ်ကို မိတ်ဆက်လိုက်ပါသည်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ၅ လက်မ HD (1280x720p) Display တပ်ဆင်ထားပါသည်။ 1.7GHz MediaTek MT6752 SoC မောင်းနှင်မည်ဖြစ်သည်။

HTC Desire 626 Version အသစ်တွင် 2GB RAM, 16GB Internal Storage , 2000mAh Battery တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13 Megapixel Camera ကို LED Flash တစ်ခုဖြင့် တွဲဖက် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် Full HD Video များ ရိုက်ကူးနိုင်သော 5 Megapixel Camera တပ်ဆင်ထားပါသည်။

HTC က လာမည့် ရက်သတ္တပတ်အတွင်းတွင် Desire 626 ကို အိန္ဒိယတွင် ရောင်းချမည်ဟု အတည်ပြုထားပါသည်။ အိန္ဒိယ ရူပီး ၁၄ ၉၉၉ တန်ကြေးရှိပါသည်။ အပြာရောင်နှင့် အဖြူရောင် နှစ်မျိုး ထုတ်လုပ်ပေးထားပါသည်။ Specifications နှင့် ဈေးနှုန်းအရ HTC Desire 626 သည် Motorola Moto G (တတိယမျိုးဆက်) ၊ Moto G Turbo ၊ Lenovo K4 Note ၊ Coolpad Note 3 ၊ LeEco Le 1s ၊ Xiaomi Redmi Note 3 တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment