Huawei မှ နောက်ဆုံးထုတ်ကုန်ဖြစ်သော GR 5 စမတ်ဖုန်းများကို ဇန်န၀ါရီလ ၂၄ ရက်နေ့က မြန်မာပလာဇာ တွင်မိတ်ဆက်ပေးသွားခဲ့ပြီး အဆိုပါနေ့မှစတင်ကာ ဈေးကွက်အတွင်းဈေးနှုန်း ၂၈၉,၀၀၀ိ/- ကျပ်ဖြင့် ၀ယ်ယူရရှိ နိုင်ကြောင်းသိရသည်။
၎င်းစမတ်ဖုန်းတွင်ပါဝင်လာသော လက်ဗွေရာဖတ်စနစ်သည်
လက်ရေစိုနေသည်ဖြစ်စေ၊ ခြောက်သွေ့နေ သည်ဖြစ်စေ မည်သည့်ထောင်မှမဆို (၃၆၀
ဒီဂရီ)ဘက်ပေါင်းစုံ အသုံးပြု နိုင်သည့်အပြင် ၀.၅ စက္ကန့် အတွင်း ဖုန်း Lock
ဖွင့်ခြင်း၊ ဖုန်းဖြေဆိုခြင်း နှင့်နှိုးစက်ပိတ်ခြင်း၊ ဓာတ်ပုံ၊
ဗီဒီယိုများကို မြန်ဆန်စွာ ရိုက်ကူးနိုင်ခြင်း စသည့်လုပ်ဆောင်မှုများကိုပါ
ပြုလုပ်ပေးနိုင်ကြောင်းသိရသည်။ ဒါ့အပြင် fingerprint sensor ပေါ်တွင်
လက်ဖြင့် အပေါ်/အောက်ပွတ်ဆွဲခြင်းဖြင့် notification bar ကိုကြည့်နိုင်၊
ပိတ်နိုင်ခြင်း၊ notification bar ကို ကြည့်နေ ချိန်တွင် fingerprint
sensor ပေါ်သို့လက်ဖြင့် ၂ ချက်ထိလိုက်ပါက notification alert
များကိုဖယ်ရှားပေးမည်ဖြစ်သည်။

မျက်နှာပြင်အရွယ်အစားမှာ
(၅.၅)လက်မရှိပြီး Full HD Display အမျိုးအစား ကို အသုံးပြုပေးထားသည်။ CPU
တွင် Octa Core Processor ပါဝင်မှာဖြစ်ပြီး လုပ်ဆောင်ချက်များကို
မြန်ဆန်စေရန်အတွက် RAM 2GB ကို အသုံးပြု ပေးထားသည်။ ကင်မရာအပိုင်းတွင်
အလင်းဝင်ပေါက် F2.0 ပါဝင်သည့် ကျောဘက်ကင်မရာ 13 MP နှင့် 7 cm
အသေးစားရိုက်ကူးနိုင်သည့် 5MP တို့ကို တပ်ဆင်ပေးထားကာ Slow motion, Time
Lapse နှင့် Food ModeFunction များလည်းပါဝင်ကြောင်း သိရသည်။ Network
အပိုင်းတွင် WCDMA နှင့် GSM network များကို အပြည့်အ၀ထောက်ပံ့ပေးနိုင် မှာ
ဖြစ်ကာ Internal stroage 16 GB ထည့်သွင်းပေးထားသည်။ အရောင် အနေဖြင့်
ရွှေရောင် တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပေးထားပြီး Android Version 5.1
Lollipop ကို အသုံးပြုပေးထားသည်။

ရဲလင်းစိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်







0 comments:
Post a Comment