ဘာလီကျွန်းက Iron Man








ဘာလီကျွန်းက Iron Man အစစ်
=======================

အင်ဒိုနီးရှားဘာလီကျွန်းက တကယ့် Iron Man

ဒီလူငယ်လေးက ကလေးသုံးယောက်နဲ့ ဇနီးကို ဂဟေဆော်တဲ့ဝပ်ရှော့မှာ အလုပ်လုပ်ကိုင်ပြီး ရှာဖွေကျွေးမွေးပါတယ်။ 

လွန်ခဲ့တဲ့ခြောက်လလောက်က သူ့ ရဲ့ ဘယ်ဖက်
လက်က လေဖြတ်သလိုဖြစ်ပြီး မလှုပ်ရှားနိုင်တော့ပါဘူး။ ဆရာဝန်တွေကလေဖြတ်တယ်လို့ ပြောခဲ့ပါတယ်။ အထက်တန်းကျောင်းမှာသင်ခဲ့ရတဲ့ စက်မှုအင်ဂျင်နီယာအသိကိုအခြေခံလို့  ဦးနှောက်နဲ့ ထိန်းချုပ်တဲ့ စက်ရုပ်လက်ကို တီထွင်ခဲ့ပါတယ်။သူ့ရဲ ဦးနှောက်နဲ့ထိန်းချုပ်ပြီး သူ့ ရဲ့ဘယ်ဖက်လက်ကို လှုပ်ရှားစေပါတယ်။ 


စက်ဘီး၊မော်တော်ဆိုင်ကယ်၊
ကွန်ပြူတာ စတဲ့ မသုံးတော့တဲ့အစိတ်အပိုင်းတွေ ရသမျှကိုစုဆောင်းပြီး သူ့ ရဲ့စက်ရုပ်လက်ကို တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။


သူ့ ရဲ့စက်ရုပ်လက်ဟာ ညာဖက်လက်ထက် ပိုပြီး
သန်စွမ်းတယ်လို့ ဆိုပါတယ်။ အခုတော့ သူဟာ သူ့ မိသားစုကို အလုပ်လုပ်ကိုင်ပြီး
ရှာဖွေကျွေးမွေးနိုင်ပါပြီ။


source: MP4 YoU

 
 

0 comments:

Post a Comment