
Lenovo က K4 Note ကိုမိတ်ဆက်ပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ K5 Note
ကိုမိတ်ဆက်လိုက်ပြန်ပါတယ်။ ဒီလိုစမတ်ဖုန်းမျိုးဆက်သစ် တစ်ခု
ကိုအချိန်တိုအတွင်းမှာရောင်းချတာ ဟာစမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ တော့
ထူးခြားပါတယ်။ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး MediatekHelio P10
SoCမောင်းနှင်မှာဖြစ်ပြီး 64-Bit Octa-Core Processor ပါရှိပါတယ်။
Mali-T860 GPU ထည့်သွင်းပေးထားပါတယ်။ Lenovo K5 Note ဟာ အရွယ်ကြီး Phablet
အမျိုးအစားဖြစ်ပြီး ၅.၅ လက်မ Full HD 1080p LTPS Display တပ်ဆင်ထားပါတယ်။
2GB RAM, 16GB Internal Storage ပါရှိပြီး Storage အပိုထပ်ထည့်ချင်ရင်
microSD Card ကိုထည့်သွင်းနိုင်ပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera
နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ပေးထားပါတယ်။
အလွန်လျင်မြန်စွာအားသွင်းနိုင်တဲ့ နည်းပညာပါတဲ့ 3500mAh Battery
တပ်ဆင်ထားပါတယ်။ Android 5.1 Lollipop ကို Lenovo ရဲ့ ကိုယ်ပိုင် ဆော့ဝဲ
Vibe User Interface နဲ့ ပေါင်းစပ် ထားပါတယ်။
အရွယ်အစားအပြည့်အစုံမှာ152 x
75.7 x 8.49mm ဖြစ်ပြီး Dual-SIM Smartphone ဖြစ်ပါတယ်။ 4G LTE နဲ့
VoLTE ဆက်သွယ်မှုများကို အထောက်အပံ့ပေးပါတယ်။ ဓါတ်ပုံများရိုက်ကူးခြင်း နဲ့
ငွေပေးချေမှုများကို လည်းအသုံးပြုနိုင်တဲ့ Fingerprint Sensor
ကိုအနောက်ဘက်မှာတပ်ဆင် ထားပါတယ်။ အနောက်ဘက် တွင် Dolby Surround Sound
Effect နည်းပညာပါရှိတဲ့ 1.5W စပီကာကိုတပ်ဆင်ထားပါတယ်။
တရုတ် ယွမ် ၁၀၉၉
(ဒေါ်လာ ၁၆၇) တန်ကြေးရှိပြီးတရုတ်မှာဒီတစ်ပတ်ထဲမှာ စတင်
ရောင်းချပေးမှာဖြစ်ပါ တယ်။ ရွှေနဲ့ ငွေရောင်များကို ရွေးချယ်နိုင်ပါတယ်။
Mobile Guide Journal (Every Monday)






0 comments:
Post a Comment