♪ MWC 2016 တွင် သတ္တုကိုယ်ထည် ပါဝင်သော စမတ်ဖုန်းသစ်ကို Lenovo မိတ်ဆက်မည် ♫


ပြီးခဲ့သည့်လက တရုတ်ဈေးကွက်အတွက် Lenovo က မိတ်ဆက်ပေးခဲ့သည့် Lemon 3 စမတ်ဖုန်းကို မကြာမီတွင် နိုင်ငံတကာဈေးကွက်၌ တွေ့မြင်ရဖွယ်ရှိသည်။

Lenovo သည် လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် MWC 2016 ပြပွဲ၌ မိတ်ဆက်ပြသမည့် ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းဟန်းဆက်မှာ Lemon 3 နှင့် အလွန်ဆင်တူသည်။
Xiaomi Redmi 3 နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော Lenovo Lemon 3 ၏ တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဝန်းကျင်သာရှိသည်။

Lemon 3 တွင် ၅ လက်မ 1080p touchscreen, 13MP ကျောဘက်ကင်မရာနှင့် 5MP selfie ကင်မရာအပြင် Qualcomm Snapdragon 616 SoC, 2GB RAM, 16GB storage, LTE support, dual-SIM နှင့် 2,750mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။ ၎င်းကို Android 5.1 Lollipop ဖြင့် အသုံးပြုနိုင်သည်။

Ref: AndroidAuthority
Credit to ==> Internet Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment