♪ ဈေးနှုန်းချိုသာသောဖုန်းများကို စိတ်ဝင်စားသူများအတွက် - “Singtech P550” ♫


Singtech အမှတ်တံဆိပ်ဖုန်းအများစုသည် အရည်အသွေးကောင်းမွန်သလို ဈေးနှုန်းလည်း အရမ်းမကြီးလှပါဘူး။ ပြည်တွင်းသုံးစွဲသူများနဲ့ သင့်လျော်မှု ရှိအောင် ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ထုတ်လုပ်ရာ နိုင်ငံကတော့ စင်ကာပူဖြစ်ပါတယ်။ Singtech တွင် P550 နည်းတူ Z550 ဆိုသော စမတ်ဖုန်းလည်းရှိပါတယ်။ Z550 နှင့် P550 ဟာ မျက်နှာပြင် အကျယ်အ၀န်း 5.5 inches ရှိခြင်းတော့တူညီပါတယ်။

P550 ရဲ့ 5.5 inches မျက်နှာပြင်တွင် 540×960 Pixels နဲ့ ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့ အရွယ်အစား ပမာဏကတော့ 154.3 × 77.7 × 8.15 mm ဖြစ်ပါတယ်။ ထောက်ပံ့ ပေးထားသော Network အမျိုးအစားမှာ GSM နှင့် WCDMA ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ခြင်း ကြောင့် ဆင်းကတ်များစွာ ကိုင်ဆောင်သုံးစွဲနေကြသူများ၊ အလုပ်ကိစ္စ နှင့်ကိုယ်ရေးကိုယ်တာခွဲခြား၍ ဖုန်းကိုင်ဆောင်ထားသူများ အဆင်ပြေစေ ပါလိမ့်မယ်။ P550 နှင့် Z550 ဟာကင်မရာပိုင်းနဲ့ပတ်သက်၍ အနည်းငယ် ကွဲပြားသွားပါတယ်။

အနောက်ဘက်ကင်မရာသည် 8MP စွမ်းရည်ချင်း တူညီပေမယ့် ရှေ့ကင်မရာမှာတော့ Z550 က 8MP စွမ်းရည်ဖြစ်ပြီး P550 သည် 2MP စွမ်းရည်ဖြစ်ပါတယ်။ P550 ရဲ့ ဖုန်းကိုယ်ထည်ဟာ ထူးခြားလှပသော အသွင်ဒီဇိုင်းရှိပါတယ်။ ဖုန်းအနောက်ဘက်ကာဗာတွင် အဓိကကင်မရာ၊ Flash မီးနှင့် Button တို့ကို အထက်အောက် ဒီဇိုင်းဖော် ပေးထားပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် ဖြန့်ချိရာဒေသပေါ်မူတည်၍ RAM ပမာဏ သည် 512 MB နှင့် 1 GB ဆိုပြီးကွဲပြားသွားပါမယ်။ ဖုန်းတွင်းမှတ်ဥာဏ် ပမာဏကတော့ 8GB ပါရှိပါမယ်။ Sensor စနစ်များ၊ ဖျော်ဖြေရေးပိုင်းနှင့် ပတ်သက်သောစနစ်များ အစရှိသည်တို့ကိုလည်းသုံးစွဲနိုင်ပါမယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားသည် Li-Ion 2600 mAh ဖြစ်ခြင်း ကြောင့် ဖုန်းကိုကြာရှည်စွာအသုံးပြုနိုင်ပါတယ်။

<Specification>
Network - GSM/ WCDMA
Screen - 5.5 inches
Memory - 8GB
Bluetooth - Yes
CPU - Quad Core 1.3 GHz
OS - Android OS
Contact - 01-2399900
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment