♪ ဈေးနှုန်းချိုသာပြီး ထူးခြားတဲ့ဒီဇိုင်းရှိတဲ့ ကိုရီးယားထုတ် Smart Phone Marcus Neo ♫


Display - 5” ( 1280×720 )
Processor - 1.3 GHz Quad-core
SIM type - Dual SIM
RAM/Storage- 1GB,8GB,Micro SD Expandable
Camera - 5 MP , 2MP
OS - Android 5.1 Lollipop
Battery - 2000mAH
Contact - 09254166573


Price - 120,000Ks
မြင်နေကျ Android စမတ်ဖုန်းတွေရဲ့ပုံပန်းသွင်ပြင်နဲ့တော်တော်လေးကို ထူးခြား ခွဲထွက်ပြီး ဆန်းသစ်ဖောက်ထွက်တဲ့ ဒီဇိုင်းရှိကာ ဈေးနှုန်းလည်းသင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။အသိသာဆုံးသွင်ပြင် လ္ခဏာကတော့ screen-to-body ratio ကြီးမားတဲ့ အတွက် ရှေ့ မျက်နှာပြင်မှာဘေးဘောင်ကိုမမြင်ရသလောက်နီးနီးဖြစ်နေတာပါပဲ။ အရွယ်အစား 144×71.5×7.8mm နဲ့ကျစ်လျစ်သပ်ရပ်ပြီးခေတ်မီတဲ့ ဒီဇိုင်းရှိပါတယ်။ထောင့်ဖြတ် ငါးလက်မအရွယ် Screen က စောင်း ပြီးအကြည့်ခံတဲ့ IPS အမျိုးအစားဖြစ်ပြီး Resolution 1280×720 ရှိတယ်။ဒါကို HD အဆင့်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ Pixel သိပ်သည်းဆအနေနဲ့ 293 ppi ရှိပါတယ်။

ဒီနေ့ခေတ်ကာလအနေအထားနဲ့လျော်ညီစွာ SIM Card နှစ် ကတ်ထိုး Dual SIM သုံးလို့ ရတယ်။ကွန်ရက်စနစ်က ပြည်တွင်း GSM/WCDMA 2G/3G လိုင်းတွေမှာ အဆင် ပြေပြေသုံးစွဲလို့ ရပါတယ်။အလယ် အလတ်တန်းစားအဆင့်ရှိတဲ့ Spreadtrum SC 7731 Quad-core CPU က အမြန်နှုန်း1.3 GHz ရှိပါတယ်။ RAM အနေနဲ့လည်း 1GB ဆိုတာနေ့စဉ်သုံးစွဲမှုတွေအတွက်လုံ လောက်ပါတယ်။ Storage 8 GB ပါရှိပြီး micro SD ကတ်ကနေ ထပ်မံ ချဲ့ထွင်လို့ရပါတယ်။ AAC Speaker ကလည်း အသံ ထွက်အား ကောင်းမွန်ပါတယ်။

ဒီလိုmid-range အတန်းအစား စမတ်ဖုန်းအတွက် ကင်မရာက အထူးတလည် ကောင်းမွန်တယ်လို့ဆိုရမယ်။ 5MP ပင်မ ကင်မရာမှာ BSI sensor ပါရှိပါတယ်။ ပြီးတော့HDR ကိုလည်း အထောက် အပံ့ ပေးထားပါသေးတယ်။ရှေ့ဘက်မှာတော့ 2MP နဲ့သင့်တင့် ကောင်း မွန်တဲ့ Selfie ဓာတ်ပုံတွေရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Android 5.1 Lollipop ကလည်းနောက်ဆုံးနီးပါး OS Version ပဲဖြစ်ပါတယ်။ အခြား စွမ်းဆောင် ရည် တွေအနေနဲ့ 802.11b/g/n နဲ့ Wi-fi Direct/Miracast လုပ်ဆောင်နိုင်စွမ်း ပါရှိတယ်။ ဆိုလိုတာကဖုန်း Screen အပေါ်ရှိသမျှအဆင့်မြင့် TV တွေအပေါ် အလွယ်တကူ ကူးပြောင်း ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ Bluetooth 4.0 LE,GPS နဲ့ proximity sensor,gravity sensor,FM radio စသည်ဖြင့်ပါသင့် ပါထိုက်တာတွေ ပါဝင်တယ်။ Battery သိုလှောင်အားက 2000 mAHh ရှိပါတယ်။ ဒီဇိုင်းအရ အများနဲ့ခွဲထွက်ပြီးစွမ်းဆောင်ရည်သင့်တင့်ကာ ဈေးနှုန်းလည်းသက်သာတဲ့ ဖုန်းကို အလိုရှိသူတွေအတွက် သင့်တော်ပါတယ်။

Credit to ==> Myanmar Digital Life Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 







www.pyaephyo.com

0 comments:

Post a Comment